ဇီဇီJuly 27, 20168min50720
  အရောင် အတွဲအစပ်တွေ ရေးမယ် ဆိုပေမဲ့ အရောင်ကို အလှတရားအနေနဲ့ပဲ မြင်တတ်တယ်လို့ ကြိုတင် ဝန်ခံထားပါရစေ။ အရောင်မှာ အပူရောင်တို့ အအေးရောင်တို့ ဘာကိုယ်စားပြု ဘာညာ သိပ်မသိပါဘူးး။ ကိုယ်နဲ့ လိုက်တဲ့ အရောင်မှန်သမျှကို ဝတ်ပြီး လှတယ်ထင်တဲ့ အရောင်မှန်သမျှကို ကြိုက်ပါတယ်။ . . ကိုယ်က အသားညိုတာမို့ အရင်ကဆို အရောင်အမှိုင်းနဲ့ အနက် ကိုပဲ ရွေးချယ်လေ့ရှိပါတယ်။ မွေးမေလေ့ဆုံးမဖူးတာကိုပြောရမယ်ဆိုရင် သဘာဝတရားကြီးက အရောင်စုံပေးထားတာ ကိုမသုံးနိုင်ရင် နင် အရှုံးတဲ့။ အဲတော့ ကိုယ့်မယ် ကြိုးစားပြီး လှရာလှကြောင်းအရောင်တောက်လေးတွေ ကြိုးစား ဝတ်ရာက စလုံးလည်း ရောက်ရော နည်းနည်း ဂွမ်းပါတယ်။ ကိုယ် ဝတ်နေကျ အနီရောင်ဟာ သူတို့က နေရှင်နယ်ဒေးတို့ နှစ်ကူးတို့မှ ဝတ်ပါသတဲ့။ […]


ဇီဇီJuly 26, 20162min46726
အဝတ်အစားကတင်ကို ဘယ်၂ ပိုင်း သွားမယ် မသိ။ 🙄 ပြောချင်သလောက် ပြောနိုင်သလောက် တဖြေးဖြေးသွားကြတာပေါ့။ အမျိုးသမီးတိုင်း ကြုံဖူးမှာပါ။ ဝယ်ထားတာတွေလည်း အများကြီး၊ ဗီရိုကလည်း ပြည့်နေပြီ။ ဒါပေမဲ့ အရေးဟယ်အကြောင်းဟယ်ဆို ဘာဝတ်ရမှန်းမသိ။ အဲဒီ အချိန် နာ့ မှာ ဝတ်စရာမရှိပါလား ညည်းမိရော။ ကြားတဲ့ မြင်တဲ့သူ အမြင်ကပ်တာပေါ့နော့။ :mrgreenn: ဒီနေရာမှာ ဖြတ်ပြောစရာရှိတာက …………. တချို့က ပြောတယ်ဗျ။ အလှပြင်တတ်ရင် ဝတ်ချင်စားချင်စိတ်ရှိရင် “လင်က တစ်ယောက်ပဲ ရမှာ” ဆိုတာမျိုးး၊ ပြောတဲ့သူကတော့ သူ့ဘဝမှာ လင်ရဖို့ မယားရဖို့ ပဲ ပန်းတိုင်ထားလို့ ထင်ရဲ့။ အမှန်တော့ အလှပြင်ချင် လှချင်ခြင်းဟာ လင်ရဖို့ မရဖို့ ကိစ္စရပ်နဲ့ အဝေးကြီးး၊ အတွေးတွေထဲ သုတ်ပိုးရောက်နေတဲ့ […]


