အပြင်မှာ မာခေါက်ခေါက် အတွင်းမှာချို ပုံရမယ်ထင်ရတဲ့ ရွာ့ ကဏန်း နှင့် ကခုန်ခြင်း မဟုတ်။  :wink:

ဂဏန်း (သချာင်္) နှင့် ကခုန်ခြင်းပါ။

သချာင်္ ဆိုလို့ မျက်လုံးအရောင်တောက် သွားမည့်သူများ ရှိက မှားပါမည်။

လူ သချာင်္ မဟုတ်ပါ။ ကိန်းဂဏန်း များကို ဆိုလိုခြင်းဖြစ်၏။။

 

“လစဉ် အကြိုက်ဆုံး စာမူ ကြေညာပွဲ နဲ့ ကိန်းဂဏန်းများ ဘာဆိုင်လို့လဲ” လို့ ထင်နိုင်ပါ တယ်။

မှန်ပါတယ်။ ဘာမှ မဆိုင်ပါ။

ရှေ့က စာရေးကောင်းသူ တွေရဲ့ အဖွဲ့အနွဲ့ အသော အရွှန်း ကောင်း လေးတွေ လို ရေး ချင်ပေမဲ့ ဘယ်လို စရေးရမှန်း ကို မသိတာ က တစ်ကြောင်း၊

အရင်ထဲက ဒီ အကြောင်းကို တူးဆွချင်နေပေမဲ့ လက်က မပါနိုင် ခဲ့တာမို့ အခု မရေးမဖြစ် ရေး ရမဲ့ အချိန် မှာ ကိုယ်ပြောချင်တာ ကို ထည့်ပေးလိုက်ချင်တာက တစ်ကြောင်း၊

ဒီ အကြောင်းတွေ နဲ့  မဖွဲ့အနွဲ့ မလိုတဲ့ တုံးတိတိ ဂဏန်း တွေ ကို ပွဲထုတ် ပေးလိုက် ပါ တယ်။

သည်းခံပြီး အတူတူ တွဲ က ပေးကြပါ။

 

ဂဏန်း ကြောင်း ရဲ့ အစ ကို ပြန်ချီရရင် ဒီရွာ ရဲ့ သူကြီးမင်း ကို ဆွဲထည့်ရပါမယ်။

ကျွန်မတို့ သူကြီးမင်းဟာ ရွာမှာဖြင့် စာဖတ်သူ ဘယ်လောက် ရှိကြောင်း၊ ရွာသူ/သား အင်အား ဘယ်လောက် ရှိကြောင်း ဝင့်ကြွား စွာ မိန့်လေ့ရှိတာ အများသူငါ အသိပါဘဲ။

 

သူ့ဆီကနေ ရွာထဲမှာ မှတ်ပုံတင်ထား သူ အရေအတွက် နဲ့ စက်တင်ဘာလ အတွက် စာဖတ်သူ statistics ကို တောင်းကြည့်ခဲ့ပါတယ်။

ရွာထဲမှာ မှတ်ပုံတင်ထား သူ အရေအတွက်  က ၉၆၇၉

အဖွဲ့ဝင် တစ်သောင်း ပြည့်လုပြည့်ခင် လေးပေါ့။

စက်တင်ဘာ ၂ရက် နေ့ကနေ အောက်တိုဘာ ၂ရက်နေ့ အထိ ရွာကို စာဖတ်သူပေါင်း ၈၆,၁၂၆ ဝင်ရောက်အားပေးခဲ့ပါတယ်။

အဲဒီ စာရင်းအရ ဆိုရင် လူသစ် များ ဝင်ရောက်အားပေးမှု ဟာ ၄၁.၅၄% ဖြစ်တာမို့ အလွန်အားရ ဖို့ ကောင်းပါတယ်။

စာဖတ်သူ များရဲ့ ဝင်ရောက်လာတဲ့ အကြိမ် က “၁၆၇၉၂၁” Visit ဖြစ်ပါတယ်။

နိုင်ငံအလိုက် Visit ဇယား နဲ့ ဂရပ်ဖ်ပုံ ကို ကြည့်ပါ။

1.

