ဟနွိုင်းဆိုတာ ဗီယက်နမ်ရ ဲ့မြို့တော်ပါ။ ဘွန်ချာဆိုတာ ဗီယက်နမ် ရိုးရာ အစားအစာ ပါ။ အဲနေရာကို မွန်လေးတို့ ဟနွိုင်းသွားတုန်းက မသွားမဖြစ်သွားရမယ့် နေရာအဖြစ်အနေနဲ့ သွားရောက်စားသောက်ခဲ့ပါတယ်။ အမှန်က အဲ့စားသောက်ဆိုင်က အရင်ကလမ်းဘေးစားသောက်ဆိုင်သာသာပဲတဲ့။ အမေရိကန်သမ္မတ လာရောက်စားသောက်ပြီးတော့မှ အဲ့ဆိုင်ကအထပ်ပေါင်းများစွာရှိလာ တာတဲ့။ ဒုတိယထပ်မှာတော့ အိုဘားမားစားခဲ့လို့ စားခဲ့တဲ့နေရာ၊ အိုဘားမား ထိုင်ခဲ့တဲ ့ စားပွဲ ထိုင်ခုံ နဲ ့ ပန်းကန် တွေအားလုံး မှန်ဘောင်နဲ့သေသေချာချာ အမှတ်တရထားထားလေရဲ့။ ဓါတ်ပုံကိုလည်း နံရံမှာ ချိတ်ထားသေးတာတွေ့ခဲ့ပါတယ်။ #အိုဘားမားလာစားချိန် ဘာရက်အိုဘားမားအဲ့ဆိုင်မှာ လာစားတုန်းကဆို ဆိုင်ရှင်က သူလာလို့လာ မှန်းတောင် မသိဘူးတဲ့။ အိုဘားမားက ဆိုင်ထဲဝင်၊ ပလတ်စတစ်ခွေးခြေခုံကိုဆွဲပြီး ဗီယက်နမ်ရဲ့ နာမည်ကျော် ဘန်ချာ စားစရာကို မှာစားချိန်ကျမှ သူ ကြက်သေသေသွားခဲ့ပါတယ်တဲ့။ […]