kaiJune 22, 20232min17820
Some secrets can’t stay buried – the brilliant new Lucas Davenport thriller from the number – one New York Times – bestselling author is filled with his trademark razor-sharp plotting and some of the best characters in suspense fiction Buried Prey is further proof that “John Sanford is at the top of his game.” At […]


kaiMay 19, 20233min40810
ယခုလမှာ ကိုယ်တိုင်စာကြည့်တိုက်လေးများမှာ ရှိသင့်ရှိထိုက်တဲ့ ကမ္ဘာကျော် Playwright များရဲ့ Play များကို ဖော်ပြထားတဲ့စာအုပ်လေးများကို ညွှန်းလိုပါတယ်။ မြန်မာလို ပြဇာတ်လို့ခေါ်တဲ့ Play များကို ရွေးချယ်ရတာ အကြောင်းရှိပါတယ်။ ဧပြီ၂၃ရက်နေ့မှာ စာရေးသူရဲ့ညီမငယ် မေမမကျော်မြင့်ဟာ Florida မှာ ကွယ်လွန်အနိစ္စရောက်သွားခဲ့ပါတယ်။ မေကျော်လေးဟာ စာရေးသူတို့မိသားစုမှာ ထူးထူုးခြားခြားအနုပညာကို ဝါသနာပါပါတယ်။ အထူးသဖြင့် ပြဇာတ်လေးတွေ၊ အငြိမ့်လေးတွေ ဝါသနာပါပါတယ်။မေကျော်လေးကို အမှတ်တရအနေနဲ့ သူအထူးနှစ်သက်တဲ့ပြဇာတ်ရေးဆရာကြီးတွေရဲ့စာအုပ်လေးများကို ဖော်ပြပေးလိုပါတယ်။ ဦးစွာပထမ ဖော်ပြလိုသူကတော့ အားလုံးနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ Shakespeare ပါ။ Shakespeare ရဲ့ comedies တွေ၊ tragedies တွေကို အားလုံးရင်းနှီးပြီးသားပါ။ Shakespeare ရဲ့စာအုပ်ဆို အထူးရွေးနေစရာမလိုပါ။ Shakespeare ရဲ့ play တိုင်း မကောင်းဘူးဆိုတာ မရှိပါ။ အားလုံးဝယ်ယူထားသင့်၊ […]


kaiMarch 18, 20231min90820
မြန်မာခလေးများသည် ဉာဏ်ရည် အထူးကောင်းမွန်ကြပါသည်။ မိဘများက ပြုစုပျိုးထောင်ပေးမည်ဆိုလျှင် ပျိုးထောင်ပေးနိုင်သလောက် အကျိုးရှိမှာ သေချာလှပါသည်။ ဒီလိုနေရာမျိုးမှာ စာအုပ်စာပေထက် ကောင်းသောအရာ မရှိပါ။ ခလေးငယ်များအတွက် စာအုပ်ကောင်းလေးများ ရှာဖွေပေးရန် မိဘတိုင်းမှာ တာဝန်ရှိပါသည်။ ယခုလတွင် 3rd Grade to 6th Grade အရွယ် ခလေးငယ်များနှင့် သင့်တော်မည့် စာအုပ်လေးများကို ဖော်ပြလိုပါသည်။ ဦးစွာပထမ Patricia Maclachlan ၏ Sarah, Plain and Tall ဆိုသည့် စာအုပ်လေးကို ညွှန်းလိုပါသည်။ စာရေးသူ ငယ်ငယ်က ဖတ်ခဲ့ဘူးသည့် စာအုပ်လေးပါ။ မိခင်မဲ့နေသည့် ခလေးနှစ်ယောက်နှင့် Sarah ဆိုသည့် ဂရုဏာရှင်မလေးတယောက်တို့ရဲ့ အကြောင်းကို လှပစွာ သရုပ်ဖော်ထားသည့် စာအုပ်လေးတအုပ် ဖြစ်ပါသည်။ ရိုးသည်၊ ရှင်းသည်။ […]


kaiJanuary 18, 20233min92170
A lot of Professors give talks titled The Last Lecture. Professors are asked to consider their demise and to ruminate on what matters most to them: What wisdom would we impart to the world if we knew it was our last chance? If we had to vanish tomorrow, what would we want as our legacy?ဝမ်းနည်း […]


