Moorefield-S1-09-1280x853.jpg

kaiJune 7, 202416min4070
“West Virginia ရှိအန္တရာယ်အများဆုံးအလုပ်နေရာများထဲမှတစ်ခုဖြစ်တဲ့ အသားစက်ရုံကြီးဟာ ဆယ်စုနှစ်ပေါင်းများစွာမှာ ရွှေ့ပြောင်းနေထိုင်သူအလုပ်သမားတို့ရဲ့လုပ်အားကနေ အမြတ်ထုတ်ခဲ့သည်။” – by Allen Siegler MOOREFIELD( မိုးဖီး)— ၂၀၂၀ခုနှစ်၏ မိုးရွာထားသောနေ့လယ်ခင်းတခုမှာဖြစ်သည်။ အနောက်ဗာဂျီးနီးယား(West Virginia)ကြက်သားစက်ရုံသည် ညစ်ပေလျက်ရှိသည်။ သားသတ်ရုံမှာ ချွန်မြသောသံချိတ်များ၊ အရိုးဖယ်အသားထွင်သောလွှများနှင့် ကုန်ပစ္စည်းများကိုတင်ပြီး သယ်ပို့သည့် ရွေ့လျားစက်များရှိသည်။ သီတင်းပတ်တိုင်းမှာ ကြက်အကောင်ရေသန်းချီသတ်ရသော သားသတ်စက်သည် တိရစ္ဆာန်တို့မှထွက်သောအညစ်အကြေး၊သွေး၊ ဇီဝအကြွင်းအကျန်တို့ဖြင့် တောက်လျှောက်ပေကျံ နေလျက်ရှိသည်။  ထိုနေ့မှာ Hardy County ၏ အကြီးဆုံးအလုပ်ရှင်ပိုင်ဆိုင်သော အသားစက်ရုံမှ စက်များကို သန့်ရှင်းရေးအလုပ်သမားများက ဆေးကြောသန့်ရှင်းရေးပြုလုပ်နေကြသည်။ ထိုသန့်ရှင်းရေးအလုပ်သမားအများစုမှာ ဟစ်စပန်းနစ်(Hispanic)များဖြစ်ကြပြီး ၎င်းတို့ထဲမှာ လူအများမှာ အမေရိကားသို့ရွှေ့ပြောင်းအခြေချလာသူများဖြစ်ကြသည်။  .ပေါ်တူရီကန်လူမျိုး (Puerto Rican)အမျိုးသားတစ်ဦးသည် မထင်မှတ်ဘဲ လည်ပတ်လျက်ရှိသော ကုန်ပစ္စည်းများကိုတင်ပြီး သယ်ပို့သည့် ရွေ့လျားစက်ကို သန့်ရှင်းရန် ဒူးထောက်လျက်ရှိသည်။   […]


kaiApril 23, 202416min7460
Swe Swe Myint, in her mid-50s, immigrated to the US with her family in 2000 through the Diversity Visa program. Originally an elementary school teacher in Burma, when her husband underwent two heart surgeries, she made the decision to become a caregiver after completing an online caregiver certification Program in 2018.  Swe is a Fremont […]


