Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.


kaiSeptember 21, 20232min14640
ယခင်လက Zoom သင်တန်းလေးများအကြောင်း ရေးသားဖေါ်ပြခဲ့ပါတယ်။ ယခု ဒီ Zoom သင်တန်းလေးတွေရဲ့ benefits သို့မဟုတ် advantages လေးတွေ ထပ်မံ တင်ပြလိုပါတယ်။ ပထမဦးဆုံး တွေ့ရှိရတဲ့ benefit ကတော့ အကြိမ်ကြိမ် အဖန်ဖန် ပြန်လည်ကြည့်ရှုနားထောင်နိုင်ခြင်း ဖြစ်ပါတယ်။ In – person သင်တန်းမှာ ဆရာနှင့်၊ ဆရာမနှင့် တကြိမ်သာ တွေ့ခွင့် ရှိပါတယ်။ ယခု Zoom session တွေကို recording လုပ်ထားသည့်အတွက် တကြိမ်မဟုတ်၊ နှစ်ကြိမ်မဟုတ် ကြိမ်ဖန်များစွာ ပြန်လည် ကြည့်ရှုနားဆင်နိုင်ပါသည်။ နားမလည်မခြင်း၊ သဘောမပေါက်မခြင်း ပြန်လည် ကြည့်ရှုနားဆင်နိုင်ပါသည်။ တကယ့်ကို တန်ဖိုးကြီးတဲ့ advantage တခုပါ။ဒုတိယအချက်ကတော့ သင်ကြားပို့ချသွားတဲ့ lesson ကို နားထောင်နိုင်ရုံမက transcript […]


kaiSeptember 19, 202310min11690
ရှေးရိုးရာမြန်မာမှုဓလေ့မှင်ကြောင်စုတ်ထိုးခြင်းဆိုတာဘယ်အချိန်ကစတင်လာတာလဲဆိုတော့ပုဂံခေတ်ကလို့အနီးကပ်ဆုံးပြောရမယ် ၊ အဲဒီကစတင်ပြီး ပုဂံပင်းယအင်းဝကုန်းဘောင်မှယနေ့ခေတ်အထိတိုင်အောင်ပျောက်ပျက်မသွားပဲဆက်လက်တည်ရှိနေတာကိုတွေ့ရတယ်။ အကျဉ်းချုပ်ပြောရမယ်ဆိုရင် (၁)အလှအပနဲ့ပတ်သက်တဲ့ပန်းချီဆေးမင်ကြောင်စုတ်ထိုးခြင်း(၂) အထက်လမ်းနဲ့ပတ်သက်တဲ့ဆေး မင်ကြောင်စုတ်ထိုးခြင်း (၃) အောက်လမ်းနဲ့ပတ်သက်တဲ့ဆေး မင်ကြောင်စုတ်ထိုးခြင်း အဲဒီလိုအုပ်စု (၃) စုခွဲခြားလို့ရတယ် ( ၁ ) အလှအပနဲ့ပတ်သက်ပြီး(က)နံရံဆေးရေးပန်းချီများ ( ခ )ပေရွက် ထန်းရွက် ဝါးချပ် သစ်သားပြားပိတ်စတို့ပေါ်မှာရေးဆွဲခြင်း (ခန္ဓာကိုယ်အရေပြားပေါ်မှာအလှအပအဖြစ်ရေးဆွဲခြင်း လို့အကြမ်းအားဖြင့်ခွဲခြားသိရှိနိုင်တယ်) ( ၂ ) အထက်လမ်း အထက်ဂိုဏ်းနဲ့ပတ်သက်ပြီးဆေးမင်စုတ်ထိုးခြင်းဆိုတာကိုလဲလေ့လာကြည့်ရင် ( က ) အထက်ဆေးသုံးပါးဖြစ်တဲ့ ဘုရားလေးဆူဆေး ဘုရားငါးဆူဆေး နှစ်ကျိပ်ရှစ်ဆူဘုရားဆေး ရှင်သီဝလိဆေး ရှင်ဥပဂုတ္တဆေး