kaiNovember 30, 20255min21660
by SweSwe Aye/Myanmar Gazette Los Angeles, California — လူမျိုးစုများ အတူယှဉ်တွဲနေထိုင်လျက်ရှိသော Los Angeles (လော့စ်အိန်ဂျယ်လိစ်) သည် သဘာဝ ပတ်ဝန်းကျင် လက်လှမ်းမီမှုနှင့် ပတ်သက်၍ ကွဲပြားနေသော မြို့တစ်မြို့ ဖြစ်သည်။ စစ်တမ်းအရ Angelenos တစ်သန်းနီးပါး (အများအားဖြင့် လူမျိုးစုံ၊ လူမည်း၊ လက်တီနိုနှင့် ဝင်ငွေနည်းသူများ) သည် လမ်းလျှောက်ချိန် ၁၀မိနစ် အကွာအဝေးအတွင်း ပန်းခြံမရှိကြောင်း တွေ့ရှိခဲ့သည်။ ဤထင်ရှားသော ကွဲလွဲချက်ကို ဆွေးနွေးတိုင်ပင်ရန် လူမျိုးစုများ၏ လူထုအခြေပြုအဖွဲ့အစည်းများ၊ သတင်းဌာနများနှင့် community ခေါင်းဆောင်များကို စုစည်းတက်ရောက်သော Urban green space ဆိုင်ရာ စကားဝိုင်းနှင့် အလုပ်ရုံဆွေးနွေးပွဲကို နိုဝင်ဘာ ၂၀၊ ၂၀၂၅ က LA […]


kaiNovember 30, 20257min4900
ယခုလတွင် မြန်မာလူငယ်လေးများကို ဒုက္ခတွင်းကြီးထဲသို့ တွန်းပို့နေသည့် အရက်၊ မူးယစ်ဆေးနှင့် လောင်းကစားကိစ္စများကြောင့် အရေးပေါ်ကိစ္စများနှင့် ကြုံတွေ့လာခဲ့လျှင် လိုအပ်သည့် အကူအညီ ရယူနိုင်ရန် သိထားသင့်သည့် အကြောင်းအရာလေးများကို ဖေါ်ပြပေးမည် ဖြစ်ပါသည်။ အရက်သေစာကို မြန်မာပြည်၌ရော US ၌ပါ Social drinking ဟု ဆိုအပ်သော အပေါင်းအပါများနှင့် တခါတရံ သောက်ခြင်းကို အများစုက လက်ခံအားပေးကြပါသည်။ တချိန်က မြန်မာအမျိုးသားများသာ သောက်ခဲ့ကြသော်လည်း ယနေ့ မြန်မာအမျိုးသမီးအချို့ပင် သောက်သုံးလာတာ တွေ့ရပါသည်။ အရက်ကြောင့် အပေါင်းအသင်းများနှင့် တွေ့ဆုံပျော်ကြရသဖြင့် အကျိုးအမြတ်ပင်ရှိကြောင်း အချို့သိပ္ပံပညာရှင်များက ဆိုကြပါသည်။ Social dinking can offer benefits like enhanced social bonding, reduced stress, and increased […]


kaiNovember 22, 20253min16600
by SweSwe Aye ယခင်က အမေရိကား လူ့အဖွဲ့အစည်း၏ အစွန်အဖျားတွင်သာ ရှိခဲ့သော လူဖြူကြီးစိုးရေးဝါဒနှင့် အစွန်းရောက် လက်ယာအုပ်စုများ၏ အတွေးအခေါ်များသည် နိုင်ငံရေး၊ ယဉ်ကျေးမှုနှင့် ဘာသာရေး အဓိကနေရာများသို့ ခိုင်မြဲစွာ ဝင်ရောက်လာပြီဖြစ်သည်။ ထိုပြောင်းလဲမှုသည် ရွေးကောက်ပွဲများကို ပုံဖော်နေပြီး၊ မူဝါဒများကို သက်ရောက်မှုရှိကာ၊ ပညာရှင်များနှင့် သတင်းသမားများက အမေရိကား ဒီမိုကရေစီအတွက် ကြီးမားသော ခြိမ်းခြောက်မှုဖြစ်ကြောင်း သတိပေးထားသည့် ပြင်းထန်သောသဘောထားကွဲလွဲမှုများကို ဖြစ်ပေါ်စေခဲ့သည်။ လူဖြူများ၏ မကျေနပ်ချက်၊ နိုင်ငံရေး အခွင့်ကောင်းယူမှု၊ ခရစ်ယာန် အမျိုးသားရေးဝါဒ (Christian Nationalism) နှင့် လက်ယာစွန်းရောက်အုပ်စု၏ ရည်ရွယ်ချက်ရှိရှိ စည်းရုံးလှုံ့ဆော်မှုများ၏ ဆုံမှတ်များကို မီးမောင်းထိုးပြကာ ထိုကိစ္စပုံမှန်ဖြစ်လာခြင်း၏ အကြောင်းရင်းများနှင့် သက်ရောက်မှုများကို American Community Media က ဦးစီးပြီး နိုင်ငံရေးသုတေငီများ၊ […]


