ကမ္ဘာ့ဖလား၊ မောင်မာဃနှင့် မေလရဲ့ ဖတ်ရွေးဆုရှင်

Mr. MarGaJune 16, 20141min35666

ဇွန်လ……
မိုးရာသီထဲ ဝင်နေပြီဖြစ်သော်ငြားး မိုးမရွာချိန်တွင်တော့ ပူပါသေး၏။

မန်းမြေမို့ နေမင်းသည် သူ့အင်သူ့အားကို အစွမ်းကုန် ထုတ်လွှတ်ပေးနေသည်ကိုး။

ထို နေပူပူတွင် မောင်မာဃတစ်ယောက် လေပူအတိုးခံကာ ဆိုင်ကယ်ကို အသော့နှင်နေချေ၏။

လက်မှ နာရီကိုလည်း မကြာမကြာ ကြည့်နေပေသည်။

အတော်ကို ကသောကမျော ဖြစ်နေပုံ ပေါက်ပါ၏။

ထိုကဲ့သို့ ကသောကမျော ကပြာကယာ သွားနေရခြင်း အကြောင်းရင်းကို လင်းရမည် ဆိုပါလျှင်

ယမန်နေ့ညကို ပြန်လည်သွားရောက်ရချေမည်တမုံ့။

ယမန်နေ့ညက…...

မောင်မာဃ ကဘာ့ဖလားပွဲကြည့်ရန် အားတင်းနေချိန်မို့ စောစောအိပ်ရန်ပြင်နေမိသည်။နှစ်ပွဲဆက် ကြည့်မည်ဟု အားခဲထားသည်ကိုးး။

ထိုသို့ဖြင့် မှေးတေးတေး ဖြစ်နေခိုက်ဝယ်….
အနားမှာချထားသောဖုန်းက ထ. ကာ မြည်ပါတော့သည်
သို့ဖြင့် အိပ်ချင်မူးတူး ဖုန်းထကိုင်ချိန်ဝယ် တစ်ဖက်မှ ဆက်လာသူကား ဖတ်ရွေး ဥက္ကဋ္ဌကြီး မစ္စတာကြီးမိုက် ဖြစ်နေပေသည်။
အကြောင်းရင်းမှာကားးး

မောင်မာဃ ရွာတွင် စာမတင်ဘဲ ကွန်မန့်များသာ အားရပါးရ ထိုင်ပေးနေသည်ကို မျက်စိနောက်သည့်အတွက်
မေလ ဖတ်ရွေးပို့စ် တင်ရန် ဟု ဆိုပါ၏။

ရန်ကုန်ရောက်လျှင်…တစ်ဝိုင်းဟုလည်း ပြောသွားသေး၏။ (မနက်ဝိုင်းလား ညနေဝိုင်းလားတော့ အိပ်ချင်မူးတူးမို့ မမေးလိုက်ရချေ)

သို့ဖြင့် သို့ဖြင့်…….
လူက အိပ်ချင်မူးတူးဖြစ်နေသောကြောင့် ပြောသမျှကို “အင်း” လိုက်ကာ ဖုန်းချလိုက်ပါ၏။ အတိအကျမှတ်မိတာဆိုလို့
အပေါ်ကနှစ်ချက်သာရှိသည်။
သို့ဖြင့် ည တစ်နာရီခွဲတွင်ပြန်ထကာ ပြင်သစ်ပွဲ တစ်ခါကြည့်၊ ထို့နောက် အာဂျင်တီးနားပွဲပါ ဆက်ကြည့်ပြီးနောက်….
ဘောလုံးကွင်းကြီးထဲတွင် ချာချာလည်ကာ ပြန်လည်အိပ်စက်လိုက်လေသည်။

ယနေ့မနက်
ညက အားရပါးရ ထိုင်ကြည့်ထားသဖြင့် နေဖင်ထိုးမှ နိုးချေသည်။
နာရီကိုကြည့်ချိန်ဝယ် အိပ်ရေး မဝတဝ မျက်လုံးလေးတောင် ချက်ချင်းလက်ငင်း ပြူးလာချေ၏။ အလုပ်ချိန်နောက်ကျနေပြီကိုး။
သို့ဖြင့် မနက်ပြုဖွယ်ကိစ္စများကို ကသုတ်ကရက် ပြီးစေကာ စီးတော်ယာဉ် မော်တော်ဆိုင်ကယ်ကိုဆွဲလျက် အပေါ်မှ မြင်ကွင်းအတိုင်း
မောင်မာဃ အသော့နှင်နေခြင်း ဖြစ်ပေသည်။

သို့ဖြင့် ရုံးသို့ ရောက်အလာ…. နောက်ကျရခြင်း အကြောင်းရင်းကို ထုချေလွှာ တင်ပြီး၍ လိုင်းပေါ်သို့ တက်လိုက်သောအခါဝယ်….

ဥက္ကဋ္ဌကြီး၏ ပေးစာက အခန့်သား ထိုင်စောင့်နေပါ၏။
ထိုစာကိုမြင်မှပင် ညက အိပ်ချင်မူးတူးနှင့် “အင်း” လိုက်ခဲ့သော အကြောင်းအရာများကို ပြန်လည်သတိရမိတော့သည်။
ဖတ်ရွေးအဖွဲ့ဝင်များ ဘယ်အချိန်ကတည်းက ပို့စ်ကို စောင့်နေမည်မသိ။ မေတ္တာထိုင်ပို့နေကြဖို့ကတော့ အတော်သေချာသည်။
လူကလည်း အိပ်ချင်စိတ်က မပြေသေး။ ဒီနေ့မတင်လျှင်လည်းမဖြစ်တာမို့ အိပ်ချင်မူးတူးနှင့်ပင် ဤစာရင်းကို တင်လိုက်ပါသည်။
အိပ်ချင်မူးတူးမို့ အလွဲအမှားများ ရှိပါက ထောက်ပြကြပါကုန်…….

အောက်ပါပို့စ်များမှာ ဧပရယ် + မေ နှစ်လအတွက် ဖတ်ရွေးအဖွဲ့မှ ရွေးချယ်ထားသော ဆန်ခါတင်စာရင်း ဖြစ်ပါသည်။

 

မွေးမေလေ့!!——————————————————–ကေဇီ

အပြောင်းအလဲကို ကြိုဆိုလိုက်ကြပါစို့———————————–လင်း

အိုဘယ့်…. ရခိုင်ပြည်…———————————————–ကြောင်ဝတုတ်

အမှား…။————————————————————black chaw

အနာဂတ်ကလူငယ်တွေရဲ ့လက်ထဲမှာ———————————–lu lu

သူတောင်းစား——————————————————-etone

ဖျက်ဆီးခံရသောမြန်မာတို့၏စိတ်—————————————kogyi mind

ဒုတိယမြောက် ကော်ဖီပုံပြင်——————————————-aung moethu

တို့တစ်​​တွေ မတိုးတက်​တာ စနစ်​​တွေ​ကြောင်​့လဲပါတယ်​——————–naywoon ni

တဂျီး အတွက် ကလောင်၊ ကလင်၊ ကလက်——————————ကေဇီ

စိတ်ကူးလေးနဲ.ပြင်ကြည့်မယ်…—————————————-ရွှေတိုက်စိုး

ငရဲကြီးသလော၊ မကြီးသလော—————————————–Dr. Yi (ဆေး ၁)

ကျွန်မရဲ့ ဆယ်တန်းဘဝ (သို့မဟုတ်) ဘဝတစ်ဆစ်ချိုး ဖြတ်သန်းမှု —–လုံမလေးမွန်မွန်

ကာဗာလေးများ-သော်ဇင်(လွိုင်ကော်)———————————–သော်ဇင် (လွိုင်ကော်)

`ညှော်မယ်ဗျို့ ´—————————————————–padonmar

 

ဗုဒ္ဓဟူးနေ့တွင် ဆုရရှိသူကို ဤပို့စ်ထဲတွင် ထပ်မံထည့်သွင်း ကြေငြာမည် ဖြစ်ပါကြောင်း………………..