ဇီဇီJuly 25, 20161min50322
ရေးမယ် ရေးမယ်နဲ့ ကြံစည်ပြီး ကတိပေးပေးထားတဲ့ ခေးတွေလည်း များလှပါပြီ။ မမဂျီးကို ခွင့်လွှတ်ကြပါ။ အဟိ။   အဲတော့ မရေးခင်လေး ကိုယ့်အကြောင်းကို ပွါးဗျဇီအူးးး၊ ဒါမှ ရေးဖြစ်တဲ့ တွန်းအားကို သိမှာမို့လို့ပါ။ အမှန်ပြောရရင် ကိုယ်က မလှတော့ ကိုယ့်ဆီမှာရှိတဲ့ ချို့ယွင်းချက် တွေ ဖုံးစရာက သိပ်များတယ်။ ကိုယ့် ဆီမှာရှိတဲ့ အားသာချက်လေးတွေကလည်း သိထားရသေးတယ်။ သထေးသမီးလည်းမဟုတ်ခဲ့သလို ခုချိန်လည်း သထေးမ မဟုတ်တဲ့ အတွက် ဘတ်ဂျက်ကိုလည်း တွက်ရတယ်။ ဒီ ကြားထဲကမှ ကိုယ့်ကိုယ်ကို လှအောင် ဆင်ရ ပြင်ရတယ်။ တအားနင်းကြီး လှချင်တဲ့ထဲမပါပေမဲ့ စမတ်ကျတဲ့အထဲ ကြည့်ကောင်းတဲ့ စတိုင်ထဲတော့ ပါချင်တာ တစ်ပိုင်းကိုသေလို့။ :mrgreenn: သိတတ်စကတည်းက အဝတ်အစားအသုံးအဆောင်ကို လှတာထက် ကိုယ်နဲ့ […]


ဇီဇီJuly 20, 20162min38920
ဖျားနေတာမို့ လူမမာဟင်းလေးတွေ ခေါင်းထဲပေါ်တုန်း ချရေးထားရမလား စိတ်ကူးတယ်။ မြန်မာ အယူအဆ ကတော့ ထမင်းက အဖျားအားပေးတာတို့ ဘာတို့ ဖျားနေရင် အစားပျက်တာတို့ ဘာတို့ပေါ့။ အဟိ။ :mrgreenn: တညားကတော့ အစာအိမ်ပတနာ တက်နေတုန်းကလွဲရင် အစားအသောက်သိပ်မပျက်လှဘူးး… ဒီ က ဆရာဝန်တွေက ဖျားလို့လည်း အစားမရှောင်ခိုင်းဘူးး စား ဆိုတာချည်းပဲ။ အစာအိမ်တို့ အူယောင်တာတို့ မနွယ်တဲ့ အဖျားအတွက် အစားရှောင်စရာမလိုပါဘူးး အန်တီဘိုင်အိုတစ်တွေ သောက်ရရင်တော့ ခံတွင်းက ပျက်တတ်တာပေါ့။ ကွကို စားကောင်းအောင် လုပ်စားရင်းနဲ့ အစားမပျက်တာတော့ ဘယ်တတ်နိုင်မတုန်းး၊ အဟွတ်။ အာဟာရပြတ်မှာ စိုးလို့ ဘားးးး ကြိုးစား စားနေရဒေ။ :mrgreenn:   ၁) ကြက်စွပ်ပြုတ်၊ ငါးပုတ်ခြောက် ဖုတ် သံပုရာရည်ဆမ်းး ဖျားပြီဆိုတာနဲ့ […]


ဇီဇီJuly 8, 20161min75542
ဖိနပ် လေးတွေ အကြောင်း စ ရအောင်။ လက်တန်း ရေးလို့ရတဲ့ အတွေ့အကြုံတွေပဲ အရင် ရေးမယ်။ လက်ကိုင်အိတ်တို့ တခြားလှပပစ္စည်းတွေ မကြိုက်ခင်ကတည်းက ဖိနပ်လှလှတွေ မိုက်မိုက်ဒီဇိုင်းတွေကို မြင်တဲ့နေတာမှာတင် ငမ်းတတ်ခဲ့တာ။ ကိုယ်တက်ခဲ့ရတာ နယ်ကျောင်းး၊ ဘာ အလှပြင်လို့မှ မရ၊ လက်ဝတ်ရတနာမဝတ်ရ တဲ့ အချိန် ၅ တန်း လောက်ကတဲ့ မွေးမေလေ့က ရှူးလေးတွေ စီးခိုင်းတာ။ တောမှာတော့ စတားပေါ့လေ။ :mrgreenn: လုံချည်နဲ့ ရှူး လိုက်လိုက်မလိုက်လိုက်ပျော်ပျော်ဂျီးကို ပဲတွေပေးတာ ဆိုတာ။ ပြန်တွေးမိမှ ရှက်လည်း ရှက်ပါတယ်။ ရှက်လည်းမရှက်ပါဘူးး :mrgreenn: မွေးမေလေ့က ဖိနပ်ခရေဇီ၊ သူ့ဆီမှာ မိန်းမဆန်သော ဖိနပ်အမြင့်တွေ အားကြီးပဲ။ အကြိုက်မတူတာက အဲဒီမှာ စ တယ်။ ကိုယ်က […]


