kaiNovember 17, 20234min27030
နှစ်စဉ်နှစ်တိုင်း United States မှာကျင်းပတဲ့ မက်ဆီကန်တွေရဲ့ ပွဲတော်တခုဖြစ်တဲ့ Dia de los Muertos – Day of the Dead လို့ခေါ်တဲ့ သေဆုံးသွားပြီးသူတွေအတွက် သတိတရနဲ့ သေသူနဲ့ရှင်သူတွေ ပွဲတော်အတူဆင်နွှဲမှုကို ဖော်ကျူးပြသတဲ့ပွဲတော်ကို နိုဝင်ဘာ၁ရက်နဲ့၂ရက်တွေမှာ မြို့အသီးသီးမှာ ခမ်းခမ်းနားနားကျင်းပခဲ့ကြပါတယ်။ US မှာ San Francisco မြို့ရဲ့ Mission District မှာ ၁၉၇၀အစောပိုင်းနှစ်တွေထဲက စတင်ကျင်းပခဲ့ကြပါတယ်။ အဲ့ဒီ့နေ့ပွဲတော်မှာ ဘာတွေလုပ်ကြသလဲဆိုရင် သေဆုံးပြီးသူတွေရဲ့ဓာတ်ပုံတွေနဲ့ သူတို့တဦးချင်းစီအတွက့် Mexican ကျေးလက်အနုပညာပုံစံ ပန်းချီ၊ ဆေးရေး၊ လက်ဖြစ်အနုပညာလက်ရာ အသေးစိတ်တွေ၊ သေဆုံးသူတွေအတွက် ဖယောင်းတိုင်၊ ပန်းပွင့်၊ ပန်းအိုး၊ သစ်သီးတွေ စသဖြင့် အသက်ရှင်နေဆဲလူတဦးလို လေးစားအသိအမှတ်ပြုမှုကို ပြသတဲ့အနေနဲ့ Altar စင်တွေ […]


kaiOctober 31, 20239min20140
On September 11, 2023, a remarkable event took place, which exemplified unity, peace, and understanding amidst the backdrop of one of the historic tragic dates in American history. American Muslim Voice organized a multi-faith picnic, inviting people from various community, religious backgrounds to come together in an act of solidarity and hope. This event served […]


kaiOctober 31, 20232min15860
ပြီးခဲ့တဲ့ စက်တင်ဘာ(၂၁)ရက်က အမေရိကပြည်ထောင်စုရဲ့ Census Bureau ကြီးက လွန်ခဲ့တဲ့(၃)နှစ် ၂၀၂၀၊ ဧပြီ(၁)ရက်နေ့မှာကောက်ခံခဲ့တဲ့ လူဦးရေသန်းခေါင်စာရင်းကောက်ခံမှုကရရှိတဲ့ (လူမျိုစုပေါင်း စုံ ၁၅၀၀ ခန့်) အတွက်ကိန်းဂဏန်းများကိုထုတ်ပြန်ကြေငြာခဲ့ပါတယ်။ ထုံးစံကတနှစ်လောက်အတွင်း မှာ အဲ့ဒီလိုပြန်တမ်းများကိုထုတ်ပြန်လေ့ရှိခဲ့ပေမဲ့၊ (၂၀၂၀)ခုနှစ်အတွက်ကိုတော့ (၃)နှစ်ကျော်မှထုတ် ပြန်နိုင် ခဲ့တဲ့အတွက်ထူးခြားတယ်လို့ဆိုရပါမယ်။ အရင်သမ္မတဟောင်းထရမ်းလက်ထက်မှာ နိုင်ငံသား ဖြစ်မှုမဖြစ်မှုတွေနဲ့မဲ့ဆန္ဒနယ်နဲ့ပါတ်သက်တဲ့မတော်သြဇာလွှမ်းမို့မဲ့ အဖြစ်တွေကတိကျမှန်ကန်တဲ့သန် ခေါင်စာရင်းထွက်လာပါ့မလားဆိုတဲ့သံသယစိုးရိမ်စိတ်တွေ ကျွမ်းကျင်သူပညာရှင်များထဲတောင်အ တော်ကြီးစိုးခဲ့ပါတယ်။ သန်းခေါင်စာရင်းဥပဒေကတားမြစ်ပြီး၊ ကတိကဝတ်ပြုထားတဲ့ အချက်အလက် တွေကိုလွှမ်းမိုးမဲ့အရိပ်အယောင်တွေရှိခဲ့တဲ့အတွက်၊ တရားမဝင်ရောက်လာသူများက သန်းခေါင်စာ ရင်းမေးခွန်းလွှာတွေကိုဖြေကြားပြန်ကြားဖို့အတော်တွန့်ဆုတ်ခဲ့ပါတယ်။ ဆိုင်ရာတွေ၊ ဒေသဆိုင်ရာ ကွန်မြူနီတီအဖွဲ့အစည်းတွေရဲ့အားပေးမှုတွေကအတတ်နိုင်ဆုံးတည့်မတ်ပေးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ ဒီလိုမကြုံစဖူးကြာမြင့်ရခြင်းကို www.census.gov မှာထဲထဲဝင်ဝင်လေ့လာပေမဲ့ အကြောင်းရင်းအစစ် အမှန်ကို ဖေါ်ပြခြင်းအလျင်းမရှိပါဘူး။ ဆိုင်ရာဌာနတွေကိုစာရေးသူကိုယ်တိုင်ဆက်သွယ်ခြင်း၊ လူထု outreach တွေမှာမေးခွန်းမေးခဲ့ပေမဲ့ တိကျရေရာတဲ့အဖြေမရတာတော့ ထင်ရှားနေပါတယ်။ အားလုံးမှတ်မိကြမယ်ဆိုရင် အဲ့ဒီ Census 2020 […]


kaiOctober 23, 20231min12930
ယူကရိန်း-ရုရှားစစ်ပွဲ၏နောက် ယခု အစ္စရေး-ဟာမားစ်စစ်အကြောင်းပြု မွတ်စလင်နှင့်ဂျူးဝစ်ရှ် ရန်လိုမုန်းတီးမှု (Antisemitism, Islamophobia)တို့ ကမ္ဘာအနှံ့ပြန့်ထွက်လာသည်။လူသားသဘာဝအရ အာရပ်နှင့်မွတ်စလင်များ ပါလက်စတိုင်းဖက်ကရပ်တည်ကြသည်။ဂျူးနှင့်ခရစ်ရှန်အချို့က အစ္စရေးဖက်မှရပ်တည်သည်။ ပဋိပက္ခသည်ပြီးသွားမည်မဟုတ်ချေ။ ဘာသာတရားတို့တည်သ၍ ချဲ့သလောက်ပြန့်ပါမည်။ဤသူ၏လေ့လာချက်အရ နောဧမှ အေဘရာဟင်၊မောဆက်၊ယေရှု၊မိုဟာမက်တို့နှင့် တိုရာ/သမ္မာကျမ်းဟောင်း၊ ခရစ်ဝင်ကျမ်းများ/သမ္မာကျမ်းသစ်၊ ကိုရမ်ကျမ်းတို့အထိ ဂျုဒီယဇင်၊ခရစ်ယန်နှင့်အစ္စလမ်ဘာသာကြီးများသည် တပါးတည်းသောဖန်ဆင်းရှင်အား ကိုးကွယ်ယုံကြည်မှုများဖြစ်ကြသည်။ ။ အာဒမ်ဧဝ လူသားဖန်ဆင်းခြင်းအစမှသည် ကမ္ဘာပျက်သည်အထိ ထပ်တူနည်းပါးမျှနှင့် ဖွင့်ဆိုခြင်းသဏ္ဍာန်သာခြားနားသွားကြသည်။ တမန်တော်မောဆက်နှင့် သခင်ယေရှုမှာ နှစ်(၁၆၀၀)ဝန်းကျင် ၊ သခင်ယေရှုနှင့် တမန်တော်မိုဟာမက်မှာ နှစ်(၆၀၀)ဝန်းကျင် စီခြားနားကြပေသည်။ ဤမျှရှည်လျှားသော လူ့ယဥ်ကျေးမှုသမိုင်းကြောင်းလိုက်၍ သန့်စင်မွန်မြတ်ရာမြေအားပိုင်ဆိုင်သိမ်းပိုက်မှု မှား/မှန်ခြင်းကို ဖွင့်ဆိုခြင်းငှာမည်သူမျှ မစွမ်းသာ။သို့ဆိုလျှင် ယခုပါလက်စတိုင်း၊ အစ္စရေးနယ်မြေသည်လည်း ဒေသခံလူမျိုး/ဘာသာအားလုံးပိုင်၍ဆိုင်သည်ဟု ဆိုရမည်သာ။ ရှည်လျှားလှသောသမိုင်းကြောင့် အနာဂါတ်တွင်အဖြေမရှိ။ ပစ္စုပ္ပန်ရှု အလုပ်လုပ်နေကြရသည်။ “Hate = ရန်လိုရွံမုန်းမှု”အမေရိကားရောက် မြန်မာတို့မှာ အဆိုပါ […]


kaiOctober 20, 20233min9950
Reading Rockets: go.aft.org/zpaThis is a great website for families to learn about literacy with link to more then 50 book awards and lists of notable books. National Science Teaching Association- go.aft.org/iu8This site offers fascinating books for Kindergarteners through 12th graders about everything from sloths to outer space to dirt to x-rays. Social Justice Books- go.aft.org/hypThis […]


kaiOctober 15, 20231min12420
အစ္စရေး/ဟာမားစ်စစ်မှာ.. ပိတ်မိနေတဲ့.. အိမ်ပြန်ချင်တဲ့.. အစ္စရေးလိ-အမေရိကန်တွေ.. အသုတ်လိုက်အိမ်ပြန်လာနေကြပါတယ်..။ အဲဒီထဲက.. အယောက်၂၇၀က.. ဖ‌လော်ရီဒါ /တမ်ပါလေဆိပ် အရောက်မှာ.. ပြည်နယ်.. ဂါဗနာ.. ရီပါ့ဗလစ်ကန်သမ္မတလောင်းဒီဆန်းတစ်စ်က.. သွားတွေ့ အားပေးခဲ့ပါသတဲ့..။ အစ္စရေးပြည်အတွင်းက.. အမေရိကန်တွေပဲ.. အိမ်ပြန်လို့ရနေပြီး.. ဂါဇာမှာရှိတဲ့.. ပါလက်စတေးနီးယန်း-အမေရိကန်တွေကတော့.. ပိတ်မိနေပါသတဲ့..