kaiNovember 6, 20255min24310
By SweSwe Aye အမေရိကန် မိသားစု သန်း ၄၂ သန်း အပေါ် ချက်ချင်းနှင့် ရေရှည် သက်ရောက်မှုများ နိုဝင်ဘာလ ၁ ရက်နေ့ မှ စတင်ကာ အမေရိကန်ပြည်ထောင်စု၏ ဖြည့်စွက် အာဟာရ ထောက်ပံ့ရေး အစီအစဉ် (Supplemental Nutrition Assistance Program – SNAP) သည် ဖက်ဒရယ် အစိုးရ ရပ်ဆိုင်းမှု (shutdown) ကြောင့် ရန်ပုံငွေ အထောက်အပံ့ ရပ်တန့်သွားခဲ့ရာ၊ တစ်နိုင်ငံလုံးရှိ မိသားစု သန်း ၄၂ သန်း တို့သည် အသက်ရှင်ရေးအတွက် အရေးကြီးသော အစားအစာ အထောက်အပံ့များ ဆုံးရှုံးသွားမည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။ SNAP ရပ်တန့်ခြင်းနှင့်ပတ်သက်ပြီး American Community Media […]


သင့်အေးရိပ်November 2, 202514min26680
Oct 29 ။ မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံအစည်းအဝေး တက်ရောက်ခွင့် ဆက်ပိတ်ခဲ့ပြီး မြန်မာပြည်ရွေးကောက်ပွဲကို စောင့်ကြည့်ဖို့ ကိုယ်စားလှယ်စေလွှတ်၊ မလွှတ်ဘူးဆိုတာ မဆုံးဖြတ်ဘဲ မှတ်သားထားကြောင်း အာဆီယံထိပ်သီးအစည်းအဝေးထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မြန်မာပြည်အရေးအတွက် ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို စစ်ကောင်စီဘက်က အကောင်အထည်ဖော်ဖို့ ပျက်ကွက်ခဲ့တာကြောင့် အာဆီယံ အစည်းအဝေးတွေကို စစ်ခေါင်းဆောင်တွေ တက်ရောက်ခွင့် ဆက်ပိတ်ထားမယ်လို့ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ စစ်ကောင်စီဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် ဒေါ်လာသန်း ၃၀ ရောင်းချပေးမယ်လို့ ပြီးခဲ့တဲ့ အောက်တိုဘာ ၂၁ ရက်က ကြေညာထားပြီး၊ ယခုလအတွင်း စုစုပေါင်း ဒေါ်လာသန်း ၁၁၂ လောက် ရောင်းချပေးပြီးဖြစ်ပါတယ်။ Oct 28 ။ မြန်မာစစ်တပ်ရဲ့ ရွေးကောက်ပွဲအကြောင်း ဝါဒဖြန့်ရိုက်ကူးထားတဲ့ “ခေတ်သမိုင်းကို ဒုန်းစိုင်းမည့်သူများ” ဇာတ်လမ်းတိုမှာ ပါဝင်သရုပ်ဆောင်ထားကြတဲ့ […]


kaiOctober 31, 20251min26070
မြေရှားသတ္တုတွဲများသည် ကမ္ဘာ့အဓိကအာဏာ/ပါဝါ ဗဟိုချက်ဖြစ်လာခဲ့ပေပြီ။ ဤခေတ်သစ်တွင် ရုပ်ကျွင်းလောင်စာ ရေနံသည် ကမ္ဘာ့စွမ်းအင်ကဏ္ဍတွင် အရေးကြီးဆဲဖြစ်သော်လည်း AI သုံး GPU, ချစ်ပ်များ၊ လက်နက်စနစ် (ဥပမာ- Neodymium နှင့် Dysprosium သုံးသော ဒုံးပျံလမ်းညွှန်စနစ်)၊ ဘက်ထရီများနှင့် ကွန်ပျူတာချစ်ပ်များတွင် မရှိမဖြစ်လိုအပ်သော မြေရှားသတ္တုတွဲများ (Rare Earth Minerals – REMs) သည် ကမ္ဘာ့အာဏာ/ပါဝါ၏ ခေါင်းကိုင်အဖြစ်သို့တက်ရောက်လာသည်။ချိုင်းနားနိုင်ငံသည် ကမ္ဘာ့မြေရှားသတ္တု ထုတ်လုပ်မှု၏ ၇၀% နီးပါး နှင့် သန့်စင်ထုတ်လုပ်မှု၏ ၉၀% ကျော် ကို ချုပ်ကိုင်ထားရာ၊ ၎င်းတို့ဖြင့် အမေရိကား၏ ကုန်သွယ်စီးပွားစစ်၌ တန်ပြန်ကစားနေခြင်းသည် လွန်စွာ ထိရောက်နေလေသည်။ အထူးသဖြင့် အောက်တိုဘာလကုန် သမ္မတဒေါ်နယ်လ် ထရမ့်၏ လက်ရှိ အရှေ့တောင်နှင့် အရှေ့အာရှခရီးစဉ်က ဤအခြေအနေကို […]


