Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အောက်တိုဘာ အကောင်းဆုံး ပို့စ်အတွက် အကြိုရင်ခုန်စရာ

အောက်တိုဘာ အကောင်းဆုံး ပို့စ်အတွက် အကြိုရင်ခုန်စရာ

 

အင်းလျားရေပြင်ပေါ် ဖြတ်သန်းတိုက်ခတ်လာတဲ့ လေကလေးက အေး မြ လို့ ၊

( ဦး………..မပြန်နဲ့ဦးနော် )

( အင်းပါ….ဦးက ဘာလို့ ပြန်ရမှာလဲ?…..ဟိုးမှာ ကြည့်ပါဦး…….ငှက်ကလေးတွေကပျံလို့… အင်းလျားရေပြင်ကြီးကလည်း…..လှလို့…….

ချစ်ဖို့ ကောင်းတယ်နော်…..)

( ဘာ..ဘယ်လို……ဦးက ဒါတွေကိုချစ်တယ်…….  ဒါဆို…….ဒါဆို…….ဦးဘေးက………ဦးဘေးက……… )

( ဪ……ကလေးရယ်…….ဒါက ပတ်ဝန်းကျင်အလှကို ပြောတာပါ……..ဦးရင်ထဲမှာကတော့……….

ဘယ်သူရှိမလဲ………….သိရက်သားနဲ့ကွာ………… )

( ဟင်..ဦးက လေ……ဦးက စကားအရမ်းတတ်တာပဲ အင်းပေါ့လေ…..ဒါကြောင့်လဲ….ဒီက ဦးကို မခွဲနိုင်တာပေါ့………. )

( ဒီလိုလား……….ဒီလိုဆို………..လာထား………..အာဘွား………….. )

( ဟင်  ဦး က လူဆိုး ပဲကွာ )

အဖေကြီး………….အဖေကြီး………….

ဟဲ့   သောက်တလွဲ ၊ ငါ့သားအသံပါလား ၊

( အမ်……..ဘာ….ဘာလဲ……. )

( အဖေကြီး ဖုန်းလာနေတယ်….. )

သေစမ်းကွာ……အာဘွား ဘဝတောင်မရောက်လိုက်ရဘူး

ဆိုးလှတဲ့ဘဝ….

အိပ်မက်လှလှတောင် မမက်ရပါလားကွယ်………ခြေရင်းက  နာရီကို ကြည့်လိုက်တော့…..မနက် ၆ နာရီ……..

ဟောဗျ ဒီအချိန်ကြီး…..

ဖုန်းကို လှမ်းကိုင်ပြီး  ခေါ်သူကို ကြည့်တော့…. Kyeemite……တဲ့

ဒုက္ခ…..ကိုမိုက် ဘာဖြစ်ပါလိမ့်…………

( ဟုတ်……ကိုမိုက်……ပြော… )

( ကိုမျိုးရေ….မနက်စောစော နှောင့်ယှက်သလိုများ….ဖြစ်သွားလားဗျာ )

ဒင်းက နှောင့်ယှက်တာမဟုတ်ဘူး… အိပ်မက်လှလှကိုပါ ဖျက်ပစ်တာ….လူဆိုး   🙂

ဒါပေမယ့် သူက ဥက္ကဌ ဆိုတော့လည်း……..

( ဪ…ရပါတယ်…ကိုမိုက်ရယ်…ကျနော်နိုးနေပါပြီ ပြော..ကိုမိုက် )

( ဒီလို ကိုမျိုးရေ….အခု နိုဝင်ဘာထဲ ရောက်နေပြီဆိုတော့…အောက်တိုဘာ ပို့စ်တွေထဲက ဆန်ကာတင်ရယ် အကောင်းဆုံးရယ်

ကျနော်တို့ ဖတ်ရွေးတွေက ရွေးပြီးတင်ရတာလေ…

အဲဒါ ကိုမျိုးရေ…ကျနော်တို့ ဖတ်ရွေးတွေမှာလည်း…ကိစ္စများမြောင် လူတို့ဘောင် ဖြစ်နေလို့ဗျာ….