။ နိုင်ငံခြား‌ရေးဝန်ကြီး.. ဘလင်န်ကန်. အီဂျစ်.. အစ္စရေး.. ပတ်သွား …လိုက်ပြောနေတာရဲ့ရလဒ်အဖြစ်.. ဂါဇာတောင်ဖက်က.. အီဂျစ်နယ်စပ်ဂိတ်ပေါက်ကို.. ခဏဖွင့်ပေးမယ်ဆိုထားပြီး.. အဲဒီကနေ.. ပါလက်စတေးနီးယန်း-အမေရိကန်တွေ.. အီဂျစ်ထဲဝင်.. လေကြောင်းနဲ့.. အမေရိကားပြန်လာလို့ရမယ်ဆို..။ တချို့ကိုတော့.. ဂါဇာပင်လယ်ကမ်းကနေ.. ရေကြောင်းနဲ့.. ကယ်ထုတ်နေ..။ မကြာမတင်မှာ.. အစ္စရေးစစ်တပ်က.. ဂါဇာကိုကုန်းကြောင်းက..ဝင်သိမ်းတော့မှာမို့.. အရပ်သားတွေအင်မတန်အန္တရာယ်ရှိလို့ပါ..။ ဒေသခံပါလက်စတေးနီးယန်းတွေကတော့.. ပြေးစရာမြေမရှိ..။ ဂါဇာမြောက်ပိုင်းကနေ.. တောင်ပိုင်းရွေ့ခိုင်းသမို့.. လူ၆သိန်းလောက်.. ရွေ့ပေးနေရပြီး.. တောင်ပိုင်းရောက်တော့လည်း.. ဗုံးကြဲတာနဲ့တန်းတိုးသူတွေရှိနေသတဲ့..။ အမေရိကားကတော့.. အစ္စရေးပြည်နားက.. အိမ်နီးချင်းနိုင်ငံတွေမှာရှိတဲ့အမေရိကန်တွေကို.. အိမ်ပြန်ခိုင်းနေပြီး.. […]


kaiOctober 15, 20234min30130
ကမ္ဘာ့ကပ်ရောဂါ Covid-19 က US ကိုရောက်လာတဲ့အချိန်ကနေ အခုချိန်တွေထိ အာရှလူမျိုးများကို ပစ်မှတ်ထားပြီး ရန်ရှာ၊ တိုက်ခိုက်တဲ့အဖြစ်အပျက်တွေဟာ California အပါအဝင် US တနိုင်ငံလုံးမှာ ဖြစ်ပျက်နေပါတယ်။ ပြောင်းရွှေအခြေချနေထိုင်သူ Immigrants များနဲ့တည်ထောင်ထားတဲ့ United States သမိုင်းမှာ လူမျိုးရေးခွဲခြားမှုအဖြစ်အပျက်တွေဟာ လူမျိုးစုတွေကြားမှာ ရှိနေခဲ့ပါတယ်။ လူမျိုးစုအသီးသီး အာဖရိကန်အမေရိကန်တွေ၊ အာရှလူမျိုးတွေ၊ Spanish တွေက တိုက်ယူခဲ့တာတွေဟာ အကြိမ်ကြိမ်ရှိနေခဲ့ပါတယ်။ လူဖြူက အသားအရောင်နဲ့လူမျိုးကြောင့် ရန်လိုရွံမုန်းခြင်းနဲ့တိုက်ခိုက်တာတွေရှိသလို လူမျိုးစုအသီးသီးကြားမှာလဲ တခုနဲ့တခု ရန်လိုရွံမုန်းခြင်းနဲ့တိုက်ခိုက်ခြင်းတွေ ရှိနေကြတာပါပဲ။ ဒီလို ရန်လိုရွံမုန်းခြင်းနဲ့တိုက်ခိုက်ခြင်းတွေကို United States က ဥပဒေနဲ့အကာအကွယ်ပေးထားတဲ့အတွက်၊ ဒီနိုင်ငံမှာ နေထိုင်နေတဲ့သူတဦးချင်းစီရဲ့ Civil Rights ရှိနေတဲ့အတွက် အဖြစ်အပျက်တွေဟာ ဥပဒေမဲ့ စည်းမဲ့ကမ်းမဲ့နဲ့တော့ အဆုံးသတ်မသွားပါဘူး။ သို့သော်လည်း ဥပဒေပြုသူတွေ […]