ဇီဇီJuly 6, 20163min30713
ဒီရက် ကို ကိုယ့် ဖွဘုတ်ထဲ ဥပိန် ကိစ္စ ကို ပြောနေကြလို့ တစ်ချို့ က မပြင်စေချင်.. တစ်ချို့က ပြင်စေချင်.. ငြင်းနေကြလို့ လိုက်ရှာဖတ်ရသေးးး ကိုယ် တစ်ကိုယ်စာ အတွေးး ကတော့ ဦးပိန် ဘာဖြစ်လဲ လည်း စိတ်ကိုမဝင်စားဘူးး ဘာလို့ဆို ဖိနပ်အမြင့် အမြဲစီးပြီး လမ်းလျှောက်ပျင်းတဲ့ ကိုယ် ကတော့ ဦးပိန်တံတားစပ်နား ဓာတ်ပုံရိုက်ဖို့ကလွဲရင် တံတားပေါ်ကို မရောက်ဖူးတာ။ လျှောက်လည်းး မလျှောက်ချင်ဘူးး.. Safety and risk နဲ့ ကြည့် လည်းး မလျှောက်သင့်.. လေ က အသေတိုက်တာမို့ ဝတ်ထားတာတွေ ဆံပင်တွေ ဟိုလန်ဒီဖုံးး မို့ မလျှောက်ချင်.. ဘယ်တံတားးလျှောက်လျှောက် အောက်ဖက် ရေကြည့် ရင် မူးးတတ်တာမို့ အမြင့်ကြောက် ရေကြောက် သမားး […]


ဇီဇီMay 25, 20168min85740
မယ်ဝါး တစ်ယောက် မြှောက်ပေးတာနဲ့ အလှ/Fancy အသုံးအဆောင်ပစ္စည်းလေးတွေ အကြောင်း ရေးပါမယ် ပိတ်သတ်ကြီးး။ :mrgreenn: Accessories ဆိုရာမှာ အမျိုးသမီး တစ်ယောက် ဖက်ရှင် အတွက် လိုအပ်တဲ့ ပစ္စည်းမှန်သမျှ အကြုံးဝင်ပါတယ်။ ဒီ ကြားထဲမှာမှ လက်ဝတ်လက်စားပိုင်းကို ဦးစားပေးပြီး ပြောချင်တာမို့ ဦးထုတ်တို့ ခါးပတ်တို့ နာရီတို့ မျက်မှန်တို့ ဖိနပ်တို့ (ဟောဟဲ) ပါမှာ မဟုတ်ပါဘူးး ဘာသာပြန်ဖို့ လိုက်ရှာတာ မတွေ့တာနဲ့ ကိုယ့် အတွေ့အကြုံကို အခြေခံပြီး ရေးမှာမို့ လိုတာရှိရင် ဖြည့်ပေး မှားတာရှိရင်လည်း ခွင့်လွှတ်ကြပါ။ ကျနော်နဲ့ ဖန်စီ ပစ္စည်းဆက်စပ်ပုံကို သိချင်ရင် ဒီ စတေးတပ် ၂ ခုဖတ်ကြည့်။ မပြန်ခင်က ရင်နာစွာနဲ့ ရေးထားတာ။   (1) […]