kaiMarch 11, 20242min5890
“နိုင်ငံတော်အခြေပြလား.. ကန်ပိန်းလား.. မကွဲပြား” မနေ့ညက… သမ္မတရဲ့… နိုင်ငံတော်အခြေပြမိန့်ခွန်းဟောကြားပါတယ်..။ ဟောက်စ်.. စိနိတ်နဲ့.. စူပရင်းကိုသ့်အပါအဝင်.. ကက်ဘိနက်ဝန်ကြီးများ.. ဗိုလ်ချုပ်ကြီးများ.. အားလုံးရှေ့မှာ.. ဟောကြားပြီး.. မီဒီယာတွေကလွှင့်ထုတ်တာပါ..။ သမ္မတကြီးဟောင်းထရမ့်ကို…. ၁၃ကြိမ်ထိခိုက်ပြောသွားတာမှာ… တကြိမ်မှ.. ထရမ့်ဆိုတဲ့နာမည်ကိုမသုံး.. ငါ့အရင်လူလို့သာသုံးပါတယ်..။ ထရမ့်အမာခံ.. မက်ဂါဖိုက်တာ.. Marjorie က… ဘိုင်ဒန်ခမ်းမထဲဝင်လာကထဲက… ရင်ထိုးတံဆိပ်လေးပေးပြီး.. အဲဒီအမေရိကန်က.. တရားမဝင်ခိုးဝင်သတ်တာခံရသူမို့.. အမည်ကိုပြောပါလို့.. တိုက်တွန်းခဲ့ပြီး.. မိန့်ခွန်ဟောနေတုံးလည်း.. ဖြတ်ပြီးဝင်အော်တာမှာ… ဘိုင်ဒန်က.. နာမည်ထုတ်ပြောခဲ့ပါတယ်..။ ထူးဆန်းတာက.. undocumented immigrant, အစား.. ဒီမိုကရက်တွေသုံးလေ့မရှိတဲ့.. “illegal,” လို့သုံးသွား..။ မိန့်ခွန်းထဲပါတဲ့.. ဘိုင်ဒန်.. လုပ်ပြီး.. လုပ်ပြ.. လုပ်မှာတွေကတော့.. ဒီမိုကရက်တွေထုံးစံတွေအတိုင်းမို့.. ထူးပြီးပြောစရာမရှိ..။ အမေရိကားစီးပွားရေးကတက်နေပြီး.. အလုပ်လက်မဲ့နှုန်းက.. ကျနေတာမို့… စီးပွားရေးအခြေအနေကောင်း..။ အထူးသတိထား.. လူမကြိုက်တဲ့.. နယ်စပ်ခိုးဝင်ကိစ္စနဲ့.. အစ္စရေး-ဟားမားစစ်ကို.. […]


kaiFebruary 17, 20245min6990
ခုရက်ပိုင်းလာမေးနေကြလို့ပါ..။ မေးဆို.. တိုင်းပြည်အခြေအနေက.. သိတော်မူကြတဲ့အတိုင်း…။ ဧပြီကစတလ၅ထောင်နှုန်းနဲ့.. တနှစ် ၆သောင်း… နှစ်ရှည်ခေါ်မှာတဲ့..။ အာဏာသိမ်းပြီး.. သေတဲ့စစ်သားအရေအတွက်ကို.. ကျော်ချင်တိုင်းကျော် .. ဆင့်ခေါ်မှာမို့… ဘာ/ဘယ်အတွက် .. ထ,ခေါ်တာလည်း.. အရင်ပိုစ့်မှာ.. ဤသူသုံးသပ်ထားပါတယ်..။ စစ်ကြီးနီးပြီလေ..။ IR-3/IH-3 Visas ဆိုတဲ့ .. မွေးစားဗီဇာအကြောင်းကို.. အောက်ကဝက်ဆိုက်တွေမှာ.. ဖတ်လို့ရပါတယ်..။ အောက်မှာရှယ်ထားတဲ့.. ‌ဖေ့စ်ဘုတ်က.. တယောက်ကလည်း.. မြန်မာလို.. တော်တော်လေးရေးပေးထားပါတယ်..။ အထူးသဖြင့်… (အထူးသဖြင့်) မြန်မာနိုင်ငံဆိုင်ရာအမေရိကသံရုံးဝက်ဆိုက်မှာလည်း… အောက်ကအတိုင်းရေးတင်ထားပါတယ်..။https://mm.usembassy.gov/u-s-citizen-services/child-family-matters/adoption/ =====================Currently, Burmese law does not allow non-Burmese nationals to adopt or have legal custody of Burmese children. The Kittima Adoption […]