kaiDecember 20, 20221min74760
ယခင်လက အနာဂတ်ရဲ့ ခေါင်းဆောင်လေးတွေ ဖြစ်လာမဲ့ ခလေးငယ်လေးများနဲ့ သင့်တော်တဲ့ စာအုပ်လေးများကိုလက်လှမ်းမှီသမျှ ဖော်ပြပေးခဲ့ပါတယ်။ ယခုလမှာတော့ မကြာခင်မှာ မိသားစုရဲ့တာဝန်၊ တိုင်းပြည်ရဲ့တာဝန်တွေကို ပုခုံးပြောင်းပြီးတာဝန်ယူကြရမဲ့ ဆယ်ကျော်သက်လေးတွေနဲ့ ထိုက်သင့်တဲ့၊ ထိုက်တန်တဲ့ စာအုပ်လေးတွေကို ဖော်ပြလိုပါတယ်။၁၃နှစ်နှင့် ၁၉နှစ်ကြား အင်္ဂလိပ်လိုတော့ Teenagers လို့ ခေါ်တဲ့ လူငယ်လူရွယ် လေးတွေ ဖတ်ရှုရုံမက၊ သေတပန်သက်တဆုံး သိမ်းဆည်းထားသင့်တဲ့ စာအုပ်ရတနာလေးတွေကို ဖော်ပြပေးလိုပါတယ်။ ဦးစွာပထမ ကမ္ဘာကျော် စာရေးဆရာကြီးMark Twain ရဲ့ Tom Sawyer နှင့် Huckleberry Finn ဆိုတဲ့ စာအုပ်လေးနှစ်အုပ်ကို ဝယ်ဖြစ်အောင် ဝယ်ဖတ်ကြဖို့ တိုက်တွန်းပါရစေ။ Teenage တွေကို ဝင်ခါစ ၁၃ နှစ် ၁၄နှစ်အရွယ် လူငယ်များ လူငယ်လေးများအတွက် Tom Sawyer […]


kaiNovember 22, 20221min90880
ကြားလည်ရွေးကောက်ပွဲပြီးပါပြီ။ အပြီးသတ်ရလဒ်၍မထွက်သေးသော်လည်း အောက်လွတ်တော်(ဟောက်စ်)ကို ရီပါ့ဗလစ်ကန်တို့သိမ်းပိုက်အနိုင်ရ၍ အထက်လွှတ်တော်(စိနိတ်)ကို ဒီမိုကရက်တို့ပြန်ရလိုက်သည်ဟု မှန်းသိရသည်။ ပြီးခဲ့သောနှစ်၁၀၀ ထုံးစံအရတွင် သမ္မတပထမ၄နှစ်သက်တမ်း၏ ၂နှစ်ပြည့်ကြားလည်ရွေးကောက်ပွဲကို အတိုက်အခံပါတီမှ ပျမ်းမျှ ဟောက်စ်တွင်၂၆ခုံနှင့်စိနိတ်တွင်၄ခုံအနိုင်ရလေ့ရှိသည်။ချွင်းချက်အဖြစ် သမ္မတရုဇဘဲ့၏ကမ္ဘာ့စီးပွားပျက်ကပ်နှစ်(၁၉၃၄)၊ သမ္မတကလင်တန်၏အင်ပိချ်ကာလဆက်(၁၉၉၈)နှင့် ၉/၁၁ဖြစ်သောသမ္မတဘုရှ်(၂၀၀၂) လက်ထက်သာ သမ္မတ၏ပါတီမှပြန်အနိုင်ရဖူးသည်။သို့ဆိုသော် ယခုရီပါ့ဗလစ်ကန်တို့ ဟောက်စ်၌သာ ၅ခုံမျှအနိုင်ရမှုကို ညွှန်းဆိုခဲ့ကြသော Red Wave အနီလှိုင်းဟုမဆိုနိုင်။ ဒီမိုကရက်တို့ကမူ အပြာတံတိုင်း Blue Wallနှင့် အနီလှိုင်းကိုတားဆီးခဲ့သည်ကြွားဆိုနေပါသည်။၂၀၂၂ကြားလည်တွင် အုပ်ချုပ်ရေးအတွေ့အကြုံလုံးဝမရှိသူအမတ် ၁၂ဦးတက်လာသည်။ အမျိုးသမီးအမတ်သစ် ၂၃ဦးပါလာသော်လည်း ၂၀၁၈နှုန်းကိုမမှီ။ ပထမဆုံးဂျန်ဇီးမျိုးဆက်အသက်၂၅နှစ်တဦးပါလာသည်။အီလက်ရှင်ဒီနိုင်းယာဟုခေါ်သော ရွေးကောက်ပွဲအသိအမှတ်မပြုသူအများစု ပယ်ချခံရသော်လည်း ရှိပြီးအမတ်အများပြန်ရွေးခံရ၍ ရီပါ့ဗလစ်ကန်၂၄ဦးအသစ်ရွေးကောက်ခံရသည်။ဟောက်စ်တွင် ရီပ့ါဗလစ်ကန်တို့အနိုင်ရခုံအရေအတွက်သည် ပိုင်းဖြတ်သော ၂၁၈ခုံ၏ +_၅ ခုံမရှိရကား သက်တမ်း၂နှစ်အတွင်းပြုတ်ပျက်သေထွက်ရလေ့ရှိသည့် ၁၀ခုံဝင်းကျင်(၂၀၂၀ရွေးကောက်ခံအမတ်၁၆ဦးသည် ၂နှစ်သက်တမ်းပြည့်မရှိနိုင်ခဲ့)နှင့်နှိုင်းပါမူ သက်တမ်း၂နှစ်အတွင်း အများစုအဖြစ်မှလျောကျပြောင်းသွားနိုင်ချေလည်းရှိသည်။ “မင်းကြီးတာ”ယူကရိန်းစစ်၊ စတော့ရှယ်ယာစျေးများပြုတ်ကျမှု၊ ဂက်စ်ဆီစျေးမြင့်မားမှု၊ ငွေကြေးဖောင်းပွမှုနှင့် […]