အဲဒါ ဆန်ကာတင်စာရင်းကို ကျနော်တို့ လုပ်ထားပြီးသား…အဲဒါလေး…

ကိုမျိုးက နိဒါန်းလေးနဲ့ ကူညီပေးပါဗျာ…

ဒီမှာ မဒမ်မိုက်ကလည်း..သူ့ကိစ္စတွေ ကျနော် ကူပေးရဦးမှာမို့…..ရက်ကလည်း ကပ်နေလို့ပါ… )

ဪ ..ကိစ္စများမြောင် လူတို့ဘောင်တဲ့ ၊   ကျုပ်ကတော့ နတ်ကျနေတာပဲ…လှပလွန်းတဲ့ အိပ်မက်ပျက်ရတဲ့ကိစ္စနဲ့တင် တင်းနေတာ

( ဟုတ်   အဲဒီတော့… )

( အဲဒီတော့ ကိုမျိုးရယ်…ကိုမျိုးက ပြောဘူးတယ်လေ…ကျနော်က မနက် ၉ နာရီ ရုံးရောက်၊ ဂဇတ်နဲ့ FB ဖွင့်၊ ဂျီမေလ်းဖွင့်၊ သတင်းဆိုက်ဖွင့်..

ညနေ ၅ နာရီ အထိလို့ ပြောဘူးလို့…အဲဒါ..    ကျနော်က အိမ်ကိစ္စ စက်ရုံကိစ္စတွေနဲ့ ဒီရက်ထဲ ဘယ်လိုမှ မလှုပ်အားလို့…

ကိုမျိုးကို အကူအညီတောင်းတာပါ…ကိုမျိုးရယ်…..ကျနော်တို့က ကမာရွတ်မှာ နေကြသူချင်းလေ )

အမ်…လာပြန်ပြီ….အင်း…….ပြန်စဉ်းစားတော့လည်း..သူက ကမာရွတ်

မြကန်သာ အိမ်ရာ…. ကျနော်က ကမာရွတ်၊ ပြည်ရိပ်မွန် အိမ်ရာ….အင်း …အင်းပါ ဟုတ်ပါတယ်လေ…

ဘယ်တုန်းကတည်းက အကြံအစည်နဲ့မှတ်ထားလည်း မသိပါဘူး…

ကဲ..ကဲ…ထားပါတော့လေလို့ စဉ်းစားနေတုန်း.

( ကိုမျိုးရယ်.. ဒီအခုရေးရမယ့်ပို့စ်က အောက်တိုဘာ အကောင်းဆုံး ဘယ်သူလဲဆိုတာ ရွေးရမှာဆိုတော့…ကိုမျိုးက

အောက်တိုဘာထဲမွေးတဲ့သူလေ..  အောက်တိုဘာအကောင်းဆုံးပို့စ်ကို…

အောက်တိုဘာ မွေးတဲ့သူက ကြေငြာပေးတော့ ပိုပြီး မိုက်တာပေါ့ဗျာ…ဟုတ်တယ်ဟုတ်…. )

အမယ်… ကျုပ် အောက်တိုဘာ မွေးတာတော့ ဒင်းက သိပြန်ပြီပေါ့…ကျုပ်မွေးနေ့တုန်းကတော့ ဘတ်ဒေးဝစ်ရှ်လေးတောင် မလုပ်ပဲ….

အဲ…အဲ…ဒါတင် ဘယ်ကမလဲ..အောက်တိုဘာမွေးတာ ရွာသားထဲက အထင်ကရ ၂ ယောက် ရှိသေးတယ်လေ….

ကိုအမတ်မင်းနဲ့ ကိုဘလက် တကယ့်ဝါရင့် ရွာသားဟောင်းကြီးတွေ…

( ကိုမိုက်..အဲသလိုဆိုဗျာ…အောက်တိုဘာ မွေးတာ ကိုအမတ်တို့ ကိုဘလက်တို့ ရှိတယ်လေ)

( ကိုမျိုးရေ…ကျနော်ဆက်ပြီးပါပြီ… ကိုအမတ်ကလည်း ခရီးထွက်မယ်ဆိုလား…

ကိုဘလက်ကလည်း မိန်းမအကြို့အပို့နဲ့ မအားဘူးဆိုလား…အဲဒါကြောင့်ပါဗျာ. .)

ဪ..ကိုမိုက်ပြောမှ ကိုယ့်ကိုယ်ကို ဝမ်းနည်းလိုက်တာ…ခရီးသွားစရာလည်းမရှိ…ကြိုစရာမိန်းမလည်းမရှိ….ငုံးတိတိငါ….. အတော် သနားစရာပါလားကွယ်….