kaiJanuary 30, 20242min4410
ဥတုရာသီမှာ၂၀၂၃ ကအပူလွန်ခဲ့သလောက် ယခုနှစ်ဆန်းတွင်အအေးလွန်ပြပြီး မိုးခေါင်ဒေသများ၌ မိုးသွန်နေပါ၏။ အမေရိကားတွင်အအေးလွန်/မိုးသွန်းမှုကြောင့် လူရာဂဏန်းမျှနီးပါးသေကျေသည်ဆိုပေရာ အစွန်းရောက်နေသည့် ဥတုရာသီကို မီးမောင်းမက လေဆာနှင့်ပင်ထင်ရှားပြနေရာရောက်၏။ ဖေဖော်ဝါရီဆန်းတွင် ပစိဖိတ်သမုဒ္ဒရာ၌စုဖွဲ့ထားသော ကောင်းကင်မြစ်ကြီးအနောက်ဖက်မှ ဝင်လာသွန်ချပါဦးမည်။ မိုးရွာလေ့မရှိမူ၍ မိုးခေါင်ဒေသဖြစ်ခဲ့(ဖူး)သော တောင်ပိုင်းကယ်လီတွင် ရေကြီးရေလျှံမြေပြိုမည်ခန့်မှန်းရသည်။ ၁၉၉၄ နော့ထရစ်ငလျင်ကြီး(Mw၆.၇)နှစ်၃၀ပြည့်ဒေသသည် မိုးနှင့်ဆီးနှင်းဖြင့် သဘာဝဘေးဒုက္ခဖြစ်ပါမည်။ ရာသီဥတုဆိုးဝါးအစွန်းရောက်လာခြင်းကို မိုးလေဝသဖြင့်ခပ်စိတ်စိတ်လေး ကိုယ်ထင်ရှားပြသတည်း။ “စူပါ တောင်မြောက်ကိုရီးယား” စစ်ရေးသိသိသာသာလှုပ်ရှားလာသည်မှာ မြောက်ကိုရီးယားဖြစ်သည်။ ရုရှားနိုင်ငံနှင့်ရွှေလမ်းငွေလမ်းဖေါက်ရင်း မဟာဗျူဟာမြောက်လက်နက်များအထိ ပေးယူ/ရောင်းဝယ်လုပ်လာနေသော မြောက်ကိုရီးယားသည် အချိန်မရွေးပေါက်ကွဲနိုင်သော ကမ္ဘာစစ် ချိန်ကိုက်ဗုံးဖြစ်နေသည်။ အများတွက်ဆထားသည် ချိုင်းနား-ထိုင်ဝမ်မှစမည့် ကမ္ဘာစစ်ကြီးသည် မြောက်ကိုရီးယားဝင်ပါလာလျှင် ကမ္ဘာဖျက်အားမြန်မည်/ကြီးသည်။ ရေအောက်နှုကရီးယားသယ်နိုင်သော ဒရုန်းမျိုးကိုလည်းစမ်းသပ်အောင်မြင်နေသလို ကမ္ဘာပါတ်လမ်းကြောင်းအထိ လွှတ်တင်နိုင်သော ဒုံးယာဥ်ပျံလည်းရှိသည်။ အလွန်တောင့်တင်းသော စစ်အင်အားလည်း(ခန့်မှန်းစစ်သည် ၁.၃သန်း) လည်းရှိသည်။ တောင်ကိုရီးယားသည် အီလက်ထရောနစ်၊နည်းပညာ၊အနုပညာတို့တွင် အမေရိကား၏ဆွဲတင်မှုအတိုင်းတက်လိုက်လာပေရာ ဂျပန်၏ခြေရာနုင်း၍ကမ္ဘာစီးပွားရေးအင်အားကြီးနံပါတ်၁၀(GII […]


kaiJanuary 16, 20242min4670
ဒီတပါတ်… အရောင်ရင့်မှတ်တမ်းများ – Bold News မှာ… ၁) ထိုင်ဝမ်ရွေးကောက်ပွဲပြီးသွားပါပြီ..။ သက်တမ်း၂ခုဆက်တိုက် သမ္မတနေရာရထားတဲ့.. DPP ပါတီက.. တတိယသက်တမ်းဆက်ရလိုက်ပါတယ်..။ ထိုင်ဝမ်ခွဲရေးနဲ့တွဲရေးမှာ.. ခွဲရေးဖက်က… နိုင်တယ်.. ဆိုပါစို့…။ အမေရိကားကတော့.. ပြောရှာပါတယ်..။ ထိုင်ဝမ်လွတ်လပ်ရေးကို.. ထောက်ခံအားပေးမှာ.. မဟုတ်ပါဘူး… တဲ့…။ ချိုင်းနားတနိုင်ငံထဲပါ.. ဆိုတဲ့.. ပေါ်လစီကို.. ကိုင်စွဲထားပေးမယ့်သဘော..။ ကွန်မြူနစ်ချိုင်းနားဖက်ကနေ.. စစ်ရေးပြ.. ဖိအားပေးသော်လည်း… ထိုင်ဝမ်နီစ်းတွေက.. ခွဲရေးရွေးတာမို့.. ပြောထားတဲ့.. ချိုင်းနားလည်း.. အခုထိတော့.. အူလည်လည်လုပ်နေ..။ အမေရိကားက… သမ္မတသစ်ကို.. ဂုဏ်ပြုစကားပြောတာကိုပါ… ဒေါသတွေထွက်ပြနေ.. ၊ နောနေမှ.. ဘာထကြမ်းမလဲမသိ..။ သူ့တပည့်.. မြောက်ကကြီးကတော့… တာလတ်ပစ်ဒုံးတွေ.. ၂၀၂၄ စျေးဦးဖေါက်ပစ်ပြပြီး.. ဘယ်သူ့ကိုမှန်းမသိ.. ခြိမ်းခြောက်လိုက်ကြောင်း..။ ၂) မနက်ဖြန်.. အိုင်အိုဝါပြည်နယ်ရဲ့… သမ္မတလောင်းရွေးပေးပွဲပါ..။ ဂျီအိုပီပါတီ(ရီပါ့ဗလစ်ကန်) […]