Myanmar [Burma]

121,593 72.41%
2. Malaysia 8,587 5.11%
3. Singapore 7,913 4.71%
4. United States 6,794 4.05%
5. Thailand 6,386 3.80%
6. (not set) 2,730 1.63%
7. China 2,150 1.28%
8. South Korea 2,032 1.21%
9. Japan 1,906 1.14%
10. Australia 1,042 0.62%

အဲဒီ ဇယား အရဆိုရင် ရွာထဲ ကို ဝင်လာတဲ့ သူ များရဲ့ လေးပုံ သုံးပုံ နီးပါး ဟာ မြန်မာပြည် က ဖြစ်ပါတယ်။

ဆိုရရင် ဒီ website ဟာ မြန်မာပြည် က လူများရဲ့ စိတ်ဝင်စားမှု ကို ပိုရတဲ့သဘောပေါ့။

အဲဒီ ဂရပ်ဖ်ထဲက ဂဏန်း တွေကို ဆက်လေ့လာရင် စိတ်ဝင်စားဖွယ် တစ်ခု က Average Visit Duration ပါ။

အဲဒီမှာ ပျမ်းမျှဝင်ဖတ်နှုန်း က တစ်ကြိမ်ဝင်ရင် ၆ မိနစ် ကျော်ကျော် ဘဲ ရှိတာပါ။

ဒီ ၆မိနစ် ဆိုတာ Post တွေကို ဖတ်ဖို့ သိပ်ပြီး လုံလောက်တဲ့ အချိန်တော့ မဟုတ်လောက် ပါဘူး။ ဒါဟာ မြန်မာပြည်က လူအများ ကိုးနတ်ရှင်ကို အံတုပြီး စိတ်ရှည်သည်းခံစွာ နဲ့ ကြိမ်ဖန် များ စွာ ဝင်လိုက်၊ ထွက်လိုက် လုပ်နေကြရတာ ကို ပြနေတဲ့ ရလာဒ် လားလို့ တွေးနေမိ ပါတယ်။

ဒီရလာဒ် ဂဏန်း ကို ပိုပြီးကောင်းလာစေဖို့ ကတော့ မြန်မာပြည် ကိုးနတ်ရှင် ကောင်းဖို့ ပါဘဲ။

ဒီအတွက် သူကြီးမှ အထူးတာဝန်ယူပြီး ပိုကောင်းတဲ့ ကိုးနတ်ရှင် အတွက် ဆောင်ရွက်ပေး ဖို့ စဉ်းစားသင့်သလားဘဲ။

 

ဆက်ရရင် ဒီ သိန်းချီ နေတဲ့ ဝင်ရောက်ကြည့်ရှုမှု နဲ့ သောင်းနီးပါးရောက် နေတဲ့ အဖွဲ့ ဝင်များ အတွက် သူကြီး မှာ အားရ ပီတိဖြစ်နေပုံရပါတယ်။

သူကြီးကတော့ (သူ့လက်သုံးစကား) နှစ်၁၀၀ဝ ကျိန်စာ ကနေ လွတ်နေသူလို့ မှတ်ထားတာ။

တကယ်တော့ သူ့ခမျာလဲ ကျွန်မတို့ မြန်မာအစိုးရ (ယခင်လို့သာထားပါတော့) လိုဘဲ ထိုးပြတဲ့ ကိန်းဂဏန်း တွေ ကို ယုံကြည်ပြီး ဟုတ်လှပြီထင်နေသလားဘဲ။

 

ဒီလို အမှန် အားရစရာ လို့ မမြင်မိတာကြောင့် ဂဏန်းများ နဲ့ ကခုန်ခဲ့ခြင်း ပါဘဲ။

(ကျွန်မ တွေ့ရှိချက် မှားရင်လဲ မှားနိုင်ပါတယ်)

 