သာသနာငါးထောင်ဆေး ရသေ့လေးပါးဆေး ဝိဇ္ဇာလေးပါးဆေး အန္တိမဆေးရိုးကြီး သိကြားနတ်ဗြဟ္မာဆေးနတ်မင်းကြီးလေးပါးဆေး သရသွတီ ( သူရသ၁တီ)ဆေးဒေဝိခုနှစ်ပါးဒေဝီကိုးပါး ဒေဝီဆယ့်နှစ်ပါးဆေး တွေကိုပေါင်းစပ်ဖော်ကျူးရတဲ့ဗိန္ဓောဆေးအချို့နဲ့ရောစပ်ပြီးသက်ဆိုင်ရာဂါထာတွေမန္တန်တွေရွတ်ဆိုသိဒ္ဓိတင်ပြီးဆေးမင်စုတ်ထိုးကြတယ်။ တခါအထက်ဆေးမှာပဲထပ်ပြီးခွဲထွက်လာတာကအလယ်ဆေးဆိုတာပါပဲ အဲဒီအလယ်ဆေးဆိုတာက ၂ မျိုးပေါ့( ၁ […]


kaiSeptember 16, 20232min13130
အတိုချုပ်မှတ်စု – အတိုချုပ်လေးအနေနဲ့ မှတ်သားစရာ အချို့အကြောင်းပြောရရင်ဖြင့် သိပ်လေးလံပြီး ပို့ရခက်တဲ့ဟာတွေဆိုရင် Craigslist သို့မဟုတ် Facebook Marketplace ကကောင်းပါတယ်။ မီးဖိုချောင်သုံး ပစ္စည်းအသေးတွေကတော့ eBay မှာ ရှယ်ပါ။ တကယ်လို့ ပစ္စည်းအများကြီး တွဲရောင်းမယ်ဆိုရင် ဘယ်လို ပို့မလဲကို အရင်စဉ်းစားရပါလိမ့်မယ်။ EBay ကတော့ တကမ္ဘာလုံးအတိုင်းအတာအနေနဲ့ အရောက်အပေါက် များတဲ့အတွက် လျှပ်စစ်ပစ္စည်းတွေအတွက် အဆင်ပြေပါတယ်။ သီချင်းစုချင်တဲ့သူတွေကတော့ Discogs ပါပဲ။ အားကစား ပစ္စည်းတွေပြန်ရောင်းချင်တာကတော့ SidelineSwap ရဲ့ အားသာချက်ပါ။ ဖတ်ရှင်ပစ္စည်းတွေ ရောင်းကောင်းတာကတော့ The RealReal နဲ့ Poshmark ပါပဲ။ ယောက်ျားလေး အဝတ်အစားနဲ့ အသုံးအဆောင်တွေကတော့ eBay မှာအဆင်ပြေလို့နေပါတယ်။ AptDeco တွေကတော့ ဝယ်တဲ့ပစ္စည်းတွေကို ပို့ပေးပါတယ်။ နောက်ပြီး […]


kaiSeptember 16, 20236min31870
သဘာဝကပေးတဲ့ခန္ဓာကိုယ်နဲ့ ခန္ဓာကိုယ်ကပြဌာန်းထားတဲ့သတ်မှတ်ချက်တွေကို ငြင်းဆန်ပြီး အများစုနဲ့ ကွဲလွဲတဲ့ လိင်ခံယူမှုနဲ့ လိင်တိမ်းညွှတ်မှုရှိသူတွေဟာ လူမျိုးပေါင်းစုံတွေမှာ နှစ်ပေါင်းများစွာလက်ခံထားတဲ့ လူမှုရေးစံနှုံးSocial norma တွေ၊ ဘာသာပေါင်းစုံကပြဌာန်းချက်တွေနဲ့ ကြားထဲက ကျယ်ပြောနက်ရှိုင်းလှတဲ့အကွာအဝေးကြီးကို နှစ်ပေါင်းများစွာ တိုက်ပွဲဝင်ညှှိုယူခဲ့ကြရတာဟာ ဒီနေ့ထက်ထိပါပဲ။ ဒီနေ့ထိလဲ သူတို့ဟာ သူတို့ရဲ့ရပိုင်ခွင့်တွေအတွက် ဆက်ပြီးတိုက်ပွဲဝင်နေကြရတာပါပဲ။ ရှေ့ကာလတွေမှာ လူမျိုးပေါင်းစုံတွေရဲ့ယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေနဲ့ ဘာသာပေါင်းစုံရဲ့ပြဌာန်းချက်တွေနဲ့ထိပ်တိုက်တွေ့ခဲ့ကြတဲ့အခါမှာ သမိုင်းမှတ်တမ်းဖြစ်လာခဲ့တဲ့ LGBTQ + တွေရဲ့ အကျအဆုံးတွေ၊ နှိမ့်ချခွဲခြားဆက်ဆံခံရခြင်းတွေဟာ ဒီတိုက်ပွဲတွေကိုဖန်တီးပေးတဲ့အကြောင်းအရာတွေဖြစ်ခဲ့သလိုဒီတိုက်ပွဲတွေခွန်အားကောင်းအောင် စိတ်ဓာတ်ပိုင်းဆိုင်ရာတွန်းအားပေးနေတဲ့စွမ်းအင်တွေလဲဖြစ်ခဲ့ပါတယ်။ LGBTQ+ ဆိုတာနဲ့ နာမ်စားစကားလုံးတွေ LGBTQ+ ဆိုတဲ့အက္ခရာတလုံးချင်းစီရဲ့ အဓိပ္ပာယ်တွေဖြစ်တဲ့ lesbian, gay, bisexual, and transgender, queer or questioning ဆိုတာကို လူတော်တော်များများသိပြီးသားဖြစ်ကြမှာပါ။ အဲ့ဒီ့မှာ သတိပြုစရာက LGBTQ+ ဆိုတာဟာ အက္ခရာစုလိုက် လူမှုအဖွဲ့အစည်းတခုအနေနဲ့ […]


kaiAugust 31, 20233min25020
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလိုက်ပြီး တစ်လနီးပါးအကြာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၂၇ရက်နေ့မှာ ကျနော်ဟာရန်ကုန်မြို့၊ကမာရွက်မြို့နယ်၊ ဆင်ရေတွင်းမှတ်တိုင်နားက ဂမုန်းပွင့် ဈေးဝယ်စင်တာအနီးမှာ သတင်းယူနေရင်း အဖမ်းခံခဲ့ရပြီး အင်းစိန်ထောင်ထဲမှာ လေးလကြာနေထိုင်ခဲ့ရပါတယ်။ ထောင်ကပြန်ထွက်လာပြီးနောက်ပိုင်း ကျနော်ဟာ လွတ်မြောက်နယ်မြေတစ်ခုဖြစ်တဲ့ ကရင်ပြည်နယ်ထဲက လေးကေ့ကော်လို့ခေါ်တဲ့ ‌ KNU နယ်မြေထဲမှာ ခိုလှုံခဲ့ပါတယ်။ ကျနော်ကို အာဏာသိမ်းတပ်သား‌ တွေ သေနတ်နဲ့ ထိုးချိန်ပြီးဖမ်းဆီးဖို့ကြိုးစားချိန်မှာ ကျနော်က“သတင်းထောက်ပါ။သတင်းထောက်ပါ”လို့ ‌ယမ်းခိုးယမ်းငွေ့တွေ အူနေတဲ့ကြားထဲကနေ အော်ပြောပါသေးတယ်။အဲ့ဒီအချိန်မှာ သေနတ်ပစ်သံတွေကျနော်ကြားနေရပါတယ်။ အဲ့ဒီ ကိုးယောက်‌လောက်ရှိတဲ့အထဲက တပ်ကြပ်ကြီးတစ်ယောက်က“သတင်းထောက်လည်းဖမ်းကွာ၊ မင်းထွက်ပြေးလို့ကတော့ ပစ်မှာနော်။ ဒီမှာတွေ့လားသေနတ်”ဆိုပြီး ကျနော့် ဘယ်ဘတ်ရင်ဘတ်အပေါ် သေနတ်ထောက်ပြီး