kaiDecember 21, 20238min4170
Japan-ASEAN summit aims to advance ‘security cooperation’Dec 16 | http://tinyurl.com/2zhumdntSoutheast Asian and Japanese leaders on Saturday will commit to strengthening “maritime security cooperation,” according to a draft statement, at a summit in Tokyo focused on boosting economic ties but also guarding against China’s growing regional assertiveness. Hungary blocks $54bn EU financial aid for UkraineDec 15 […]


kaiOctober 15, 20234min28650
ကမ္ဘာ့ကပ်ရောဂါ Covid-19 က US ကိုရောက်လာတဲ့အချိန်ကနေ အခုချိန်တွေထိ အာရှလူမျိုးများကို ပစ်မှတ်ထားပြီး ရန်ရှာ၊ တိုက်ခိုက်တဲ့အဖြစ်အပျက်တွေဟာ California အပါအဝင် US တနိုင်ငံလုံးမှာ ဖြစ်ပျက်နေပါတယ်။ ပြောင်းရွှေအခြေချနေထိုင်သူ Immigrants များနဲ့တည်ထောင်ထားတဲ့ United States သမိုင်းမှာ လူမျိုးရေးခွဲခြားမှုအဖြစ်အပျက်တွေဟာ လူမျိုးစုတွေကြားမှာ ရှိနေခဲ့ပါတယ်။ လူမျိုးစုအသီးသီး အာဖရိကန်အမေရိကန်တွေ၊ အာရှလူမျိုးတွေ၊ Spanish တွေက တိုက်ယူခဲ့တာတွေဟာ အကြိမ်ကြိမ်ရှိနေခဲ့ပါတယ်။ လူဖြူက အသားအရောင်နဲ့လူမျိုးကြောင့် ရန်လိုရွံမုန်းခြင်းနဲ့တိုက်ခိုက်တာတွေရှိသလို လူမျိုးစုအသီးသီးကြားမှာလဲ တခုနဲ့တခု ရန်လိုရွံမုန်းခြင်းနဲ့တိုက်ခိုက်ခြင်းတွေ ရှိနေကြတာပါပဲ။ ဒီလို ရန်လိုရွံမုန်းခြင်းနဲ့တိုက်ခိုက်ခြင်းတွေကို United States က ဥပဒေနဲ့အကာအကွယ်ပေးထားတဲ့အတွက်၊ ဒီနိုင်ငံမှာ နေထိုင်နေတဲ့သူတဦးချင်းစီရဲ့ Civil Rights ရှိနေတဲ့အတွက် အဖြစ်အပျက်တွေဟာ ဥပဒေမဲ့ စည်းမဲ့ကမ်းမဲ့နဲ့တော့ အဆုံးသတ်မသွားပါဘူး။ သို့သော်လည်း ဥပဒေပြုသူတွေ […]