ကိုအမတ်က ခရီးသွား

ကိုဘလက်က ဇနီးမယား

အဲသလိုဆို ကျုပ်ကလည်း သမီးသားတွေနဲ့ ရုန်းနေရတာပဲလေ ၊

ဪ ဒါပေမယ့် လူပျိုကြီး ကိုအမတ်ခမျာမလဲ ဝါကျွတ်ပြီဆိုတော့ စိတ်ထဲ မရိုးမရွနဲ့ ထိုင်မရ ထမရ ဖြစ်ချင်ဖြစ်နေမှာ ၊

ကိုဘလက်ကျပြန်တော့လည်း မိန်းမနဲ့ အဆင်ပြေမှ ဆိုင်လေး ဘာလေးသွားရတာ အဆင်ချောမပေါ့ ၊

( ကိုမျိုးရယ်… ကိုမျိုး ဒီရွာကို ဘယ်လောက် သံယောဇဉ်ရှိတယ်ဆိုတာ ကျနော်သိပါတယ်ဗျာ…….. )

လာပြီ….လာပြီ….ချုပ်ချက်တွေ……..

( ဒီတော့ ကိုမျိုးရယ်…..ဒီလအတွက် အဆင်ပြေအောင်လုပ်ပေးပါ…….ဒီလိုလုပ်ဗျာ…

ကိုမျိုး…..အဲဒီ အောက်တိုဘာ အကောင်းဆုံးဆု ကြေငြာပြီးသွားတဲ့ ၁၅ ရက်နေ့ညမှာ ကိုမျိုးကို ကျနော် ဘီယာ တစ်ဂျားရယ်၊ ဆတ်သားမွကြော်လေးရယ်နဲ့

စူပါဝင်း မှာ ပြုစုပါ့မယ်ဗျာ…… )

(ဟား…ဟား…ဟာ… ဘယ်ရမလဲ ကိုမိုက်ရယ် ဘီယာတစ်ဂျားက နံကြားတောင်မကပ်ဘူး.. )

( ကဲ  ကဲ   ဒီတော့ KTV တစ်ဆက်ရှင်ပါပို့ပေးမယ်ဗျာ  ၊ ကျုပ်တို့ သွား ဟဲကြတာပေါ့ ၊ ကိုမျိုးသန့်ဖြစ်ချင်တောတွေ ဖြစ်ရမယ်ဗျာ. ….)

အမယ်လေး…ငါ့အကြိုက်တွေကို ဘယ်တုန်းကတည်း သုတေသန လုပ်ထားလဲ မသိပါဘူး ၊

ကဲပါလေ…ကိုယ်ကလည်း သံယောဇဉ်ကြီးတတ်တဲ့သူ…ဆိုတော့ ….ဘီယာကြောင့်…KTV ကြောင့် ဟုတ်ဘူးနော်…

.တော်ကြာ အောက်တိုဘာ အကောင်းဆုံးပို့စ်ကို မတင်နိုင်ရင် မျှော်လင့်နေတဲ့သူတွေ…သူတို့အတွက်

စဉ်းစားရမယ်လေ…ဘီယာက တစ်ဂျားဖြစ်ဖြစ် နှစ်ဂျားဖြစ်ဖြစ်….KTV ပဲ ဖြစ်ဖြစ်……. ကိုယ့်ဟာကိုဖြစ်ပေမယ့်…..

သူကလည်း…ထောင်ထွက်ကြီးမိုက်…ဆိုတဲ့ နာမည်ကြီးနဲ့ဆိုတော့…ကျနော် ကြောက်မိပါတယ်..

သူက ရွာထဲတင် မဟုတ်ပဲ ဆင်ရေတွင်းမှာလဲ လူမိုက်ပဲ ဖြစ်ချင်ဖြစ်နေမှာ ၊

တော်ကြာ  ကျနော့်ကို ဆင်ရေတွင်းနား မလာရဆို ဒုက္ခ ၊ .ဒီတော့ …ဒီတော့…

( ကဲ…ကိုမိုက်ရေ ကျနော် ဘယ်လို လုပ်ပေးရမလဲ )

( ကိုမျိုးရေ ၊ ကိုမျိုးဆီ မေးလ်ပို့ထားပါပြီ ၊ ကျေးဇူးပါနော့ )

ကိုင်း  ပိုင်ချက်ဗျာ ၊ မေးလ်တောင် ပို့ပြီးပြီဆိုပဲ ၊ ကဲ ကဲ အိပ်ရာကထ ရုံးကိုကြွ ကိုးနတ်ရှင်နဲ့ နပမ်းလုံးပြီးသကာလ