ပြောပါတယ်။ အဲ့ဒီတော့ ကျနော်ဘာဖြစ်လည်း။ကြောက်ရွံစိုးထိတ်စိတ်နဲ့ အဲ့ဒီအာဏာသိမ်းတပ်သားတွေကို အမှုန့်ကြိတ်ချင်လောက်အောင် ရွံ့ရှာမုန်းတီးစိတ်ဖြစ်ခဲ့ပါတယ်။ကျနော့်စိတ်ထဲမှာ မတရားဖမ်းးဆီးခံရတယ်ဆိုတဲ့စိတ်ဟာ တငွေ့ငွေ့လောင်ကျွမ်းနေခဲ့ချိန် ဖြစ်ခဲ့ပါတယ်။ ထောင်ထဲရောက်ခဲ့ချိန် တရားရုံးထွက်မှာလည်း အချူပ်ကားစောင့် ရဲတပ်သားတစ်ယောက်က […]


kaiAugust 25, 20234min9280
သြဂုတ်လသည် သမိုင်းဝင်ရှစ်လေးလုံးအရေးတော်ပုံကြီး၏ ကျောက်စိမ်းရတု-၃၅နှစ်ပါတ်လည်လဖြစ်ပါသည်။ မြန်မာ့သမိုင်းကို ကြည့်လျှင် စုက္ကတေးမင်း၏ “ညီသားနောင်မယ်”စကားအကြောင်းပြု သတ်ဖြတ်အာဏာလုခဲ့သော ပထမမြန်မာနိုင်ငံတော်တည်ထောင်သည့် အနော်ရထာမင်းမှသည် ယခုအထိ လက်နက်အင်အားအားကိုးဖြင့် အာဏာသိမ်းသည့် ဓလေ့ဖြင့်သာသွားနေသည်ကိုတွေ့ရမည်။ သက်ဦးဆံပိုင်ဘုရင်ရာထူးအား လွန်စွာကြီးမြတ်အာဏာစွမ်းထက်လွန်းပုံ ဆွဲတင်ထားရကား လူတိုင်းလိုချင်သောအိပ်မက်နေရာရယ်ပါ။ သမိုင်းလာ ဘုရင်ဘုန်းတော်ဘွဲ့တို့မှာ “ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော ဧကရာဇ်မင်းမြတ် ရွှေနန်းရှင်အရှင်ဘုရား၊ အသက်ဦးဆံပိုင်အရှင် ရွှေနန်းရွှေပြာသာဒ်သခင် ဆင်ဖြူဆင်နီတို့၏သခင်အရှင် ဘဝရှင်မင်းတရားကြီးဘုရား” ဟူသတတ်။ ထိုမျှ ကြီးမြတ်သောနေရာသည် အင်အားပါဝါရှိသည်နှင့် လုယူသိမ်းပိုက်ရန်လည်းလွယ်လွန်းလှ၏။ ဘုရင်ကိုသတ်လျှင် ဘုရင်ဖြစ်နိုင်သည်။ ဘုရင်နေရာရသည်နှင့် သစ္စာခံသူများအသီးသီးပေါ်လာကြကာ လူသားအချင်းချင်း လွန်စွာချီးမြှောက်ကိုးကွယ် လိုက်ရကား ထိုသူသည် သက်ဦးဆံပိုင်ရေမြေ့သနင်း ဖြစ်သွားသတည်း။ စစ်အင်အား စည်းလုံးစုဆောင်းပြီး တထီးတနန်းတည်ထောင် ဘုရင်တက်လုပ်နိုင်သည်လည်းရှိ၏။ မြန်မာနောက်ဆုံးကုန်းဘောင်မင်းဆက်ဟူသည် မုဆိုးဖိုရွာသူကြီးဦးအောင်ဇေယျမှ နန်းထောင် အလောင်းဘုရားဘွဲ့ခံ ဘုရင်လုပ်ခြင်းမှ စခဲ့သည်မဟုတ်ပါလော။ ရွေးကောက်တင်မြှောက်ခြင်း မျိုးရိုးစဥ်ဆက်လိုက်ခြင်းမရှိ/မင်းဆီမင်းသွေးမလို။ ရဲလျှင်မင်းဖြစ်၏။ […]