 

ထပ်မံဖြည့်စွက်ခြင်း

+++++++++++++++++++++++++++++++++++++++++++++++++++++++

ထို ဆန်ခါတင် တစ်ဆယ့်ငါးပုဒ်ထဲတွင်မှ

ယခုတစ်ပတ် ဖတ်ရွေးအဖွဲ့၏ အကြိုက်ဆုံးစာမူ အဖြစ် ညီတူညာတူ ရွေးချယ်လိုက်သော ပို့စ်မှာ

.

.

.

.

.

.

.

.

.

.

.

.

.

ကိုကြီး မှိုင်း ၏ ပို့စ် ဖြစ်သော

 

ဖျက်ဆီးခံရသောမြန်မာတို့၏စိတ်  ဖြစ်ပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

Congratulations! ပါ ကိုကြီးမှိုင်းခင်ဗျ။  🙂 🙂 🙂 🙂 🙂 🙂 🙂 🙂

 

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

 

66 comments

  • ဇီဇီ

    June 16, 2014 at 2:02 pm

    မွေးမေလေ့။
    လန့်လိုက်တာအေ။

    နောက်ခါ မူတူးနဲ့ အိပ်ချင်ရင် ဆိုင်ကယ်မစီးနဲ့။
    အန်ဒရယ်များလို့ ပြောတာ။
    ဘူသူရရ လက်ခုပ်တီးပါ့မယ်။
    😀

    • Mr. MarGa

      June 16, 2014 at 2:15 pm

      နာရီကြည့်ပြီး မျက်လုံးပြူးသွားကတည်းက အဲ့ မူတူးတွေ ဘယ်ပျောက်ကုန်မှန်းမသိ
      ရုံးရောက်မှ ပြန်ပေါ်လာတာ :mrgreenn:
      နောက်နှစ်ရက်ဆို ရလာဒ်ကြေငြာပါမယ်ခည

  • naywoon ni

    June 16, 2014 at 2:18 pm

    မနက်​​ရောက်​ရင်​ အလုပ်​လုပ်​ရမှာကို သိရက်​နဲ့ အလုပ်​လက်​မဲ့​တွေနဲ့အပြိုင်​ လိုက်​မိုက်​​နေ​သေးတယ်​ ။ တို့တစ်​​တွေမတိုးတက်​တာ အဲ့ဒါ​တွေလည်​းပါတယ်​။ (မှတ်​ချက်​ – ​နေဝန်​းနီက​တော့ ဘာမှ လုပ်​စရာမရှိပါ​သော​ကြောင်​့ ရှိသမျှ​ဘောလုံးပွဲ အားလုံးပီးမှအိပ်​ပါသည်​ ။ )

    • Mr. MarGa

      June 16, 2014 at 2:30 pm

      ဘာပြောပြော
      အားကျဒယ် ဗျာ..
      မတိုးတက်ခြင်း အကြောင်းတရားတွေကို ပြင်နိုင်ဖို့ ကြိုးစားနေပါကြောင်း 🙂

  • Crystalline

    June 16, 2014 at 2:36 pm

    နာကတော့ ဆုပဲစိတ်ဝင်စားတယ်.. ဘာ “ဆု” ပေးမှာလဲ.. :mrgreenn:

    • Mr. MarGa

      June 16, 2014 at 2:42 pm

      အဲဒါ ဖတ်ရွေးလူကြီးတွေကိုမေးး :mrgreenn:

    • ဇီဇီ

      June 16, 2014 at 2:52 pm

      စိတ်မဆိုးနဲ့နော်။
      ခွေးလွှတ်ပါကွယ်။
      ကိုယ်ရိုင်းနေရင်
      ကိုယ့်စိတ်က အရင်ဒီလို
      မဟုတ်ဘူးကွဲ့ ဆု နဲ့မှ ပြောင်းလဲကုန်ပြီ။ :mrgreenn:

  • kyeemite

    June 16, 2014 at 2:45 pm

    အိပ်ချင်ဆာမိနဲ့တင်လိုက်တဲ့ သဂျားမင်းရဲ့ ဆန်ခါတင်စာရင်းကိုကြည့်ပြီး
    ဆန်ခါတင်အရွေးခံရသူစာရေးသူအားလုံးကို ကွန်ဂရက်ကျူလေးရှင်းဦးစွာလုပ်ပြီး
    ဆုရသူကိုဩဘာပေးဖို့စောင့်နေပါ့မယ်ဗျို့ :mrgreenn:

    • Mr. MarGa

      June 16, 2014 at 3:01 pm

      ပို့စ် တက်ပြီဆိုတော့ ခိုးပြီး ငိုက်လိုက်ဦးမယ်
      တစ်ဝိုင်းနော်…. တစ်ဝိုင်းးး :mrgreenn:

  • ကြောင်ဝတုတ်

    June 16, 2014 at 3:15 pm

    ဟဲ့… ပလုပ်တုတ်… အဆဲခံရမယ့်ပိုစ့်ကြီးကို ဖတ်ရွေးရွေးထားတယ်… အဟင့်
    အို… ဖတ်ရွေးဆုမရချင်နေ….
    ဒီလ… အီတလီ ကမ္ဘာ့ဖလားရရင်တော်ပြီ… ခိခိ

    ခင်မင်လျက်-
    ကြောင်ဝတုတ်

    • Mr. MarGa

      June 16, 2014 at 3:30 pm

      ဖတ်ရွေးအဖွဲ့သားများ ဒီတစ်ခါလည်း သံချပ်ကာဝတ်ထားပါကြောင်း ခိုင်လုံတဲ့သတင်းရပ်ကွက်က သိရပါတယ် :mrgreenn:

      • ကြောင်ဝတုတ်

        June 16, 2014 at 3:39 pm

        ဖတ်ရွေးပွဲကိုလဲ ကျုပ် စည်ပိုင်းထဲဝင်ပြီး လာခဲ့ပါ့မယ်ခင်ဗျာ….
        အို… အီတလီဖလားရရင် ကျေနပ်ပါပြီ… စောင့်ရတာ (၈)နှစ်ရှိပြီ… ခိခိ

        ခင်မင်လျက်-
        ဖက်ဖက်ကက်

        • Mr. MarGa

          June 16, 2014 at 3:43 pm

          နယ်သာလန်… နယ်သာလန်…
          နယ်သာလန်… နယ်သာလန်…
          🙂

  • black chaw

    June 16, 2014 at 4:56 pm

    အမှား ဆိုတဲ့ ပို့စ်ကို စကာတင်ထဲရွေးထားတာ
    အမှား ကြီးဗျ…။
    အီတလီ…ဒီခြေနဲ့တော့ ဖလား မရနိုင်ပါဗျာ…။
    😀

    • Mr. MarGa

      June 16, 2014 at 5:13 pm

      အမ်
      အဲဒါဆို ရွေးတဲ့သူကိုယ်တိုင်က မှားနေလို့ လို့ ပြောချင်တာလား ဟင် 🙂

    • kyeemite

      June 17, 2014 at 11:40 am

      အခုခေတ်က အမှားတွေ ဦးဆောင်တဲ့ခေတ်ဗျ
      ဒါကြောင့် “အမှား” ကိုရွေးတာ မှန်တယ် 😀

  • surmi

    June 16, 2014 at 8:03 pm

    မောင်သဂျားတို့များ ဆု နဲ့အကျိုးပေးချက် …
    ရှေးရေစက်လားထင်ရတယ်
    အော် …
    ဆု
    ဆု
    ဆု ရွေးချယ်တဲ့အကြောင်းကိုပြောတာပါကွယ် :kwi:

  • Ma Ma

    June 16, 2014 at 8:57 pm

    သကြားကြေညာတဲ့ဆုဆိုတော့ ချိုမြိန်နေမယ်လို့ထင်ထားတာ…..
    ရီဝေဝေ ဖြစ်သွားတယ်။
    ဖတ်ပြီး အိပ်ချင်မူးတူး ဓာတ်ကူးသွားလို့ :kwi:

  • padonmar

    June 16, 2014 at 9:04 pm

    မဟုတ်မှလွဲရော….ဆုရမယ့်သူက မောင်သဂျားပဲဖြစ်ရမယ်။
    ဆု ၂ဆု ရပြီးဆိုလား ..နားစွန်နားဖျား(ခရက်မဒစ်တူ ကက်ဘလို)

    • Mr. MarGa

      June 17, 2014 at 10:35 am

      ကျနော့်ပို့စ် မပါဘူးလေ ဒေါ်လေးရဲ့ 🙂
      မောင်မာဃ ဆုရတာ ဟိုးလေးတကျော် ဖြစ်နေပါလားနော်… 🙂

  • ခင် ခ

    June 16, 2014 at 9:55 pm

    ဒီတစ်ခါ အရွေးခံရသူက ကျုပ်နဲ့ပြောမနာဆိုမနာ အတော်ခင်တဲ့သူမို့ အလွန်ဝမ်းသာစွာ ဩဘာပေးလိုက်တယ်ဗျာ

  • lu lu

    June 16, 2014 at 11:39 pm

    အယ် ဦးခင် ခ လေသံအရဆိုရင် ဆိုရင် တိုးတိုးတိတ်တိတ် နဲ ့ပေါက်ကြားနေ
    ပြီထင် တယ် ဘူလဲ ဟင် အဲ့ဒါ အားကျ ချင် လို ့ပေါပြပါတော့လား ဟဲဟဲ
    ဘယ်သူရရ Bravo! ! ! !
    😆

  • Ma Ma

    June 17, 2014 at 8:02 am

    သိကြားတင်တဲ့ပိုစ့်ဆိုတော့ ချိုမြိန်လိမ့်မယ်လို့ ထင်ထားတာ ရီဝေဝေ ဖြစ်နေပါလား။
    အိပ်ချင်မူးတူးနဲ့ ရေးထားတဲ့စာဖတ်ပြီး အိပ်ချင်မူးတူးဖြစ်သွားလို့။ :kwi:
    ဆုရသူကို ဂုဏ်ပြုဖို့ မနက်ဖန် ထပ်လာခဲ့မယ်။ 🙂

    • Mr. MarGa

      June 17, 2014 at 11:43 am

      ကဘာ့ဖလားနဲ့ဆိုတော့ ရီဝေဝေဖြစ်သွားတာပေါ့ဗျာ…
      အိပ်ချင်ပြေသေးဘူးဗျာ ပြန်အိပ်ပြီ :mrgreenn:

  • ခင် ခ

    June 17, 2014 at 8:03 am

    ဘယ်ရွာသူားဖြစ်ဖြစ် ပြောမနာ ဆိုမနာ စိတ်မဆိုးကြသလို ခင်ခင်မင်မင်လည်းရှိကြတာလေ lu lu ရေ ဟုတ်ဖူးလားဗျ

    • lu lu

      June 17, 2014 at 6:39 pm

      ဒီရွာက မှ တကယ့် ဒီမိုက ရေ စီ ရတဲ့ရွာလို ့ထင် ပါတယ် ဦးခ ရယ်
      တစ်ယောက်ကို တစ် ယောက် လွတ်လပ် ပွင့်လင်းတဲ့
      အ တွေ း အ ခေါ်အယူအဆ တွေနဲ ့ပြောကြ ရေးကြတဲ့အတွက်
      ခင် မင် ရင်းနှီးမှုတွေ ပိုရ လာတယ် လေ
      ဗဟုသုတ လည်းအများကြီးရ ခဲ့ ပါတယ်
      🙂