ဆန်ကာတင်ပို့စ်တွေကို ကြေငြာပါပြီခင်ဗျာ ၊

အောက်တိုဘာလအတွက် ဆန်ခါတင်စာရင်းမှာ ရွာသူရွာသား ၁၄ ယောက်ရဲ့    ပို့စ်ပေါင်း ၁၆ ပုဒ်ပါရှိပါတယ် ၊

ဆန်ခါတင်စာရင်းဝင် (  ကေဇီ ၊ မမ ၊ မောင်မာဃ ၊ ပဒုမ္မာ ၊  alinsett   ၊  ကျော်စွာခေါင် ၊ အိတုန် ၊ Don Juan Ronald ၊ သော်ဇင် လွိုင်ကော် ၊ နန်းတော်ရာသူ

၊ မောင်ဘလှိုင် ၊  ၊ ကိုပေါက် မန္တလေး ၊ စွယ်တော်ရွက် ) တို့

စတင်ရင်ခုန်နိူင်ကြပါပြီခင်ဗျား ၊

ကေဇီနဲ့ Cat Cat လန် အလွဲများးးးးး
KZ

https://myanmargazette.net/187507

 

ရေကျိုငါးပိအလုပ်ရုံဆွေးနွေးပွဲ
Ma Ma

https://myanmargazette.net/187225

 

2013 မှာ ပျောက်ဆုံးသွားတဲ့ နည်းပညာပစ္စည်း (၁၀) မျိုး
Mr. MarGa

https://myanmargazette.net/187798

 

ကကြီးအကြောင်း တတို့နှစ်တို့(၁)KATRI
padonmar

https://myanmargazette.net/188047

 

ကျနော် ခြစ်သော…မျို ့တစ်မျို ့
Alinsett

https://myanmargazette.net/188002

 

စားပွဲထိုးလေးရဲ ့သူငယ်ချင်း ( အစ အဆုံး )
ကျော်စွာခေါင်

https://myanmargazette.net/188043

 

စိတ်ဧ။် ကျန်းမာခြင်းတို့နှင့် ပြည့်စုံပါရစေ
etone

https://myanmargazette.net/186824

 

ထိုင်ဝမ်နိုင်ငံမှကြောင်ရွာ
Don Juan Ronald

https://myanmargazette.net/186858

 

ဖန်ခွက်ကလေးများ
သော်ဇင်(လွိုင်ကော်)

https://myanmargazette.net/186786

 

ဘုရင့်နောင် ဖောင်ဖျက်(သို့)ဆုတ်သာတက်သာ (Do or Die Vs Plan B)
padonmar

https://myanmargazette.net/187282

 

မစိန်ရီ ပုစွန်မမြူးပါ
သော်ဇင်(လွိုင်ကော်)

https://myanmargazette.net/187301

 

အဖေ့ရဲ့ပီစီအို
•*¨နန်းတော်ရာသူ •*

https://myanmargazette.net/187323

 

အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း(၁ မှ ၈၄)
မောင်ဘလိူင်
https://myanmargazette.net/187892

 

နောက်များတစ်ခါ..

https://myanmargazette.net/187947

 

လှေပျက်နဲ့အတူ ခရီးဆက်ခဲ့ကြသူများ
ကိုပေါက် (မန္တလေး)

https://myanmargazette.net/186761

 

စွယ်တော်ရွက်ရဲ့ဘဝမှာ ပထမဦးဆုံးပုံနှိပ်ဖေါ်ပြခြင်းခံရတဲ့ဆောင်းပါး။
Swal Taw Ywet

https://myanmargazette.net/186768

 

 

( ကိုမိုက် ၊ ကိုအမတ် ၊ ကိုဘလက်  နာမည်တွေ ထည့်ရေးလို့ စိတ်မဆိုးနဲ့ဦးနော့  )     🙂

26 comments

  • KZ

    November 7, 2013 at 3:52 pm

    လက်ခုတ်တီးဖို့ ရလာဒ်ကို စောင့်မျှော်နေကြောင်းပါ။

    🙂

  • kyeemite

    November 7, 2013 at 3:56 pm

    နာမည်သုံးလို့ စိတ်မဆိုးပါဘူးဗျာ…
    ခီများကိုဖုန်းဆက်တာ မနက်၆ နာရီပါ
    ညနေ၆နာရီမဟုတ်ပါဘူး..ဒီတော့ ကြီးမိုက် မူးမနေတာ သေခြာတယ်..