kaiAugust 31, 20233min22750
မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းလိုက်ပြီး တစ်လနီးပါးအကြာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ ၂၇ရက်နေ့မှာ ကျနော်ဟာရန်ကုန်မြို့၊ကမာရွက်မြို့နယ်၊ ဆင်ရေတွင်းမှတ်တိုင်နားက ဂမုန်းပွင့် ဈေးဝယ်စင်တာအနီးမှာ သတင်းယူနေရင်း အဖမ်းခံခဲ့ရပြီး အင်းစိန်ထောင်ထဲမှာ လေးလကြာနေထိုင်ခဲ့ရပါတယ်။ ထောင်ကပြန်ထွက်လာပြီးနောက်ပိုင်း ကျနော်ဟာ လွတ်မြောက်နယ်မြေတစ်ခုဖြစ်တဲ့ ကရင်ပြည်နယ်ထဲက လေးကေ့ကော်လို့ခေါ်တဲ့ ‌ KNU နယ်မြေထဲမှာ ခိုလှုံခဲ့ပါတယ်။ ကျနော်ကို အာဏာသိမ်းတပ်သား‌ တွေ သေနတ်နဲ့ ထိုးချိန်ပြီးဖမ်းဆီးဖို့ကြိုးစားချိန်မှာ ကျနော်က“သတင်းထောက်ပါ။သတင်းထောက်ပါ”လို့ ‌ယမ်းခိုးယမ်းငွေ့တွေ အူနေတဲ့ကြားထဲကနေ အော်ပြောပါသေးတယ်။အဲ့ဒီအချိန်မှာ သေနတ်ပစ်သံတွေကျနော်ကြားနေရပါတယ်။ အဲ့ဒီ ကိုးယောက်‌လောက်ရှိတဲ့အထဲက တပ်ကြပ်ကြီးတစ်ယောက်က“သတင်းထောက်လည်းဖမ်းကွာ၊ မင်းထွက်ပြေးလို့ကတော့ ပစ်မှာနော်။ ဒီမှာတွေ့လားသေနတ်”ဆိုပြီး ကျနော့် ဘယ်ဘတ်ရင်ဘတ်အပေါ် သေနတ်ထောက်ပြီး ပြောပါတယ်။ အဲ့ဒီတော့ ကျနော်ဘာဖြစ်လည်း။ကြောက်ရွံစိုးထိတ်စိတ်နဲ့ အဲ့ဒီအာဏာသိမ်းတပ်သားတွေကို အမှုန့်ကြိတ်ချင်လောက်အောင် ရွံ့ရှာမုန်းတီးစိတ်ဖြစ်ခဲ့ပါတယ်။ကျနော့်စိတ်ထဲမှာ မတရားဖမ်းးဆီးခံရတယ်ဆိုတဲ့စိတ်ဟာ တငွေ့ငွေ့လောင်ကျွမ်းနေခဲ့ချိန် ဖြစ်ခဲ့ပါတယ်။ ထောင်ထဲရောက်ခဲ့ချိန် တရားရုံးထွက်မှာလည်း အချူပ်ကားစောင့် ရဲတပ်သားတစ်ယောက်က […]


kaiAugust 25, 20234min7990
သြဂုတ်လသည် သမိုင်းဝင်ရှစ်လေးလုံးအရေးတော်ပုံကြီး၏ ကျောက်စိမ်းရတု-၃၅နှစ်ပါတ်လည်လဖြစ်ပါသည်။ မြန်မာ့သမိုင်းကို ကြည့်လျှင် စုက္ကတေးမင်း၏ “ညီသားနောင်မယ်”စကားအကြောင်းပြု သတ်ဖြတ်အာဏာလုခဲ့သော ပထမမြန်မာနိုင်ငံတော်တည်ထောင်သည့် အနော်ရထာမင်းမှသည် ယခုအထိ လက်နက်အင်အားအားကိုးဖြင့် အာဏာသိမ်းသည့် ဓလေ့ဖြင့်သာသွားနေသည်ကိုတွေ့ရမည်။ သက်ဦးဆံပိုင်ဘုရင်ရာထူးအား လွန်စွာကြီးမြတ်အာဏာစွမ်းထက်လွန်းပုံ ဆွဲတင်ထားရကား လူတိုင်းလိုချင်သောအိပ်မက်နေရာရယ်ပါ။ သမိုင်းလာ ဘုရင်ဘုန်းတော်ဘွဲ့တို့မှာ “ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသော ဧကရာဇ်မင်းမြတ် ရွှေနန်းရှင်အရှင်ဘုရား၊ အသက်ဦးဆံပိုင်အရှင် ရွှေနန်းရွှေပြာသာဒ်သခင် ဆင်ဖြူဆင်နီတို့၏သခင်အရှင် ဘဝရှင်မင်းတရားကြီးဘုရား” ဟူသတတ်။ ထိုမျှ ကြီးမြတ်သောနေရာသည် အင်အားပါဝါရှိသည်နှင့် လုယူသိမ်းပိုက်ရန်လည်းလွယ်လွန်းလှ၏။ ဘုရင်ကိုသတ်လျှင် ဘုရင်ဖြစ်နိုင်သည်။ ဘုရင်နေရာရသည်နှင့် သစ္စာခံသူများအသီးသီးပေါ်လာကြကာ လူသားအချင်းချင်း လွန်စွာချီးမြှောက်ကိုးကွယ် လိုက်ရကား ထိုသူသည် သက်ဦးဆံပိုင်ရေမြေ့သနင်း ဖြစ်သွားသတည်း။ စစ်အင်အား စည်းလုံးစုဆောင်းပြီး တထီးတနန်းတည်ထောင် ဘုရင်တက်လုပ်နိုင်သည်လည်းရှိ၏။ မြန်မာနောက်ဆုံးကုန်းဘောင်မင်းဆက်ဟူသည် မုဆိုးဖိုရွာသူကြီးဦးအောင်ဇေယျမှ နန်းထောင် အလောင်းဘုရားဘွဲ့ခံ ဘုရင်လုပ်ခြင်းမှ စခဲ့သည်မဟုတ်ပါလော။ ရွေးကောက်တင်မြှောက်ခြင်း မျိုးရိုးစဥ်ဆက်လိုက်ခြင်းမရှိ/မင်းဆီမင်းသွေးမလို။ ရဲလျှင်မင်းဖြစ်၏။ […]