kaiSeptember 30, 20231min25840
ရန်လိုရွံမုန်းစကားများနှင့် လူတစ်ဦးချင်းစီ၏ တာဝန်ကျနော်တို့လူသားတွေအဖို့ ရုပ်ပိုင်းဆိုင်ရာ ခံနိုင်ရည်မှာပဲဖြစ်စေ၊ စိတ်ပိုင်းဆိုင်ရာခံနိုင်ရည်မှာပဲဖြစ်စေ ခံနိုင်ရည်ရှိမှုဟာ အကန့်အသတ်ရှိပါတယ်။ ခက်ခဲမှုတွေ၊ရုန်းကန်ရမှုတွေ၊ခွဲဆက်ဆံခံရမှုတွေနဲ့ ရန်လိုရွံမုန်းခြင်းစကားတွေ ပြောဆိုခံရမှုတွေနဲ့ ကြိမ်ဖန်များစွာကြုံတွေ့ရင်ဆိုင်လာရတဲ့အခါ အချိန်တွေ ကြာလာတာနဲ့အမျှ ဒီအဖြစ်အပျက်တွေဟာ တုန်လှုပ်ဖွယ်အိပ်မက်ဆိုးကြီးတစ်ခုလို သက်ရောက်ခံစားလာရတတ်ပါတယ်။ဒီအဖြစ်ပျက်တွေ၊အကြောင်းအရာတွေကို မကြာခဏပြန်တွေးမိနေတာမျိုးပဲဆိုပါတော့။ ဒီအတွက်ကျနော်တို့ ဘယ်လိုရှောင်ရှားကြမလဲ၊ဘယ်လိုလျော့ချကြမလဲနဲ့ ရန်လိုရွံမုန်းခြင်းစကားတွေနဲ့ ခွဲခြားဆက်ဆံမှုတွေလျော့ကျသွားတဲ့ လူ့ပတ်ဝန်းကျင်နဲ့ လူသားကမ္ဘာဖြစ်လာစေဖို့အတွက် ရန်လိုရွံမုန်းခြင်းစကားပြောဆိုသူတွေနဲ့ ခွဲခြားဆက်ဆံသူတွေကို ပြတ်ပြတ်သားသား ဆန့်ကျင်ကန့်ကွက်ရမှာပါ။ဒါဟာ လွယ်ကူတဲ့အရာမဟုတ်တာသေခြာပေမဲ့ ကျနော်တို့အနေနဲ့ ကျနော်တို့ကိုယ်တိုင် လုပ်ဆောင်နိုင်တဲ့အချပ်တစ်ချက်တော့ အသေအချာရှိနေပါတယ်။ ဒါဟာ ဘာလဲဆိုရင် မိမိကိုယ်တိုင်ကစပြီး ရန်လိုရွံမုန်းခြင်းစကားတွေနဲ့ခွဲခြားဆက်ဆံခြင်းကို မပြုလုပ်ဖို့ပါပဲ။ တစ်ခါတုန်းက ကျနော်ဟာ ကာလီဖိုးနီးယားမှာ လမ်းပျောက်ခဲ့ပါတယ်။ ကျနော်နေထိုင်ရာ အခန်းကနေ လမ်းလျှောက်ထွက်လာပြီး အိမ်အပြန်မှာတော့ လမ်းမမှတ်မိတော့ပါဘူး။ အမေရိကကိုစရောက်ခါစ ကျနော့်မှာ အင်တာနက်လည်းမရှိသလို မိုဘိုင်းဖုန်းဆက်သွယ်မှုလည်း မရှိသေးပါဘူး။ ဒီတော့ ဘယ်သူ့ကိုမှ အဆက်အသွယ်လုပ်လို့မရ […]


kaiSeptember 22, 20231min10650