    ( ဒီတော့ ကိုမျိုးရယ်…..ဒီလအတွက် အဆင်ပြေအောင်လုပ်ပေးပါ…….ဒီလိုလုပ်ဗျာ…
    ကိုမျိုး…..အဲဒီ အောက်တိုဘာ အကောင်းဆုံးဆု ကြေငြာပြီးသွားတဲ့ ၁၅ ရက်နေ့ညမှာ ကိုမျိုးကို ကျနော် ဘီယာ တစ်ဂျားရယ်၊ ဆတ်သားမွကြော်လေးရယ်နဲ့
    စူပါဝင်း မှာ ပြုစုပါ့မယ်ဗျာ…… )

    ဒီစကားပြောမိရဲ့လားဆိုတာ ဇဝေ ဇဝါရော၊ ဇဝေ ဇနီတွေရောဖြစ်နေလို့.. 😀

  • kyeemite

    November 7, 2013 at 3:58 pm

    ဘာပဲ ဖြစ်ဖြစ်ပါလေ..အကောင်းဆုံးပို့စ်ကြေငြာပေးတဲ့ ကိုမျိုးသန့်ကို ကျေးဇူးအကြီးကြီးတင်ပါတယ်ဗျ..
    🙂

    • Myo Thant

      November 7, 2013 at 4:07 pm

      ကိုမိုက်နော် ပြောပြီးစလစ် နံပါတ် တစ် ပဲ ၊

      ဟဲ ဟဲ စတာပါ ကိုမိုက်ရေ ၊ ဒါနဲ့ ပို့စ်ထဲက လင့်ခ်တွေက တိုက်ရိုက်သွားမရတဲ့ပုံပဲ ၊

      ကျနော် အဲဒစ်လုပ်ကြည့်ဦးမယ် ၊

  • TNA

    November 7, 2013 at 4:03 pm

    လက်ခုတ်တီးရန် ရင်ခုန်စွာစောင့်မျှော်လျှက်

  • alinsett

    November 7, 2013 at 4:14 pm

    ဟုတ်ကဲ့
    ကျွန်တော်လည်း
    ဆု ဘယ်သူရမလဲ
    ရတဲ့သူအတွက် လက်ခုပ်တီးဖို ့ အသင့်ပြင်ထားလိုက်ပါပြီ

    ကိုယ့် ပိုစ့်လည်း ပါတယ်ဆိုတော့ ရင်လည်း ခုန်မိသား

    :kwi:

  • lele kyi

    November 7, 2013 at 4:39 pm

    ဦးမျိုုး ရဲ့ ဟင့်န်အရဆိုရင် ပီစီအို လို့ထင်တယ်။ 🙂

  • padonmar

    November 7, 2013 at 6:40 pm

    ကျမ နားစွန်နားဖျားကြားမိတာတော့ ဦးမိုက်က ဒီလ ဖတ်ရွေးပေးတဲ့ သူတွေကို လာမယ့် တနင်္ဂနွေမှာ နန်းပြားသုတ် ရှယ် ကျွေးမယ်၊ကော်ဖီတိုက်မယ် ဆိုလားလို့။

    • Mr. MarGa

      November 7, 2013 at 8:59 pm

      အွမ်
      ဒါဆို သားတို့ ပါတော့ဝူး ပေါ့….. 🙂

  • ဖျားဖျား ယင်တွေခုန်လိုက်တာနော်….
    (ယင်တွေခုန်ရတဲ့အထဲတစ်ခုတွေးပူမိတာက ဆုရခဲ့ရင် ကျောက်စ်မင်ဂါဆောင်မှာသီချင်းဆိုပြမယ်လို့
    ကလေးတွေကိုကတိပေးထားမိလေခြင်း)
    😀
    နောက်တာပါ….ရနိုင်ခြေအများကြီးကြားးး

  • Mr. MarGa

    November 7, 2013 at 7:51 pm

    ဆယ့်ငါးရက်နေ့ကို စောင့်ကာ…
    ရင်ခုန်ပါမည်…
    (ကိုယ့်အတွက်တော့ ဟုတ်ပါဘူး သူများတွေအတွက်ပါ။) :kwi:

  • အရီးခင်

    November 7, 2013 at 8:20 pm

    လက်သွက်လိုက်တဲ့ ကိုမျိုး။
    ငါမအို သေး လို့ အော်ပြီး ကြွေးကို အမြန်ရှင်းလိုက်သပေါ့လေ။ 😉
    စကာတင်များ အားလုံး Congratulations ပါ။