kaiOctober 30, 20254min20250
by SweSwe Aye ရွှေ့ပြောင်းနေထိုင်ခြင်း၊ နိုင်ငံဟောင်းကို ခွဲခွာရခြင်း၊ မရေရာမသေချာမှုနှင့် တိုင်းပြည်အသစ်မှာ ပြန်လည်စတင်ခြင်းတို့၏ အခက်အခဲများစွာကြားတွင် ရွှေ့ပြောင်းမိသားစုများသည် ၎င်းတို့၏ကလေးများ၏ ပညာရေးတွင် မျှော်လင့်ချက်ကို မကြာခဏ ရှာဖွေတွေ့ရှိလေ့ရှိသည်။ Now We Are Here: Family Migration, Children’s Education, and Dreams for a Better Life စာအုပ်တွင် Gabrielle Oliveira၊ Harvard Graduate School of Education မှ Jorge Paulo Lemann Associate Professor of Education and Brazil Studies က မိဘများသည် ကျောင်းပညာရေးကို “ချစ်ခြင်းမေတ္တာအမျိုးအစားငွေကြေး” အဖြစ်၊ ၎င်းတို့၏ကလေးများအတွက် […]


kaiOctober 29, 20255min11310
အရေးပေါ်သုံး အင်္ဂလိပ်စာ (၁၀) ယခုလတွင် November 25 ၌ အမှန်တကယ်ပင် အရေးပေါ်အဖြစ်နှင့် ကြုံတွေ့ရမည့် အမေရိကနိုင်ငံရောက် မြန်မာလူမျိုးအချို့အတွက် အထောက်အကူဖြစ်စေမည့် information လေးများ၊ expression လေးများကို ဖော်ပြပေးမည် ဖြစ်ပါသည်။ လက်ရှိ အမေရိကန်နိုင်ငံတွင် TPS ခေါ် Temporary Protected Status ဖြင့် နေထိုင်နေသော မြန်မာလူမျိုး ၈ထောင်ကျော် ရှိသည်ဟု သိရပါသည်။ Temporary Protected Status မှာ တစ်နှစ်လျှင် တစ်ကြိမ် ပြန်လည်သက်တမ်းတိုးနေရသော Visa မျိုးဖြစ်ပါသည်။ မြန်မာစစ်အစိုးရ၏ မင်းမဲ့စရိုက် ဆောင်ရွက်ချက်များကြောင့်၎င်း၊ မဆုံးနိုင်သော ပြည်တွင်းစစ်ကြောင့်၎င်း၊ Biden Administration က မေတ္တာဖြင့် ဂရုဏာဖြင့် အမေရိကားရောက် မြန်မာများအတွက် Temporary Protected […]


kaiOctober 24, 20254min9570
ယခုလာမည့် နိုဝင်ဘာ ၄၊ ၂၀၂၅ တွင် California ပြည်နယ်တခုလုံးမှာ California’s November 4 special election ရှိပါသည်။ ထို ရွေးကောက်ပွဲမှာ ပြည်နယ်တွင်း မဲဆန္ဒနယ် နယ်နမိတ်များပြန်လည်ရေးဆွဲမည့် Proposition 50 ကို ထောက်ခံ/ကန့်ကွက်မဲပေးရန် အဓိကထားပြီး ကျင်းပခြင်းဖြစ်သည်။ California Secretary of State နှင့် American Community Media က ပူးပေါင်းပြီး Dr. Shirley Weber, California’s Secretary of State က 2025 Statewide Special Election အကြောင်းကို ဆွေးနွေးပွဲကို အောက်တိုဘာ ၂၁ က ပြုလုပ်ခဲ့ပြီး မဲပေးခြင်းလမ်းညွှန်ချက်များနှင့် ရွေးကောက်ပွဲဆိုင်ရာလုံခြုံရေးတို့ကို ဆွေးနွေးခဲ့ရာ […]