kaiAugust 24, 20233min10060
တက်နိုလိုဂျီသုံး၍ အင်္ဂလိပ်စာ သင်ယူကြပါစို့။ယခုခေတ်က Technology ခေတ်လို့ ဆိုရင် မှားမည်မထင်ပါ။ စာရေးသူတို့ မျက်စေ့ရှေ့မှောက်၌ပင် ယခင်က လုံးဝမဖြစ်နိုင်ဟု ထင်ခဲ့သည့်ကိစ္စများ အမှန်တကယ် ဖြစ်လာသည်ကို တွေ့ရှိနေကြရပါသည်။ Driverless cars ဆိုတာမျိုးကို တချိန်က ယုံတမ်းစကားလို ပြောခဲ့ကြတာပေါ့။ ယခုတော့ လက်တွေ့မြင်နေကြရတော့ တကယ်ပါလို့ လက်ခံရပြီပေါ့။ ဒီလို ထူးထူးဆန်းဆန်းတွေ ဖြစ်နေချိန်မှာ အင်္ဂလိပ်စာ သင်ယူကြသည့်အခါ၌လည်း Technology ကို လေးလေးနက်နက် လေ့လာပြီး မိမိတို့အကျိုးအတွက် အသုံးချတတ်ဖို့ လိုလာပြီပေါ့နော်။ ဦးစွာပထမ Zoom သင်တန်းလေးများအကြောင်း ဖေါ်ပြလိုပါသည်။ Covid ကာလမှစ၍ in-person သို့မဟုတ် face-to-face အင်္ဂလိပ်စာ သင်တန်းလေးများအစား Zoom သင်တန်းများ ပေါပေါက်ခဲ့ပါသည်။ ယခု Covid ကာလ ကျော်လွန်ခဲ့ပြီဖြစ်သော်လည်း […]


kaiAugust 5, 20234min24160
Hate speech ကို “ရန်လိုရွံမုန်းခြင်းစကား”လို့ ဆိုလိုက်ရင် မုန်းတီးခြင်းတမျိုးထဲသာမကဘဲ နောက်ဆက်တွဲ အဲ့ဒီထက်ပိုမိုနက်ရှိုင်းပြီးဆိုးရွားတဲ့ လူမျိုးရေးခွဲခြားမှု၊ အသားအရောင်ခွဲခြားမှု၊ လိင်ကွဲပြားမှုနဲ့ လိင်ခံယူမှုတွေကိုအရင်းခံတဲ့ ရန်လိုခြင်းအန္တရာယ်တွေပါ အကျိုးဆက်အနေနဲ့ တစ်တွဲထဲ ပါလာတာမျိုးမို့ ဒီဝေါဟာရဟာ ဘယ်လိုလူမှုအသိုင်းအဝိုင်းမှာမဆို အန္တရာယ်မီးတဟုန်းဟုန်းတောက်စေတဲ့ မီးပွားပါပဲ။ နှုတ်နဲ့စတဲ့ရန်လိုရွံမုန်းခြင်းစကားဟာ လေထဲမှာမပျောက်ဘဲ လေထဲကနေ ဗိုင်းရပ်စ်ပိုးလို လူသိန်းချီသန်းချီကူးစက်သွားသလို အခုလို နည်းပညာတိုးတက်တဲ့ကာလမှာ Social media ကနေ Post, Live video, Comment တွေကနေအစပျိုးလိုက်တဲ့ ရန်လိုရွံမုန်းခြင်းစကားတွေဟာ မပြီးနိုင်မစီးနိုင်ဘဲ စက္ကန့်ပိုင်းအချိန်ကာလမှာတင် ရန်လိုမုန်းတီးခြင်းတွေကို လူသိန်းချီသန်းချီ ကမ္ဘာအနှံ့ကို ပျံ့နှံ့သွားစေတဲ့အကြောင်းတရားတခုဖြစ်တာမို့ အဟန့်အတားမရှိ လွတ်လပ်စွာပြောပိုင်ခွင့်ကို