ဇီဇီMay 20, 20161min70341
အလွဲတွေ မပြောခင်မှာ နည်းနည်း ပျိုးပါရစေ။ ဟိဟိ (လေကြောရှည်တော့မယ်) :mrgreenn: ကေဇီ မွေးရာပါတတ်တဲ့ ပညာရပ်ထဲမှာ အနှိပ်ပညာရပ်ပါပါတယ်။ (ကျန်တဲ့ ပညာတွေကတော့ ပြောမပြဘူးးးး) :k: ကိုယ်တိုင်ကလည်း အနှိပ်ခံရတာကို အတော်ကြိုက်တာရယ်။ မွေးမေလေ့နဲ့ လုံးဝ တူတဲ့ အချက်တွေထဲမှာလည်း အနှိပ်ပညာလည်း ပါသပေါ့။ သူကတော့ ဇိမ်မခံတတ်ဘူးး။ သူများသာ နှိပ်ပေးချင်တာ။ ဘယ်နားကို ဘယ်လိုလေး နှိပ်လိုက်ရင် မျက်ရိုးကိုက်တာ ပျောက်တာတို့ ဇက်ကြောတက်တာ ပျောက်တာတို့ ဆိုတာ သူ့လောက် မသိပေမဲ့ ကိုယ့်လက်နဲ့ အနှိပ်ခံဖူးသူတိုင်း လက်ပေါက်တယ်လို့ ပြောကြတယ်။ (အနှိပ်ခံဖူးတဲ့ ရွာသူ ရွာသားတွေ ရှိတယ်) :aa: လက်ပေါက်တာက နှိပ်တဲ့သူရဲ့ ဝတာ ပိန်တာနဲ့ မဆိုင်သလို အရမ်းအားစိုက်စရာလည်း မလိုပါဘူးး။ ငယ်တုန်းကတော့ […]


ဇီဇီMay 10, 20161min350027
ကိုယ့် ရဲ့ ချစ်သော ဖားလေး အကြောင်း ပြောပြမယ်။ ဟို အော့ကြောလန် ဖားသက်ပြင်း ကို ပြောတာမဟုတ်ဘူးနော်။ ဖီလစ်ပီနို အဆိုတော်လေး ပေါ့။ ကိုယ်တွေက ဖီလစ်ပီနို လူမျိုးဆိုရင် ဖား လို့ခေါ်တာ။ အသက်က ၁၅ နှစ် ဆိုတော့ ဖားလေး ပေါ့။ ကိုယ်က ချစ်တော့ ကိုယ့်ရဲ့ ချစ်သော ဖားလေး ပေါ့။ ဟိ။ :chit: အမှန်ကတော့ ဖီလစ်ပီနိုမှာ တီဗီရှိုး The Voice Kids Philippines က ဒိုင် ကို ကြိုက်လို့ ကြည့်ရင်း Darren ကို သတိထားမိပြီး တူး မိလို့ ရာဇဝင် ဥ ပေါ်လာတာပေါ့လေ။ အရည်အချင်းအရကို အရမ်းသဘောကျလို့ […]


ဇီဇီMay 9, 20161min29312
  လွယ်လွန်းလို့ လုပ်စားပြီး အရသာကောင်းလွန်းလို့ ကြိုက်လို့ လာမျှတာ။ ပါဝင်ပစ္စည်း ပုဇွန်ထုတ်/ပုဇွန်ဆတ်ထုတ် – ၁ဝ ကောင် အသားပြား – ၁ဝ ပြား ဆား/ငရုတ်ကောင်းအနက် – အနည်းငယ် ဟင်းချက်ဝိုင်/အရက် – ၁ ဖုံး ပင်စိမ်းရွက် – အရွက် ၂၀ သွားကြားထိုးတံ – ၁ဝ ချောင်းး ထောပတ်ဆီ – ထမင်းစားဇွန်း ၂ ဇွန်း ခိခိခိခိ ပိန်အူးမှာ     ပြုလုပ်နည်း ၁) ပုဇွန်တွေ ခေါင်းပြုတ်၊ ချေးကြောင်းထုတ်၊ အခွံခွါထား ၂) ဆား/ငုတ်ကောင်းအနက်မှုန့် ဟင်းချက် အရက်နဲ့ နယ်ထား ၃) အသားပြား ၁ဝ ပြားကို ခွါထုတ်ပြီး […]