kaiOctober 23, 20255min9670
by SweSwe Aye California ပြည်နယ် အုပ်ချုပ်ရေးမှူးရုံး၏ ၂၀၂၄ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော Governor’s Office of Service and Community Engagement (GO-Serve) က ဖွဲ့စည်းထားသည့် The Office of Community Partnerships and Strategic Communications (OCPSC) သည် California Connects ကို ပြည်နယ်တစ်ခုလုံးရှိ မြို့ ၈ မြို့သို့ လှည့်လည်ကာ ကွန်မြူနတီအဖွဲ့အစည်းများ၊ အစိုးရအေဂျင်စီများ၊ ဖောင်ဒေးရှင်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့်တွေ့ဆုံပြီး ပြည်နယ်က ပေးသော အရင်းအမြစ်များကို ရယူနိုင်ရန် ရှင်းပြခဲ့သည်။ OCPSC သည် Los Angeles တွင် ကွန်မြူနတီအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် အောက်တိုဘာ ၁၅ […]


kaiOctober 21, 20254min13490
by SweSwe Aye US နေ Latinos များသည် (အမေရိကန်နိုင်ငံသားများပင်လျှင်) နေထိုင်ခွင့်ဥပဒေ အကြောင်းပြချက်များဖြင့် mask များတပ်ထားသော ICE agents များ၏ ပစ်မှတ်ထားဖမ်းဆီးခြင်း၊ ပြန်ပို့ခြင်းများကို ခံနေရချိန်တွင် Puerto Rican superstar Bad Bunny သည် သူ၏ဂီတဖန်တီးမှုနှင့် ဂုဏ်သိက္ခာတို့မှ သူ၏ Puerto Rican ဇစ်မြစ်ဝိသေသအကြောင်း အသံကို မြှင့်ကာ ယဉ်ကျေးမှုခံစစ်ကို ပြသခဲ့သည်။ ICE agents များ၏ ပစ်မှတ်ထားခြင်းများကြောင့် Bad Bunny သည် သူ၏ ကမ္ဘာလှည့်ဖျော်ဖြေခြင်းတွင် US ကို ချန်ထားခဲ့သော်လဲ နောက်နှစ်တွင် US အကြီးမားဆုံးလူအားပေးမှု အများဆုံး Super Bowl Halftime Show တွင် […]


kaiOctober 17, 20257min22350
by Swe Swe Aye US သမိုင်းတွင် ၁၁ ကြိမ်မြောက် ဖယ်ဒရယ်အစိုးရလုပ်ငန်းများ ရပ်ဆိုင်းခြင်းကို ၂၀၂၅၊ အောက်တိုဘာ ၁ (၂၀၂၆ ဘဏ္ဍာရေးနှစ်၏ ပထမနေ့ဖြစ်သောနေ့)၊ မနက် ၁၂:၀၁ EDT အချိန်တွင် စတင်ခဲ့သည်။ ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လျာထားခြင်းဆိုင်ရာဥပဒေများကို အတည်ပြုရန် ပျက်ကွက်ခြင်း၏ ရလာဒ်ကြောင့် ရပ်ဆိုင်းခြင်းဖြစ်သည်။ ဖယ်ဒရယ်အသုံးစရိတ်အဆင့်များတွင် နိုင်ငံခြားတိုင်းပြည်များကို အထောက်အပံ့များ ရပ်ဆိုင်းခြင်းများ၊ ကျန်းမာရေးအာမခံများအတွက် အစိုးရအထောက်အပံ့များအပေါ်မှာ ပါတီနှစ်ခု သဘောကွဲလွဲခြင်းများကြောင့် ဖယ်ဒရယ်အစိုးရလုပ်ငန်းများ ရပ်ဆိုင်းခြင်းဖြစ်သည်။ ထိုအထဲတွင် ကျန်းမာရေးစောင့်ရှောက်မှုများ လျော့ချခြင်းသည် အဓိကအချက်ဖြစ်နေသည်။ (၁၀ ကြိမ်မြောက် ဖယ်ဒရယ်အစိုးရလုပ်ငန်းများ ရပ်ဆိုင်းခြင်းသည် ၂၀၁၈၊ ဒီဇင်ဘာ ၂၂ မှစပြီး ၂၀၁၉၊ ဇန်နဝါရီ ၂၅ တွင် အဆုံးသတ်ခဲ့သော […]