စက်တင်ဘာလ အတွင်းက တင်ခဲ့တဲ့ Post တွေကို စာရင်းပြုစုကြည့်ခဲ့ပါတယ်။

အောက်မှာ ဂရပ်ဖ်ပုံ နဲ့ ပြထားတာ တွေ့ရှိချက်ပါ။

၂၀၁၂ခုနှစ် စက်တင်ဘာလ အတွင်း Post ပေါင်း ၄၅၄ပုဒ် နဲ့ Post တင်သူ ၁၄၉ ဦးဖြစ်ပါတယ်။

ဒီတော့ ပျမ်းမျှ အားဖြင့် တစ်လမှာ လူတစ်ယောက် က  ၃ပုဒ်ဘဲ တင်တဲ့ သဘောပါဘဲ။

အဲဒီ Post တင်သူ ၁၄၉ဦး ကို ထပ်ပြီး ခွဲကြည့်ရင်

 

ပုဒ်ရေ (၂၀) ပုဒ် အထက်တင်သူ (၁) ဦး

ကိုပေါက်(မန္တလေး)

 

ပုဒ်ရေ ၁၅ပုဒ် မှ ၂ဝပုဒ် အတွင်း တင်သူ (၂) ဦး

aung moethu, DEPARKO

 

ပုဒ်ရေ ၁ဝပုဒ် မှ ၁၄ပုဒ် အတွင်း တင်သူ (၅) ဦး

ကိုခင်ခ, ကို သာ, manawphyulay, ကြောင်ကြီး, kai

 

ပုဒ်ရေ ၅ပုဒ် မှ ၉ပုဒ် အတွင်း တင်သူ (၁၈) ဦး

မောင်ပေ, အလင်းဆက်, Thaw Zin Loikaw, Alpha Vanishing, မဟာရာဇာ အံစာတုံး, zipper john,

the best, may flowers, လုံမလေး မွန်မွန်, htet way, Black Cloud, ရွှေအိမ်စည်, သူရဿဝါ

ကိုရင်စည်သူ, Novy, Kyaemon, Bl4ck_B4dB0y, ဝင့်ပြုံးမြင့်

 

ပုဒ်ရေ ၂ပုဒ် မှ ၄ပုဒ် အတွင်း တင်သူ (၅၆) ဦး

ရင် နင့် အောင်, မြတ်ကျော်သူ. ထွန်း ပြောင်, ကထူးဆန်း, Thu Wai, phone_kyaw, Mobile

maung khinmin, Ma Ei, kotun winlatt, Ko out of., foot y, ကြောင်လေး, ကြောင်ဝတုတ်

ဦး ကျောက်ခဲ, ရှူံးနိမ့်မှုများနဲ့.. လူ, ဒဿ ဖွတ်ကျား, weiwei, TTNU, Swal Taw Ywet

Surmi, spyhacker satan, R Ga, marblecommet, Htoo thin, candle, ariyathitsa

နေဝန်းနီ, စေပိုင်ထွဋ် (ပုသိမ်), ဦးဦးပါလေရာ, အရီးခင်လတ်, အတိသဉ္ဖာ နာဂရချစ်သူ, ရဲစည်, ရာဇဝင်လူဆိုး, မုယော, မျိူးချစ် နဂါး, ပန်းစံပါယ်, စိန်ဗိုက်ဗိုက်, Zaw Wonna, zaw win,

YE YINT HLAING, Wow, wintayzahlaing, Thu Ra Tha Wah, si tone, pooch, padonmar,

Nyein Chan, Maungmoenyo, Ma ma01306, linnlinnn, kyeemite, Ko Nge , Green Rose,

Foreign Resident, athwe lay

 

ပုဒ်ရေ ၁ပုဒ်သာ တင်သူ (၆၇) ဦး

အေးဝတီ ကြီး, ရွှေညာသား, ရွှေ ကြည်, မှော်ဆရာ, မောင် ဓုဝ, ဇောက် ထိုး, ကြေးမုံ ဂျီး, ဦး ဗိုလ်သိန်း

သုရှင်, ဝူးဝါးဝူးဝါး, လူမုန်း စစ်မုန်း, ရွာစားကျော်, ရှမ်းပြည်သား, နွယ်ပင်, မိုးကျရွှေကိုယ်, မိုး မင်းသား

ဖိုးကြက်တောင်, တစ္ဆေ, တပည့် ကြီး, ညလေး, ဆိုုး t, ခပ်မိုက်မိုက် ကောင်မလေး , ချစ်ရင်ထူး II,

ကိုပါကြီး, Victory, uncle gyi, Tun Tun Naing, top star, TheWinner, than shwe mg, Sonny,

shwe tallatr, Pye Kun Zaw, professor dr, pazflor, P chogyi, nigimi77, Mလုလင်, myohtat, myanmar oscar, min chan lawi htaw, MH K, me dain, MAUNG, Mara Yu, MaMa, mab kzb, lynn lynn, Lu Min, KyawThein, koko chit, Ko Malt , Khaing Khaing, kaungsumyatsan,

Kaung Say Chin, kaung myat, kalink, Justice AB, Ju Jue, gyinkalay, fatty, etone, Charm Boy, Aung, Arkar11, areno areno, amatmin

 

အများစုဟာ တစ်ပါတ် ကို တစ်ပုဒ် တောင် မတင်ကြပါဘူး။

သဘောကတော့ မန်ဘာများမှ တစ်ပါတ် တစ်ပုဒ် သာတင်ဦး ဒါထက် အများကြီး ကောင်းတဲ့ ကိန်းဂဏန်း ရနိုင်ပါသေးတယ်။

 

Post တစ်ခု မှာ တွဲရက် အရေးတကြီး ပါရမဲ့ မှတ်ချက်ပေးသူများရဲ့ ကိန်းဂဏန်းပြ ဂရပ်ဖ်ပုံ ကိုလဲ ကြည့်ပါ။

(မှတ်ချက် များအတွက် စာရင်းမှာ စက်တင်ဘာ ၁ ရက်မှ ၁၅ရက် အတွင်း ကိုသာ ပြုစုထားနိုင်ပါသည်)

၂၀၁၂ခုနှစ် စက်တင်ဘာ(၁) ရက် မှ စက်တင်ဘာ(၁၅) ရက် အထိ

မှတ်ချက် အခု(၁၀၀) ရဲ့ အထက် ပေးသူ (၂) ဦး

မောင်ပေ, မဟာရာဇာ အံစာတုံး

 

မှတ်ချက် (၇၅)ခု မှ (၁၀၀)ခု အကြား ပေးသူ (၁) ဦး

Pooch

 

မှတ်ချက် (၅၀)ခု မှ (၇၄)ခု အကြား ပေးသူ (၁၁) ဦး

အရီးခင်လတ်, surmi, etone, ကိုခင်ခ, Kyeemite, MaMa, အတိသဉ္ဖာ နာဂရချစ်သူ

Kai, ကထူးဆန်း, ကြောင်ကြီး, ဒဿ ဖွတ်ကျား

 

မှတ်ချက် (၂၅)ခု မှ (၄၉)ခု အကြား ပေးသူ (၂၅) ဦး

Shwe Ei, ဦးဦးပါလေရာ, အလင်းဆက်, Moe Z, ရွှေ ကြည်, Crystalline,

Khaing Khaing, လုံမလေး မွန်မွန်, Hnin Hnin, မိုက်ကယ်ဂျော်နီအောင်ပု, ကိုပေါက်(မန္တလေး), Manawphyulay, Ma Ei, may flowers, ရာဇဝင်လူဆိုး,

mayjuly, Shwe Tike Soe, ခပ်မိုက်မိုက် ကောင်မလေး, Mon Kit, ကြောင်ဝတုတ်, kotun winlatt, nozomi, padonmar, Wow, စိန်ဗိုက်ဗိုက်

 

မှတ်ချက် (၂၄)ခု မှ (၂၀)ခု အကြား ပေးသူ (၈) ဦး

Mလုလင်, linnlinnn, ကိုရင်စည်သူ, ရဲစည်, Foreign Resident

San Hla Gyi, YE YINT HLAING, သစ် တည်

 

မှတ်ချက် (၁၅)ခု မှ (၁၉)ခု အကြား ပေးသူ (၉) ဦး

nigimi77, ဦး ကျောက်ခဲ, amatmin, weiwei, P chogyi,

Kyaw Myo Thet, Novy, ကြည်ဆောင်း,  ဆူး

 