kaiJuly 25, 20232min14430
“၁၇နှစ်သား ပုံနှိပ်စာစောင်၂၀၀၆ ဇူလိုင်မှစ၍ အယ်ဒီတာ့သင်ပုန်းရေးခဲ့သည်မှာ ယခုလတွင် ၁၇နှစ်တိုင်လေပြီ။ အပုဒ်ပေါင်း၁၇၄ခု ရှိပါ၏။ ယခုထိမည်သည့်အဖွဲ့အစည်းအထောက်အပံ့မှမပါ ကြော်ငြာရှင်များ၏ကြော်ငြာခဖြင့်ရပ်တည်နေနိုင်ခဲ့သည်ဖြစ်၍ တနည်းအားဖြင့် Grassroots ခေါ်လူထုအခြေပြုပုံနှိပ်မီဒီယာဟု ဆိုရဲသည်။ မြန်မာပြည်ပြင်ပတွင် ပုံမှန်ပုံနှိပ်ထုတ်ဝေနိုင်သည့် သက်တမ်းအကြာဆုံးပုံနှိပ်မီဒီယာအဖြစ်လည်း ဂုဏ်ယူမိပါသည်။ L.A. Times ၏မျက်နှာဖုံးတွင် အယ်ဒီတာချုပ်အနေဖြင့်အင်တာဗျူးသတင်းသီးသန့်ပါဖူးခဲ့သလို AFPသတင်းဌာန၏ ဗီဒီယိုအင်တာဗျူးလည်းရိုက်ကူးခံခဲ့ရဖူးသည်။ အမေရိကဖက်ဒရယ်အစိုးရဌာနများမှသည် ပြည်နယ်အစိုးရတို့၏ ကြော်ငြာ/အသိပညာပေးသတင်းဆောင်းပါးများသာမက ဖိတ်ခေါ်သင်တန်းပေးမှုများ အစိုးရအလုပ်ခေါ်စာများလည်း ထည့်ဖူးပါဖူးသည်။ အိမ်ဖြူတော်သို့ သတင်းယူပါရန်ဖိတ်ခေါ်ခံရသလို လူထုစစ်တမ်းကောက်ယူရာတွင် သန်းခေါင်စာရင်းဗျူရို၏ အစည်းအဝေးများသို့လည်း တိုက်ရိုက်တက်ရောက် မြန်မာတို့အကြောင်းရှင်းပြခွင့်ရခဲ့၏။စာကြည့်တိုက်ကြီးများတွင်လည်း ဒစ်ဂျစ်တယ်အဖြစ် မြန်မာဂဇက်ကိုသိမ်းဆည်းထားသည်ဖြစ်၍ သင်/ငါတို့လွန်ပြီးသောနှစ်တို့ဝယ် အမေရိကသမိုင်း၏ တစိတ်တပိုင်းအဖြစ် ကျန်ရစ်ပါလိမ့်မည်။မျိုးဆက်သစ်များ ကျောင်း/တက္ကသိုလ်များသို့သွားရာတွင် လိုအပ်သည့်ခရက်ဒစ်များ ဗော်လန်တီယာကိစ္စများအတွက် တခုတည်းသော သက်ဝင်ပုံနှိပ်မီဒီယာအဖြစ် အကူအညီပေးနိုင်ပါသည်၊ အသုံးပြုကြပါလေ။အသုံးပြုနိုင်ခြင်းအတွက် ကျေးဇူးတင်ရမည်မှာ ကြော်ငြာရှင်များဖြစ်ပါ၏။ အသိအမှတ်ပြုသောအားဖြင့် ကြော်ငြာရှင်များ၏ စီးပွားရေးလုပ်ငန်း/ဆားဗစ်များကို […]