ဒီမိုကရေစီစနစ်နဲ့ဖွင့်ပေးထားတဲ့နိုင်ငံတွေမှာလည်း ဒီကိစ္စဟာ စိန်ခေါ်မှုတခုဖြစ်နေပါတယ်။ နည်းပညာတိုးတက်မှုကို ခြေလှမ်းတွေတဆင့်ပြီးတဆင့်လှမ်းတက်နေချိန်မှာ အဲ့ဒီနည်းပညာတိုးတက်မှုကိုအသုံးချပြီး လူမှုအသိုင်းအဝိုင်းကိုအကျည်းတန်စေတဲ့ Hate speech ကို ဟန့်တားနိုင်ဖို့လည်း […]


မြန်မာပြည်သတင်းဒိုင်ယာရီ သင့်အေးရိပ် စုဆောင်းတင်ပြသည်။ July 17 ။ စစ်ကောင်စီက ရခိုင်ဒေသ၊ မုန်တိုင်းဒဏ် ခံရတဲ့ ဒေသတွေက အိမ်ထောင်စုတွေကို ထောက်ပံ့တာတွေ ပြုလုပ်ပေးနေပြီး ဇူလိုင်လထဲမှာတော့ ရသေ့တောင်မြို့နယ်ထဲက ကျေးရွာစုတွေဆီလာရောက် ထောက်ပံ့တာတွေ ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ ရသေ့တောင်မြို့နယ်က မိုခါမုန်တိုင်းကြောင့်ကျေးရွာပေါင်း ၅၀ ကျော်ရဲ့ ၉၅ % နီးပါး ပျက်စီးခဲ့ပါတယ်။ UNOCHA မြန်မာရဲ့ ထုတ်ပြန်ချက်တွေအရကတော့ ကူညီကယ်ဆယ်ရေးအတွက် နိုင်ငံတကာအဖွဲ့တွေရဲ့ခရီးသွားခွင့်တွေလည်း ကန့်သတ်ခံထားရဆဲ ဖြစ်ကြောင်း သိရပါတယ်။ NUG ကြားကာလ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ US ကနေ ဒရုန်းတွေ၊ သံချပ်ကာမော်တော်ယာဉ်တွေ၊ ရေဒါစောင့်ကြည့်မှုကိရိယာတွေ ဝယ်ယူဖို့အပါအဝင်လက်နက်မဟုတ်တဲ့ အကူအညီနဲ့ လူသားချင်းစာနာမှုအကူအညီတွေအတွက် စုစုပေါင်း ဒေါ်လာ ၅၂၅ သန်း အကူအညီတောင်းခံထားကြောင်း သိရပါတယ်။ သို့ပေမဲ့ မြန်မာအရေးဟာUS […]


kaiJuly 25, 20232min15550
“၁၇နှစ်သား ပုံနှိပ်စာစောင်၂၀၀၆ ဇူလိုင်မှစ၍ အယ်ဒီတာ့သင်ပုန်းရေးခဲ့သည်မှာ ယခုလတွင် ၁၇နှစ်တိုင်လေပြီ။ အပုဒ်ပေါင်း၁၇၄ခု ရှိပါ၏။ ယခုထိမည်သည့်အဖွဲ့အစည်းအထောက်အပံ့မှမပါ ကြော်ငြာရှင်များ၏ကြော်ငြာခဖြင့်ရပ်တည်နေနိုင်ခဲ့သည်ဖြစ်၍ တနည်းအားဖြင့် Grassroots ခေါ်လူထုအခြေပြုပုံနှိပ်မီဒီယာဟု ဆိုရဲသည်။ မြန်မာပြည်ပြင်ပတွင် ပုံမှန်ပုံနှိပ်ထုတ်ဝေနိုင်သည့် သက်တမ်းအကြာဆုံးပုံနှိပ်မီဒီယာအဖြစ်လည်း ဂုဏ်ယူမိပါသည်။ L.A. Times ၏မျက်နှာဖုံးတွင် အယ်ဒီတာချုပ်အနေဖြင့်အင်တာဗျူးသတင်းသီးသန့်ပါဖူးခဲ့သလို