မှတ်ချက် (၁၀)ခု မှ (၁၄)ခု အကြား ပေးသူ (၁၆) ဦး

Cobra, TTNu, aanyar thar, candle, char too lan, Htoo thin

ဦး ဂျစ်, နေဝန်းနီ, aung moethu, Good™, pyopyo may, nature

R Ga, Thu Wai, ထွန်းပြောင်, နွယ်ပင်

 

မှတ်ချက် (၅)ခု မှ (၉)ခု အကြား ပေးသူ (၃၁) ဦး

လူစိုးကြီး, ဝင့်ပြုံးမြင့်, ahnyartamar, Alpha Vanishing, htet way, Black Cloud

Kolumbus, si tone, TNA, zarlay, ကိုရင်မောင်, ပစ်ပစ်ချန်, မိုချို, ဝူးဝါး ဝူးဝါး

Aemoshu, Ko Khin Lwin, Nay Mara, Reign, Rose Minn, the best, ညလေး

တညင်သား, မိုးတိမ်, မှော်ဆရာ, DEPARKO DEPARKO, King of Screts (Bo Min)

Ko Ko Aung, Ko Nyein Chan, Uncle Gyi, ပန်းစံပါယ်, မိုးသောက်ချိန်

 

မှတ်ချက် (၂)ခု မှ (၄)ခု အကြား ပေးသူ (၄၂) ဦး

aye.kk, Fall Guy, garuda, Historical_Crime, ko win, ma ma01306

pazflor, SayaGyi Jit, Tin Tin, we R one, မာလိန်မှုူး, မိုးမင်းသား, သူရဇော်

မောင်သုည, chityimhtoo, kaungsumyatsan, Kim Kumuddra, marbelcommet

Moonpoem, Peace Maker, Swal Taw Ywet, ကိုသင်း, ဒုတ်ထိုး, မိုးမှောင်

ရှမ်းပြည်သား, နောက်နေ, ရွှေအိမ်စည်, kthwinzayarmyo, Pauk Pauk

Phaung Phaung, Sonny, Than Lwin Oo, Utawgyaw, YanLay, ကိုသင်း

ချိုတူး, နှင်းဆီ ငုံ, တာတီး, ဘဘဖရဲ, မမ အညာသူ, ကြောင်လေး, မောင်ဘလှိုင်

 

မှတ်ချက် တစ်ခါ ပေးသူ (၆၅) ဦး

Captainamerica, Cerberus, Chityaaung, City Jogger, ginkalay, Green Rose

Hein Htet, ho leo, Intro, Ju Jue, Justice AB, Ko Out Of, Ko Zin Yaw, KP

Kyaw Thar, Kyaw Thein, Lazy Boy, Leo3 user, maungmoenyo, meemeesuku

Mobile, myanmarcitizen, mzm, Naing Ngan Kyaw, Nyein Nyein, Oo Oo

Pye Kun Zaw, same kyaw, Shwe Phyu, Shwe Pont, Silver Twig, ster

Sweet Tooth, timothy, Uncle Lay, Victory, win, ye thura, Ye Yint Thu

ကုလားကြီး, ချစ်တတ်သူ, ချာလီဒလဝမ်, ဂန္တာရီဆြာအုပ်, စနေ, ဇွဲမာန်(အင်းဝ)

တာတီး, ထိပ်တင်တုတ်ကြီး, ပိုင်လေး, ဖိုးကြက်တောင်, ဖိုးထောင်, ဘရားသား

မြို့ ဟောင်းသား, ရင်နင့်အောင်, လူပုလေး, သူရဿဝါ, အိမ်လွမ်းသူ, ဦးသိန်းစိန်

ကြောင်လတ်, တေလေ, ဒေါက်တာအေးမောင်, နေ ့သစ်/ ဘဝသစ်

နောက်နေ……., လေပြေ, လေပြေ ရိုင်း, အေးဝတီကြီး

 