  • ခင် ခ

    November 7, 2013 at 9:05 pm

    ရောက်ပါပေါ့ အောက်တိုဘာဆုရယ်
    နောက်နှစ်ခါတော့ ရွှေးကာပြုတယ်
    ပြီးရင်တော့ ခြောက်လပြည့်တကယ်
    ဆုံကြအုံးမှာ တတိယအကြိမ်ဝယ်။

  • ဦးကျောက်ခဲ

    November 8, 2013 at 8:25 am

    ဦးဦးမျိုးကလေ… အားဂျီး ရင်ခုန်အောင်လုပ်တယ်…
    မဟုတ်မှလွဲရော… ကျောက်စ် မှန်းထားတာက… ဟိုတစ်ယောက်…
    အင်းလေ… မဟုတ်မှတော့လည်း… လွဲမှာပေါ့… အား ဟိ
    😀

  • မဟာရာဇာ အံစာတုံး

    November 8, 2013 at 10:46 am

    အော် ..
    ဟိုလူဂျီးနှယ် ..
    ဒီလူဂျီး အိပ်မက် ကောင်းဒုန်းချိဒေးဒယ် ..
    သာသနာဖျက် လုပ်ဒယ် …

    ဖိုင်ဒယ်ဝေးးးး
    ဆကာတင် ပါသူအပေါင်းအား ..
    သာဒု .. သာဒု .. သာဒု .. ပါလို့ ..

  • အရိပ်စစ်

    November 8, 2013 at 4:15 pm

    လက်ရွေးစင်များနဲ့ အတူ တူတူရင်ခုန်သွားပါတယ်
    ပြောသော ပြောရတာ
    ကောင်းတာတွေကတော့ အကုန်လုံးကောင်းကြတာနော….

  • Ma Ma

    November 8, 2013 at 6:27 pm

    သန်းကြွယ်သူဌေးလည်း ဖြစ်ချင်တယ်။
    ကျောက်စ် မင်ဂါဆောင်မှာလည်း သီချင်းနားထောင်ချင်တယ်။ 🙂

    • ဦးကျောက်ခဲ

      November 8, 2013 at 7:07 pm

      အခါတော်ပေး ဖျူဖျူကြော်သိမ်း ပါခင်ဗျ…
      ဆက်ဆက်ကြွခဲ့ပါ အန်တီမာမား…
      😀

      • Ma Ma

        November 9, 2013 at 7:56 am

        အဟမ်း အဟမ်းးးးးး
        ဖိတ်စာက ဘယ်မှာနေမှန်းမသိ မဖိတ်ဖိတ်အောင် အတင်းကို ဝင်ရကျိ ုးနပ်ပါပေတယ်။ 😀

  • padonmar

    November 9, 2013 at 1:00 am

    အိုး …ဦးကျောက်ကလည်း
    ကြော်ငြာအတင်းဝင်နေသကိုး။

  • ရင်ခုန်စောင့်စား
    ကိုပေါက် က အမြဲလွဲတတ်တော့
    သိပ်မမျျော်တော့ပါ
    ကိုယ့်ထက်ကောင်းတဲ့သူတွေ များပါ၏

  • ဗုံဗုံ

    November 9, 2013 at 10:59 am

    ဘယ်ဒူရရ မုန့်ကျွေးဖို့သာ ပြင်ဆင်ထားစေလိုကြောင်း…… :mrgreen:

  • ရဲစည်

    November 9, 2013 at 12:40 pm

    ဒီလမှာ ၂ဆုပေးဖို့ ဖတ်ရွေးလူကြီးမင်းများအား တောင်းဆို အကြံပြုပါတယ်ခင်ဗျ
    ဇာတ်လမ်းတွဲရေးသူတွေ ဘာသာပြန်တွေကို တဆုပေးသင့်ပါတယ်။ အားထုတ်မှုနဲ့ဇွဲ နောက်ပီးတော့ စိတ်ရှည်လက်ရှည်နဲ့ ကိုယ့်မှတ်တိုင် ကိုယ်စိုက်နိူင်တဲ့သူတွေမို့ပါ …။

    မနန်းတော်ရာသူ
    ကိုသော်ဇင်
    ကိုဘလှိုင်
    ကြိုက်နှစ်သက်မိပါသည်။

  • ကပ္ပိယ သာဒင်​

    November 9, 2013 at 2:03 pm

    ဆုမရပဲ ကျန်​ခဲ့မည်​့ စာမူများကို ​…..နှ​မြော ပါ၏။

  • Wow

    November 14, 2013 at 2:45 pm

    အလွဲတွေနဲ့ ပလန်ဘီကို အနော်ထင်ဒယ်… :mrgreen:

Leave a Reply