ပြီးခဲ့သော ဆယ်စုနှစ်များတွင် အမေရိကားမှ မြန်မာသို့ DV မဲဖေါက်ပေးဗီဇာများ အလည်နှင့်ကျောင်းဗီဇာများ သွင်သွင်သွက်သွက်ချပေးခဲ့သည်။ DV2024အတွက် ၁၆၆၇ခုရထားသည်။ (DV2023 – ၁၁၀၇။ DV2022-၅၆၁)။ တိုးလျှက်တက်လျှက်နေသည်။ ဤသည်မှာ ပြီးခဲ့သော စစ်အာဏာသိမ်း၏စနက်ကြောင့်ဖြစ်သလို Burma Act အပါအဝင် ပြဌာန်းဥပဒေတို့ကြောင့်လည်းဖြစ်ပါသည်။ မြန်မာနယ်စပ်အထိပင် ဆင်းကောက် တွန်းတင်ပေးသည်များပင်ရှိခဲ့ပါ၏။ လက်ရှိဘိုင်ဒင်န်အုပ်ချုပ်ရေး၏လူဝင်မှုကြီးကြပ်ရေးပေါ်လစီတွင် မြန်မာနိုင်ငံသားများကို စာနာထောက်ထား မျက်နှာသာပေးထားသည်။ ရှားပါးလှသော TPS ပင်မြန်မာနိုင်ငံသားများရရှိထားပါသည်။ နိုင်ငံရေးခိုလှုံခွင့်တင်လျှင်လည်း မြန်မာနိုင်ငံသားဆိုသည်နှင့်ပင် လိုအပ်သောအခြေအနေများလုံလောက်လျှက်နေပါလေ၏။ ဤအခွင့်အလန်းတို့ကို အမိအရဆုပ်ကိုင်ပါ။ သာမန်အားဖြင့်လူသက်တမ်းတခုစာလျှင် တခါ မပေါ်တတ်သောအခွင့်အလန်းများပါ။ ဤရထားကိုမမှီလျှင် နောင်ဘယ်တော့မှမှီတော့မည်မဟုတ်။ ကြန့်ကြာသည် နှေးသည် မတွေးလင့်၊ အမေရိကန်တို့သည် ခွင့်တူညီမျှ မျှတခြင်းပြယုဂ်ကို ဖွင့်ပြရန်ဝေပုံကျ တန်းစီစနစ်ကိုများစွာဦးစားပေး၏။ သင့်ကဲ့သို့သော/သင့်ထက်ဆိုးသော သူများသန်းချီစောင့်လျှက်နေပါသည်။ အမေရိကန်ဝန်ထမ်းတို့ သူတို့အလုပ် ထိရောက်စွာလုပ်နေပါသည်။ […]


kaiSeptember 21, 20232min14560
ယခင်လက Zoom သင်တန်းလေးများအကြောင်း ရေးသားဖေါ်ပြခဲ့ပါတယ်။ ယခု ဒီ Zoom သင်တန်းလေးတွေရဲ့ benefits သို့မဟုတ် advantages လေးတွေ ထပ်မံ တင်ပြလိုပါတယ်။ ပထမဦးဆုံး တွေ့ရှိရတဲ့ benefit ကတော့ အကြိမ်ကြိမ် အဖန်ဖန် ပြန်လည်ကြည့်ရှုနားထောင်နိုင်ခြင်း ဖြစ်ပါတယ်။ In – person သင်တန်းမှာ ဆရာနှင့်၊ ဆရာမနှင့် တကြိမ်သာ တွေ့ခွင့် ရှိပါတယ်။ ယခု Zoom session တွေကို recording လုပ်ထားသည့်အတွက် တကြိမ်မဟုတ်၊ နှစ်ကြိမ်မဟုတ် ကြိမ်ဖန်များစွာ ပြန်လည် ကြည့်ရှုနားဆင်နိုင်ပါသည်။ နားမလည်မခြင်း၊ သဘောမပေါက်မခြင်း ပြန်လည် ကြည့်ရှုနားဆင်နိုင်ပါသည်။ တကယ့်ကို တန်ဖိုးကြီးတဲ့ advantage တခုပါ။ဒုတိယအချက်ကတော့ သင်ကြားပို့ချသွားတဲ့ lesson ကို နားထောင်နိုင်ရုံမက transcript […]


kaiSeptember 16, 20232min13060