ဒီတော့

မှတ်ချက်ပေါင်း (၂၆၄၅) ကို လူပေါင်း (၂၁၀)  မှ နှစ်ပါတ် အတွင်း ပေးခဲ့ပါတယ်။

လူတစ်ယောက်ကို ပျမ်းမျှ မှတ်ချက် (၁၂)ခုပေါ့။

ဒီတော့ တစ်ပါတ်ကို လူတစ်ယောက် ဆီကနေ ပျမ်းမျှ မှတ်ချက် (၆)ခု ဘဲရပြီး တစ်ရက်ကို မှတ်ချက် တစ်ခုဘဲ ရသလိုပေါ့။

ကျွန်မတို့ ဒီထက် ပိုပြီး မှတ်ချက်တွေ မရနိုင်တော့ဘူးလား။

 

ဘာကြောင့်ဒီလို ဖြစ်ရသလဲ ဆက်ကြည့်ရင် မောင်အံဇာ ရဲ့ ကြိုးစားပြီး ကောက်ယူထားတဲ့ သန်းခေါင်စာရင်း ကို ကိုးကားပါဦးမယ်။

http://myanmargazette.net/105066/mandalay-gazette-2/editors-notes-announcements-letters-to-the-editor

သန်းခေါင်စာရင်းအရ  (၉၆၇၉) အဖွဲ့ဝင်စာရင်းပေါက် ထဲက (၂၁၃) ဦး ကိုသာ လက်ဆုပ် လက်ကိုင် ပြနိုင်တဲ့ သဘောပါဘဲ။

အဖွဲ့သားများရဲ့ (၂.၂၀%) သာ active ဖြစ်ပါတယ်။

အဲဒီ Active ထဲမှာ လဲ ငြိမ်နေသူတွေ ရှိပါသေးတယ်။

ကျွန်မတို့ ဒီထက် ပို Active ဖြစ်တဲ့ ရာနှုန်း ဂဏန်း ကို ရဖို့ ကြိုးစားသင့်ပါတယ်။

ဂဏန်းတွေ နဲ့ ပုံတွေ ကြည့်ပြီး မူးနောက်များ သွားကုန်ပြီလားမသိ။

ဒီတော့ လိုရင်းကို ပြောရရင်ဖြင့်

စက်တင်ဘာလ အတွက် ဖတ်ရွေး အဖွဲ့ဝင် တွေက –

ဦးဦး ပါလေရာ၊ ကိုဘလက်ချော၊ မပဒုမ္မာ၊ ကိုကြီးမိုက်၊ ကိုပေါက်(မန်း)၊ မမ၊ ဝေဝေ၊ ကိုထူးဆန်း၊

အရီးခင်လတ်၊ Fatty Cat နဲ့ Shwe Tike Soe တို့ ဖြစ်ပါတယ်။

 

၂၀၁၂ခုနှစ် စက်တင်ဘာလ အတွင်း Post တင်သူ (၁၄၉) ဦး ရဲ့ Post ပေါင်း (၄၅၄) ပုဒ် ကို မန်းဂဇက် ဖတ်ရွေး အဖွဲ့ ဝင် (၁၁) ဦးမှ သူတို့စိတ်ကြိုက် ရွေးချယ် ခဲ့ပါတယ်။

 

အဲဒီအထဲ က စာရေးသူ (၁၆) ဦးရဲ့  ဇကာတင် ရွေးချယ်ခံ စာမူ (၁၇) ပုဒ် ရခဲ့ ပြီးအဲဒီ စာမူ တွေကတော့

(၁) ရာဇဝင်လူဆိုး ရဲ့ “မီးပွိုင့်မှာ ကျနော်…ရှိတယ်”

(၂) Alpha Vanishing ရဲ့ “Virus ရန်ကနေ ကာကွယ်ချင်တယ် ဆိုရင်”

(၃) ကို surmi ရဲ့ “မန်းဂဇက် ရံပုံငွေ ပဒေသာကပွဲကြီး”

(၄) Green Rose ရဲ့ “နှမ်းတစေ့နှင့် ဆီကြိတ်မယ်”

(၅) aungmoethu ရဲ့  “အစွန့်ပစ်ခံ…ပွင့်ဖတ်” နဲ့ “ကြယ်တစ်ပွင့်မွေးဖွားခြင်း”