kaiSeptember 21, 20223min55800
ကိုယ်ပိုင်စာအုပ်စင်လေးမှာ ထားရှိအပ်သော စာအုပ်လေးများအကြောင်း ရေးသားနေသူ စာရေးသူကို လူငယ်လေးတယောက်က တောင်းဆိုလာပါသည်။ “ဆရာရယ်၊ လူငယ်ကြိုက် နှလုံးသားရေးရာနဲ့ပတ်သက်တဲ့ စာအုပ်ကောင်းလေးတွေ ရှိရင် ညွှန်းပေးပါဦး”တဲ့။ဒါပေါ့လေ။ ရင်ခုန်တတ်တဲ့အရွယ် ဆိုတော့လည်း ဒီလိုစာအုပ်လေးတွေ ဖတ်ချင်ကြမှာပေါ့လေ။Shakespeare ရဲ့ Romeo and Juliet ဝတ္ထုကိုတော့ အားလုံးကြားဖူးကြမှာပါ။ မဖတ်ဘူးတိုင် ရုပ်ရှင်တော့ ကြည့်ဖူးကြမှာပါ။Shakespeare ရဲ့ အင်္ဂလိပ်စာကို မှီနိုင်သူ ရှားပေမဲ့ အတုခိုးမှားပြီး မဖြစ်သင့်တာတွေ ဖြစ်ကုန်ကြမှာစိုးလို့ ဒီစာအုပ်ကိုတော့ မဖြစ်မနေဝယ်ယူထားဖို့၊ ဖတ်ရှုကြည့်ဖို့ မတိုက်တွန်းလိုပါ။ခေတ်မှီသူ လူငယ်တိုင်း ဖတ်ရှုသင့်တဲ့ ဝတ္ထုလေးကတော့ စာရေးဆရာ Erich Segal ရဲ Love Story ပါ။ အကြောင်းအရာမှာရော၊အရေးအသားမှာရော ဒီ Love Story ကို မှီတဲ့ဝတ္ထု ရှားပါတယ်။ စာအုပ်လေးက […]