အတိုချုပ်မှတ်စု – အတိုချုပ်လေးအနေနဲ့ မှတ်သားစရာ အချို့အကြောင်းပြောရရင်ဖြင့် သိပ်လေးလံပြီး ပို့ရခက်တဲ့ဟာတွေဆိုရင် Craigslist သို့မဟုတ် Facebook Marketplace ကကောင်းပါတယ်။ မီးဖိုချောင်သုံး ပစ္စည်းအသေးတွေကတော့ eBay မှာ ရှယ်ပါ။ တကယ်လို့ ပစ္စည်းအများကြီး တွဲရောင်းမယ်ဆိုရင် ဘယ်လို ပို့မလဲကို အရင်စဉ်းစားရပါလိမ့်မယ်။ EBay ကတော့ တကမ္ဘာလုံးအတိုင်းအတာအနေနဲ့ အရောက်အပေါက် များတဲ့အတွက် လျှပ်စစ်ပစ္စည်းတွေအတွက် အဆင်ပြေပါတယ်။ သီချင်းစုချင်တဲ့သူတွေကတော့ Discogs ပါပဲ။ အားကစား ပစ္စည်းတွေပြန်ရောင်းချင်တာကတော့ SidelineSwap ရဲ့ အားသာချက်ပါ။ ဖတ်ရှင်ပစ္စည်းတွေ ရောင်းကောင်းတာကတော့ The RealReal နဲ့ Poshmark ပါပဲ။ ယောက်ျားလေး အဝတ်အစားနဲ့ အသုံးအဆောင်တွေကတော့ eBay မှာအဆင်ပြေလို့နေပါတယ်။ AptDeco တွေကတော့ ဝယ်တဲ့ပစ္စည်းတွေကို ပို့ပေးပါတယ်။ နောက်ပြီး […]


kaiSeptember 16, 20236min31670
သဘာဝကပေးတဲ့ခန္ဓာကိုယ်နဲ့ ခန္ဓာကိုယ်ကပြဌာန်းထားတဲ့သတ်မှတ်ချက်တွေကို ငြင်းဆန်ပြီး အများစုနဲ့ ကွဲလွဲတဲ့ လိင်ခံယူမှုနဲ့ လိင်တိမ်းညွှတ်မှုရှိသူတွေဟာ လူမျိုးပေါင်းစုံတွေမှာ နှစ်ပေါင်းများစွာလက်ခံထားတဲ့ လူမှုရေးစံနှုံးSocial norma တွေ၊ ဘာသာပေါင်းစုံကပြဌာန်းချက်တွေနဲ့ ကြားထဲက ကျယ်ပြောနက်ရှိုင်းလှတဲ့အကွာအဝေးကြီးကို နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ညှှိုယူခဲ့ကြရတာဟာ ဒီနေ့ထက်ထိပါပဲ။ ဒီနေ့ထိလဲ သူတို့ဟာ သူတို့ရဲ့ရပိုင်ခွင့်တွေအတွက် ဆက်ပြီးတိုက်ပွဲဝင်နေကြရတာပါပဲ။ ရှေ့ကာလတွေမှာ လူမျိုးပေါင်းစုံတွေရဲ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေနဲ့ ဘာသာပေါင်းစုံရဲ့ပြဌာန်းချက်တွေနဲ့ထိပ်တိုက်တွေ့ခဲ့ကြတဲ့အခါမှာ သမိုင်းမှတ်တမ်းဖြစ်လာခဲ့တဲ့ LGBTQ + တွေရဲ့ အကျအဆုံးတွေ၊ နှိမ့်ချခွဲခြားဆက်ဆံခံရခြင်းတွေဟာ ဒီတိုက်ပွဲတွေကိုဖန်တီးပေးတဲ့အကြောင်းအရာတွေဖြစ်ခဲ့သလိုဒီတိုက်ပွဲတွေခွန်အားကောင်းအောင် စိတ်ဓာတ်ပိုင်းဆိုင်ရာတွန်းအားပေးနေတဲ့စွမ်းအင်တွေလဲဖြစ်ခဲ့ပါတယ်။ LGBTQ+ ဆိုတာနဲ့ နာမ်စားစကားလုံးတွေ LGBTQ+ ဆိုတဲ့အက္ခရာတလုံးချင်းစီရဲ့ အဓိပ္ပာယ်တွေဖြစ်တဲ့ lesbian, gay, bisexual, and transgender, queer or questioning ဆိုတာကို လူတော်တော်များများသိပြီးသားဖြစ်ကြမှာပါ။ အဲ့ဒီ့မှာ သတိပြုစရာက LGBTQ+ ဆိုတာဟာ အက္ခရာစုလိုက် လူမှုအဖွဲ့အစည်းတခုအနေနဲ့ […]


kaiAugust 31, 20233min24890
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလိုက်ပြီး တစ်လနီးပါးအကြာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၂၇ရက်နေ့မှာ ကျနော်ဟာရန်ကုန်မြို့၊ကမာရွက်မြို့နယ်၊ ဆင်ရေတွင်းမှတ်တိုင်နားက ဂမုန်းပွင့် ဈေးဝယ်စင်တာအနီးမှာ သတင်းယူနေရင်း အဖမ်းခံခဲ့ရပြီး အင်းစိန်ထောင်ထဲမှာ လေးလကြာနေထိုင်ခဲ့ရပါတယ်။ ထောင်ကပြန်ထွက်လာပြီးနောက်ပိုင်း ကျနော်ဟာ လွတ်မြောက်နယ်မြေတစ်ခုဖြစ်တဲ့ ကရင်ပြည်နယ်ထဲက လေးကေ့ကော်လို့ခေါ်တဲ့ ‌ KNU နယ်မြေထဲမှာ ခိုလှုံခဲ့ပါတယ်။ ကျနော်ကို အာဏာသိမ်းတပ်သား‌ တွေ သေနတ်နဲ့ ထိုးချိန်ပြီးဖမ်းဆီးဖို့ကြိုးစားချိန်မှာ ကျနော်က“သတင်းထောက်ပါ။သတင်းထောက်ပါ”လို့ ‌ယမ်းခိုးယမ်းငွေ့တွေ အူနေတဲ့ကြားထဲကနေ အော်ပြောပါသေးတယ်။အဲ့ဒီအချိန်မှာ သေနတ်ပစ်သံတွေကျနော်ကြားနေရပါတယ်။ အဲ့ဒီ ကိုးယောက်‌လောက်ရှိတဲ့အထဲက တပ်ကြပ်ကြီးတစ်ယောက်က“သတင်းထောက်လည်းဖမ်းကွာ၊ မင်းထွက်ပြေးလို့ကတော့ ပစ်မှာနော်။ ဒီမှာတွေ့လားသေနတ်”ဆိုပြီး ကျနော့် ဘယ်ဘတ်ရင်ဘတ်အပေါ် သေနတ်ထောက်ပြီး ပြောပါတယ်။ အဲ့ဒီတော့ ကျနော်ဘာဖြစ်လည်း။ကြောက်ရွံစိုးထိတ်စိတ်နဲ့ အဲ့ဒီအာဏာသိမ်းတပ်သားတွေကို အမှုန့်ကြိတ်ချင်လောက်အောင် ရွံ့ရှာမုန်းတီးစိတ်ဖြစ်ခဲ့ပါတယ်။ကျနော့်စိတ်ထဲမှာ မတရားဖမ်းးဆီးခံရတယ်ဆိုတဲ့စိတ်ဟာ တငွေ့ငွေ့လောင်ကျွမ်းနေခဲ့ချိန် ဖြစ်ခဲ့ပါတယ်။ ထောင်ထဲရောက်ခဲ့ချိန် တရားရုံးထွက်မှာလည်း အချူပ်ကားစောင့် ရဲတပ်သားတစ်ယောက်က […]