(၆) Swal Taw Ywet ရဲ့  “လျှပ်စစ်သုတ – ၁ (ဓါတ်လိုက်ခြင်း)”

(၇) ကိုကြီးမိုက် ရဲ့ “ထောင်ထွက်ကြီးမိုက်…Ex-convict”

(၈) Pooch ရဲ့ “Anyone can sing”

(၉) ရှူံးနိမ့်မှုများနဲ့.. လူ ရဲ့ “KFC စားသုံးသူ”

(၁၀) etone ရဲ့ “ချစ်တယ်ပြောဖို့ မမေ့ပါနဲ့”

(၁၁) တီချယ်ကြီးTTNu ရဲ့ “နောင်ရိုးတို်က်ပွဲနှင့်ကျမကလေးများ”

(၁၂)  Thaw Zin Loikaw ရဲ့ “နှစ်ဆယ့်ကိုးရက် မွန်းလွဲ တစ်နာရီ မိနစ် နှစ်ဆယ်”

(၁၃) အလင်းဆက် ရဲ့  “ဇ = ဇိမ် ရှိရှိ ..မနေရတဲ့ လုူတွေ…အကြောင်း”

(၁၄) ရင် နင့် အောင် ရဲ့  “လူနှင့်ဖိနပ်များ”

(၁၅) ခင်မမမျိုး ရဲ့ “လမ်းဆုံ”

(၁၆) ဦးကျောက်ခဲ ရဲ့ “တစ်သက်စာ အလွဲ”

ဇကာတင် စာမူ တွေ ရဲ့  ပွိုင့် ရတဲ့ ဂရပ် ပုံက ဒီလိုပါ။

ပရိတ်သတ်ကြီး အနေနဲ့ ရော ဒီလ ဇကာတင် Post  တွေထဲက ဘယ် Post ကိုများ ပိုပြီး သဘောကျမိပါ သလဲ။

Result ကို မကြာခင် မှာ အဖြေညှိ ကြတာပေါ့။

(မနက်ဖြန်ည မှာ ပုံထဲ က ??????? နေရာမှာ စာသား တွေ ဝင်လာပါမယ်)

အခု တော့ အမူးပြေ ကော်ဖီခါးခါး လေးဖြစ်ဖြစ်၊ လက်ဘက်ရည်ချိုပေါ့လေး ဖြစ်ဖြစ်၊ သံပုရာရည် ရှရှ လေး ဖြစ်ဖြစ် သောက်လိုက်ကြပါဦး။

အားလုံးကို ကျေးဇူးတင်ပါတယ်။

အထူးသဖြင့် Result ရအောင် အားထုတ်ပေးခဲ့ သော မောင်ဗိုက် နဲ့Post  တွေ ကို ရှာလို့ လွယ်အောင် ကြိုးစားပေးထားတဲ့ မောင်အံ ကိုလဲ အထူးကျေးဇူးပါဟေ့။

 

ဒါထက်

အမေရိကန် သမ္မတ(ဟောင်း) John F. Kennedy ရဲ့ Quote လေးတစ်ခု က

“My fellow Americans,

ask not what your country can do for you,

ask what you can do for your country”

တဲ့။

 

ဒီတော့

ကျွန်မ တို့ လဲ

ဒီ ရွာ အတွက်ဘဲ ဖြစ်ဖြစ်

ကိုယ့်အမိမြေ မြန်မာပြည် (အဖ ဆိုချင်လဲဆိုပါ။ဘာဘဲဖြစ်ဖြစ် ပညတ် တစ်ခုပါဘဲ) အတွက်ဘဲ ဖြစ်ဖြစ်

ကျွန်မတို့ “ဘာလုပ်ပေးနိုင်မလဲ” လို့ ဘဲ မေးကြပါစို့။

(ဆိုင်ရာ အကြီးအကဲ မှ လဲ တန်ပြန် အလိုက်သိပါ Vice Versa )  :kwi:

အားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေ။

About မြစပဲရိုး

Khin Latt has written 240 post in this Website..