AFPသတင်းဌာန၏ ဗီဒီယိုအင်တာဗျူးလည်းရိုက်ကူးခံခဲ့ရဖူးသည်။ အမေရိကဖက်ဒရယ်အစိုးရဌာနများမှသည် ပြည်နယ်အစိုးရတို့၏ ကြော်ငြာ/အသိပညာပေးသတင်းဆောင်းပါးများသာမက ဖိတ်ခေါ်သင်တန်းပေးမှုများ အစိုးရအလုပ်ခေါ်စာများလည်း ထည့်ဖူးပါဖူးသည်။ အိမ်ဖြူတော်သို့ သတင်းယူပါရန်ဖိတ်ခေါ်ခံရသလို လူထုစစ်တမ်းကောက်ယူရာတွင် သန်းခေါင်စာရင်းဗျူရို၏ အစည်းအဝေးများသို့လည်း တိုက်ရိုက်တက်ရောက် မြန်မာတို့အကြောင်းရှင်းပြခွင့်ရခဲ့၏။စာကြည့်တိုက်ကြီးများတွင်လည်း ဒစ်ဂျစ်တယ်အဖြစ် မြန်မာဂဇက်ကိုသိမ်းဆည်းထားသည်ဖြစ်၍ သင်/ငါတို့လွန်ပြီးသောနှစ်တို့ဝယ် အမေရိကသမိုင်း၏ တစိတ်တပိုင်းအဖြစ် ကျန်ရစ်ပါလိမ့်မည်။မျိုးဆက်သစ်များ ကျောင်း/တက္ကသိုလ်များသို့သွားရာတွင် လိုအပ်သည့်ခရက်ဒစ်များ ဗော်လန်တီယာကိစ္စများအတွက် တခုတည်းသော သက်ဝင်ပုံနှိပ်မီဒီယာအဖြစ် အကူအညီပေးနိုင်ပါသည်၊ အသုံးပြုကြပါလေ။အသုံးပြုနိုင်ခြင်းအတွက် ကျေးဇူးတင်ရမည်မှာ ကြော်ငြာရှင်များဖြစ်ပါ၏။ အသိအမှတ်ပြုသောအားဖြင့် ကြော်ငြာရှင်များ၏ စီးပွားရေးလုပ်ငန်း/ဆားဗစ်များကို […]


kaiJuly 21, 20232min14980
ယခုလမှာ စာဖတ်သူတိုင်းရဲ့ ကိုယ်ပိုင်စာကြည့်တိုက်လေးများမှာ ရှိသင့်ရှိထိုက်တဲ့ Self-help စာအုပ်လေးများအကြောင်း ဖေါ်ပြပေးမှာ ဖြစ်ပါတယ်။ Selp-help ဆိုတာ ယခုခေတ်မှာ တော်တော်လေးထင်ပေါ်ကျော်ကြားလာတဲ့ genre လို့လည်း ခေါ်နိုင်ပါတယ်။ ဒီလို Self-help စာအုပ်လေးများကို အချို့က How- to စာအုပ်လေးများလို့လည်း ခေါ်ပါတယ်။ဦးစွာပထမ အားလုံးကြားဘူးကြတဲ့ Dele Carnegie ရဲ့ How to Make Friends and Influence People ဆိုတဲ့ စာအုပ်လေးကို ညွှန်းလိုပါတယ်။ ဒီစာအုပ်လေးကို မသိသူ ရှားပါတယ်။ ဖတ်ဘူးကြမှာပါ။ သို့သော် နေအိမ်မှာ ဝယ်ယူသိမ်းဆည်းထားတဲ့အဆင့်တော့ ရောက်ချင်မှရောက်မှာပေါ့။ ဒီတော့ ဝယ်ယူဖြစ်အောင် ဝယ်ယူပြီး တမြတ်တနိုးဖတ်ရှုကြဖို့ တိုက်တွန်းလိုပါတယ်။ အလုပ်မှာရော၊ Personal Life မှာရော ထူးထူးခြားခြား […]