kaiAugust 18, 20223min42130
အင်္ဂလိပ်စာ လေ့လာကြပါစို့ဟု ဆိုလျှင် ခက်ခက်ခဲခဲ၊ နက်နက်နောနော စာပေများကို လေ့လာရမည်ဟုထင်ကြသူ များပါသည်။ Ph.D အဆင့် မဟုတ်တောင်၊ MA အဆင့် မဟုတ်တောင် အနည်းဆုံး BA အဆင့်လောက်ရှိတဲ့စာအုပ်စာပေတွေကို ဖတ်ဖို့လိုသည်ဟု ထင်ကြသူ များပါသည်။ သို့သော် ယခုလတွင် မရှိမဖြစ် စာအုပ်တအုပ်အဖြစ်သတ်မှတ်ခံထားရသော စာအုပ်လေးတအုပ်ကို ဖော်ပြလိုပါသည်။ စာအုပ်လေးရဲ့အမည်ကတော့ All I really need to knowI learned in Kindergarten ။ဒီစာအုပ်လေးဟာ ရေးသားသူ Robert Fulghun ကိုယ်တိုင်ပင် အံ့ဩသွားလောက်အောင် Best Seller ဘဝသို့ရောက်ခဲ့ရသည့် စာအုပ်လေးတအုပ် ဖြစ်ပါသည်။ စာဖတ်သူအားလုံး၊ စာကောင်းပေကောင်းကို မြတ်နိုးသူအားလုံး၏စာအုပ်စင်ပေါ်တွင် ရှိနေသင့်သည့် စာအုပ်လေးတအုပ် ဖြစ်ပါသည်။ Robert Fulghun […]


kaiJuly 20, 20221min50060
မြန်မာစာဖတ်ပရိသတ်ကို အင်္ဂလိပ်စာ တိုးတက်လာစေဖို့အတွက် ကိုယ်ပိုင်စာကြည့်တိုက်လေးတွေ ထူထောင်ကြဖို့ စာရေးသူက တိုက်တွန်းအားပေးခဲ့သည်မှာ မကြာလှသေးပါ။ သို့သော် အင်္ဂလိပ်စာ တတ်ကျွမ်းလိုသူ မြန်မာလူငယ်အချို့သည် မိမိတို့၏ ဝါသနာနှင့် ကိုက်ညီသည့် စာအုပ်လေးများကို  စတင်စုဆောင်းနေကြသည်ကို ဝမ်းသာအားရဖွယ် ကြုံတွေ့ရပါသည်။ အချို့သော လူငယ်များက ၎င်းတို့၏ စာကြည့်တိုက်လေးများကို ဓာတ်ပုံရိုက်ပြီး e-mail တဆင့်ပေးပို့ပေးသည့်အတွက် စာဖတ်ပရိသတ်ပါ ဝမ်းသာကြည်နူးခွင့် ရအောင်၊ နမူနာယူလို့ရအောင် ပြန်လည်ဖောက်သည်ချလိုက်ပါသည်။ ပထမဆုံး စာကြည့်တိုက်လေးကတော့ မြန်မာကျောင်းသူလေးတဦးဖြစ်တဲ့ Sworu ရဲ့ စာကြည့်တိုက်လေးပါ။ သူကတော့ သူနှစ်သက်တဲ့ စာအုပ်လေးတွေ စုဆောင်းထားတာပေါ့နော်။ တကမ္ဘာလုံးက လေးစားကြည်ညိုတဲ့ His Excellency Dalai Lama ရဲ့ The Art of Happiness ဆိုတဲ့ စာအုပ်လေးတအုပ်ထဲနဲ့ Sworu […]


kaiJune 20, 20224min55180
ယခင်လက နံမည်ကျော် စာရေးဆရာကြီး Thomas Hardy ရဲ့ ဝတ္ထုတပုဒ်ဖြစ်တဲ့ Tess of the D’Urbervilles အကြောင်းကို ဖော်ပြပြီးခဲ့ပါပြီ။ မဖြစ်မနေ ဖတ်ရှုထိုက်တဲ့ စာအုပ်လေးတအုပ်ပါ။ သို့သော် အင်္ဂလိပ်စာကို သင်ယူခါစ ကျောင်းသူကျောင်းသားလေးများအတွက်တော့ အတော်အတန် ခက်ခဲနေပါလိမ့်မယ်။             ဒီတော့ ဒီ classics လို့ခေါ်တဲ့ Hardy ရဲ့ အခြားဝတ္ထုများဖြစ်တဲ့ The Return of the Native တို့၊ Far from the Madding Crown စသည်တို့ကို အသာထားလိုက်ပါဉီး။ စိတ်ဝင်စားစရာလည်း ကောင်းတယ်၊ ခေတ်နဲ့လည်း လိုက်လျောညီထွေတဲ့၊ classics မဟုတ်တဲ့ စာအုပ်လေးတအုပ်ကို ညွှန်းလိုပါတယ်။             Daniel Keys ရဲ့ […]