ဇီဇီApril 28, 20163min36229
အမယ်မယ်။ အမှန်တော့ …. ရုံးပြောင်းလို့ မအားတာရယ်၊ ဒရမ်မာ အခန်းဆက်ရုပ်ရှင်တွေနဲ့ အိပ်ရေးပျက်တာရယ်၊ တဂျီး ဆိုက် ဖွင့်လိုက်တိုင်း ပေါ့ပတ်တွေ အရမ်းတက်လာတာရယ်နဲ့ စာမရေးဖြစ်တာ။ (ဘူမှလည်း မမျှော်ပဲ ဂလို လူအထင်ကြီးအောင် လျှောက်ပြောရတာရယ်) :k: ရေးချင်ပြီး ရေးထားတဲ့ ပို့(စ) ၃ ပုဒ်လောက်က တန်းလန်းး ဆိုတော့ အားတိုင်း ဖွဘုတ်က အမျိုးတွေကို အတင်းရော ဇွတ်ရော အဒမရော ရိုက်ထားတဲ့ လက်ချာတွေကို ဇီ တိုက်မဲ့ ကြက်စွပ်ပြုတ် အနေနဲ့ တင်ပါမယ် (အိုင်ဒီယာကို အရီးကို ခွက်ဒစ်ပေးပါတယ်) ဇီ ရဲ့ ကြက်စွပ်ပြုတ်ဆိုတော့ ချဉ်စပ်ဖြစ်နေရင်တော့ သည်းခံပေါ့နော့။ ကိုယ့် အတွေ့အကြုံရယ်၊ အတွေးတွေရယ်ပေါင်းပြီး ချချရေးထားတာပဲ။ :bb: အမယ်မယ် အမဝေကတော့ဖြင့် […]


ဇီဇီApril 6, 20165min68631
Right Approach to get Good Attention ~~~~~~~~~~~~~~~~~~~~~~ ဘာရယ်လို့ အမည်တတ်လို့မရတဲ့ အကြောင်းအရာလေးတွေ ပြောပြမို့။ ငိငိ၊ လူတွေ ရဲ့ စိတ်လိုအင် တစ်ခု က အာရုံစိုက်မှု (Attention) ခံချင်တယ်။ အာရုံစိုက်ခံရအောင်လုပ်တတ်တယ်။ ဒါပေမဲ့ ချဉ်းကပ်နည်း (approach) ပေါ် မူတည်ပြီး ရရှိတဲ့ ပမာဏ ကွာသွားတာပါပဲ။ အဲဒါကို ကိုယ်တွေ့လေးနဲ့ ယှဉ်ရေးချင်လို့ပါ။ :mrgreenn: ယခင် နဲ့ ယခု အသက် အပိုင်းအခြားဟာ ၂၆ နှစ် မတိုင်ခင်နဲ့ အလွန် ကို ပိုင်းခြားထားပါတယ်လို့။ ကိုယ်ကတော့ ကွကိုယ် ရင့်ကျက်လာတယ်လို့ ယူဆပြီး ထင်ရာစိုင်းနေတာ ခုထိပဲ။ :mrgreenn:   ကံကောင်းတာ တစ်ခုက အသက် […]


ဇီဇီApril 1, 20162min23410
Sorbet /sɔːrˈbeɪ/ is a frozen dessert made from sweetened water with flavouring (typically fruit juice or fruit purée, wine, and/or liqueur, and very rarely honey).   ဒီ တစ်ပတ် စမ်းထားတာကတော့ သစ်သီးတွေနဲ့ လက်ကျန် ဝိုင်ဖြူတို့နဲ့ လုပ်ထားတဲ့ ရေခဲခြစ် ပါ။ ခွိ။ :mrgreenn:   စိတ်ကူးရှိသလို ကွန့်မြူးနိုင်ပါတယ်။     ကျနော်ကတော့ ချင်တွယ်စရာ ပန်းကန်လုံး တစ်ခု (အကြီးအသေးကတော့ လူများမများပေါ်မူတည်ပြီး ချင်ပါ) ယူလိုက်ပါတယ်။ ပါဝင်သစ်သီးတွေကို တစ်ပန်းကန်စာဆီ ချင်တွယ်ပြီး ဖျော်ရည်စက်ထဲကိုထည့်ပါတယ်။ များရင် […]