      • Ma Ma

        June 18, 2014 at 7:31 am

        လုလုရေးပေးလိုက်တာ သဂျီးအတွက် သကြားခဲပဲ။
        အလွန်ချိုမြိန်သွားလိမ့်မယ်။ 🙂 🙂 🙂

  • alinsett (gazette)

    June 17, 2014 at 5:24 pm

    နှစ်လပေါင်း…
    ဆယ့်ငါးပုဒ်….
    အင်းးးးးးးး

    အင်းလေ…
    ဘာပဲဖြစ်ဖြစ်..
    ရမယ့်သူ…/ စာ အတွက်.. ဝမ်းသာပါတယ်. ။

    :kwi:

  • Ma Ma

    June 18, 2014 at 7:46 am

    တင်းးး တောင်….. တင်းးးး တောင်……
    ဗုဒ္ဓဟူးနေ့ရောက်ပါပြီ။ 🙂

  • Mr. MarGa

    June 18, 2014 at 9:19 am

    ထပ်ဖြည့်ပြီးပါပြီဗျ
    ဘယ်သူလဲ ဆိုတာကို နောက်တစ်ခေါက် လာကြည့်ကြဖို့ ဖိတ်ခေါ်ပါကြောင်း 🙂

  • Ma Ma

    June 18, 2014 at 9:44 am

    ဂုဏ်ယူပါတယ် ကိုကြီးမှိုင်းးးးးးးးးးးးးးးး 🙂

    ကိုယ့်တာဝန်ကို ကျေပွန်အောင်လုပ်သွားတဲ့ သိကြားလေးလည်း လိမ္မာပါပေတယ်။ 🙂

  • surmi

    June 18, 2014 at 9:45 am

    ဧပြီလနဲ့ မေလ နှစ်လပေါင်းဆုရသွားသူ
    kogyimind အား ဂုဏ်ယူဝမ်းမြောက်ကြောင်းပါဗျို့ 🙂

  • snow smile

    June 18, 2014 at 9:49 am

    ကို ကြီး မှိုင်း ရေ ဝမ်း သာ ပါ တယ် ရှင်

  • kogyi mind

    June 18, 2014 at 10:09 am

    အများကြီးကို ဂုဏ်ယူဝမ်းမြောက်ပါတယ်ခင်ဗျာ..ကိုယ်တိုင်က စာရေးဆရာမဟုတ်ပဲနဲ့တွေးမိသမျှကို စေတနာအားကိုးနဲ့ ရေးခဲ့တာမို့ ဒီလိုအသိအမှတ်ပြုခံရတာ အင်မတန်အားတက်မိပါတယ်.. နောက်လည်း ဒီထက်မက အကျိုးရှိတဲ့စာတွေကို ရေးပါ့မယ်လို့ ကတိပေးပါတယ်ခင်ဗျား..

    • Foreign Resident

      June 18, 2014 at 10:26 am

      Congratulations ပါ ကိုကြီးမှိုင်း !!!!!

    • Mr. MarGa

      June 18, 2014 at 10:39 am

      ဆက်ရေးမယ့်စာတွေကို စောင့်မျှော်နေပါတယ် ကိုကြီးမှိုင်းရေ (အဲ ကျနော် စာလုံးပေါင်းတာ မှန်ရဲ့လားမသိ)
      ဆုပေးပွဲနဲ့ တွေ့ဆုံပွဲကျရင်လည်း လက်တို့လိုက်ပါမယ်ခင်ဗျ

  • alinsett (gazette)

    June 18, 2014 at 10:13 am

    ”ကိုကြီးမိုင်း” ရေ. . .
    ဂုဏ်ယူဝမ်းမြောက်ပါတယ်နော်
    😆

    ဒါနဲ့ . . .
    ကျနော်က ” ကိုကြီးမိုင်း ” လို့ ခေါ်တာနော်

    :mrgreen:

  • kyeemite

    June 18, 2014 at 10:22 am

    kogyi mind အတွက် အလွန်တရာဂုဏ်ယူဝမ်းမြောက်မိပါကြောင်း နှင့် စာရေးကောင်းသူတစ်ဦး ဂဇက်တွင်တိုးလာသည့်အတွက်လည်း ဝမ်းသာပါကြောင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
    🙂 🙂 🙂 🙂 🙂 🙂 🙂 🙂
    ♪♫♪♫♪

  • black chaw

    June 18, 2014 at 10:44 am

    ကိုကြီးမိုင်း လို စာရေးသူတစ်ယောက်
    ကျွန်တော်တို့ရွာကို ရောက်လာတဲ့ အတွက်
    ကျွန်တော် တို့ ဝမ်းသာပါတယ်…။
    ဆုရသွားတဲ့ အတွက်လည်း ဂုဏ်ယူပါတယ်ခင်ဗျ…။
    ချစ်ခင်လေးစားတဲ့
    ဘလက်ချော…။

  • Fall Guy

    June 18, 2014 at 11:38 am

    ခုမှဖတ်​ကြည်​့မိပါတယ်​…
    ရွာထဲမ​ရောက်​တာကြာပြီဗျာ…
    ကိုကြီးမိုင်​း ရဲ့ ပိုစ်​့ ကိုသ​​ဘောကျ​ကျေနပ်​မိပါတယ်​..
    ဆုရရှိတဲ့အတွက်​ လဲ ဂုဏ်​ယူဝမ်​း​မြောက်​ပါတယ်​ခင်​ဗျာ….

  • lu lu

    June 18, 2014 at 12:15 pm

    Kogyi Mind
    Bravo ! ! ! !
    Congratulations ပါ နော်
    ရွာသူားတွေနဲ ့အတူတူ ထပ်တူထပ်မျှ ဝမ်းသာ ဂုဏ်
    ပြုလိုက်ပါတယ်
    :mrgreen:

  • ခင် ခ

    June 18, 2014 at 1:18 pm

    ကိုကြီးမှိုင်းရေ Congratulations! ပါဗျ။

  • ဇီဇီ

    June 18, 2014 at 2:04 pm

    ကိုဂျီးမိုင်းးးး ကွန်ဂလက် ကျုလေးချင်းးးးး
    သများကို မုန့်ဝယ်ကျွေးပါ။

    :s:

  • နောင် ရိုး

    June 18, 2014 at 3:20 pm

    ဝင်ဝင်ချင်း ဒါမျိုးမြင်ရတာ တယ်ကျက်သရေရှိပါတယ်ဗျာ…။ ကျော်လဲ အားကျပါတယ်..။
    ကွန်ဂလက် ကျူလေးရှင်းပါ အစ်ကိုမိုင်းရေ…

  • naywoon ni

    June 18, 2014 at 7:05 pm

    ဒီလိုပဲ ဖြစ်​ရမယ်​လို့ အစကတည်​းကတွက်​ပြီးသားပါ ကွန်​ဂလက်​ကြူး​ရေးယှင်​း ကိုကြီးမိုင်​း

  • padonmar

    June 19, 2014 at 12:12 am

    Congrtulations ဘရာကြော်ပါ ကိုကြီးမိုင်း၊
    ဆုရပြီးရင် ရွာမှာ အိမ်တအိမ်ဆောက်ပြီးနေနော်။

  • အရီးခင်

    June 19, 2014 at 1:15 am

    ဒီ တစ်ခေါက် သိကြားကိုယ်တိုင် ပါလား။
    ကိုကြီးမိုင်း ရဲ့ ကန်ချက် (အမှန်တော)့ လက်ပစ်ဘော ပြင်းပုံများ။ အားကျစရာ။ :-)))

    အများကြိုက် ရုံမက အတွေးကောင်းအရေးကောင်း လို့ ဆုရ ကိုကြီးမိုင်း ကိုရော၊ ဇကာတင်ပါသူ များရော၊ ရွာထဲ စာဝင်ရေးသူ အားလုံး အတွက်ရော အများကြီး ဂုဏ်ယူပါတယ်။
    ကျေးဇူးလဲ တင်ပါတယ်။ စာတစ်လုံး ချရေးဖို့ ဆိုတာတောင် တော်ရုံ စိတ်ကူး နဲ့ မရဘူး မဟုတ်လား။

    အခက်အခဲ အတားအဆီး အမျိုးမျိုး ကြားကနေ ဇွဲမလျှော့ဘဲ ဆက်လက် ရပ်တည်နေတဲ့ နေမဝင်ဖတ်ရွေးအဖွဲ့ကြီး ကိုလဲ တကယ်ဘဲ ချီးကျူးးလေးစားပါတယ်။
    ပိုပြီး အောင်မြင် ရှင်သန် နေပါစေ လို့ လဲ ဆုတောင်းပါတယ်။

  • ကူမားရ်

    June 19, 2014 at 11:12 am

    ကိုကြီးမိုင်း အတွက်ဂုဏ်ယူပါတယ် ခင်ဗျာ…
    ကူမားရ်။

  • TNA

    June 19, 2014 at 12:48 pm

    အိုက်ပိုစ့်ဖတ်ကတဲကသဘောကျတာ ဂုဏ်ပကြီးကြီးယူပါတယ်

  • ဦးဦးပါလေရာ

    June 19, 2014 at 2:03 pm

    ဆုရသွားတဲ့ ကိုကြီးမိုင်းကို ဝမ်းမြောက်စွာဂုဏ်ပြုပါတယ်ဗျာ..
    နောင်လဲ အလျှင်းသင့်သလို ဝင်ရောက်ရေးသားပေးဖို့ မျှော်လင့်မိပါတယ်…

  • ko six

    June 20, 2014 at 1:25 pm

    ပွပွလင်​့လင်​့​ပျောယရင်​
    ကိုယ်​ရတာမဟုတ်​လို့​ပျော်​ပါဘူး
    ဒါ​ပေသိ
    ငယ်​ငယတုန်​းက
    အလိမ္မာတုံး​လေးအတွက်​….Congrtulationsssssssssssssss ပါ​နော့

  • moonpoem

    June 26, 2014 at 6:34 pm

    ဦးဦး နေဝန်းနီ ဂုဏ်ယူပါတယ်။ လိုက်ကျွေးဖို ့လည်း မျှော်လင့်နေကြကြောင်း။

    • Mr. MarGa

      June 26, 2014 at 6:50 pm

      အမ်… ဒေါ် လကဗျာ
      ပို့စ်ကိုပြန်ဖတ်ဦး လူမှားနေပီ 🙁

  • moonpoem

    June 26, 2014 at 6:58 pm

    ဟိုက်သေပြီ ဆရာ။ တောင်းပန်ပါတယ်ဗျို ့သေသေချာချာဖတ်ပြီး အတိအကျကြီးကို လွဲသွားတာလို ့ပါ။မလွဲရင် မနေနိုင်လို ့ပါ။

    • Mr. MarGa

      June 26, 2014 at 8:02 pm

      တစ်နေ့တာ အလွဲများ နှင့် မွန်းပိုအမ် 🙂

  • Shwe Poe

    June 26, 2014 at 8:32 pm

    အခုမှ ဂုဏ်ပြုရတာကို ခွင့်လွှတ်ပါ နော်
    နောက်ကျသွားတဲ့အတွက် တောင်းပန်ပါတယ်
    congrtulations ! ! ပါ ကိုကြီးမိုင်း
    တကယ်အားကျတယ် ဗျာ
    🙂

  • တွေ့ မရှောင်

    June 27, 2014 at 1:38 pm

    ကိုကြီးမိုင်း အတွက် ဝမ်းသာဂုဏ်ယူပါတယ်
    နောင်အခါ များများရေးနိုင်ပါစေ

Leave a Reply