လူနှစ်မျိုးသာရှိသည်။များပြားလှသည့် နှစ်မျိုးနှစ်စားတို့ဝယ် နိုင်ငံရေးနွယ်ပြဆိုသည်ကား လစ်ဘရယ်(လွတ်ပြန့်စွဲ-ဘယ်နှင့် ကွန်ဆာ့ဗေးတစ်(ရှေးရိုးစွဲ-ညာ)သာဖြစ်၏။ “ရှိပြီးသားကိုကိုင်ဆုပ် မပြုပြင်မပြောင်းလဲလိုသူ”နှင့် “ရပြီးသားကိုပြင်ဆင် သစ်ဆန်းကြည့်လိုသူ”များပါ။ ကမ္ဘာ့နိုင်ငံအသီး၏ နိုင်ငံရေးဇတ်ခုံတို့ဝယ် ဘယ်/ညာတို့သည် လူဦးရေအချိုးဖြင့် မျှခြေအနီးဆုံးဖြစ်ကာ အပြန်အလှန်ဆွဲယူထိမ်းကြောင်းကြခြင်းဖြင့် မဇ္ဈိမပဋိပဒါ အစွန်းနှစ်ဖက်ရှောင်နိုင်ခဲ့ပြီး တိုးတက်ခဲ့ကြသည်။ လူဦးရေအားဖြင့် ၅၀% +အနီးစပ်ဆုံးဖြစ်လျှင်ဖြစ်သလောက် ဘယ်/ညာ ပါတီတို့တလှည့်စီအုပ်ချုပ်ကြရင်း ရှေ့သို့ချီ သမိုင်းအမည်တွင်နိုင်ခဲ့ကြ၏။ “မြန်မာဟူသမျှ ရှေးရိုးစွဲခဲ့ကြ”မြန်မာတို့သည် မူလကွန်ဆာ့ဗေးတစ် ရှေးရိုးစွဲများဖြစ်သည်။ အစွန်းရောက်နေသည်မူ၍ ရှေးစွန်းစွဲဟုပင်ခေါ်နိုင်သည်။ ရှေးအစဉ်အဆက် ထောင်စုနှစ်မျှ ထေရဝါဒဘာသာရေး၏ဘုန်းတော်ကြီးပညာသင်ကြားရေးစနစ်တွင်သာ အရိုးစွဲခဲ့ကြရကား ပညာရေးတွင်ဘာသာရေးကိုး၍ တိုး၍တွန်းကာ အစွန်းရောက်သွားဟန်ရှိသည်။ ဤသည်မျိုးအလယ်ခေတ်ဥရောပခေတ်၌လည်းဖြစ်ခဲ့ဖူးပါသည်။ နှစ်၁၀၀၀ ကျော်ကြာခံစားကြရပြီးနောက် ၁၆ရာစုတွင် သူတို့ထိုးထွက်နိုင်ခဲ့ကြ၍ တိုးတက်သောဥရောပကို တည်ဆောက်နိုင်ခဲ့ကြ၏။မြန်မာနိုင်ငံတွင် ၁၉ရာစုနှစ်လည်လောက်မှ ရှေးစွန်းစွဲ ဘုန်းတော်ကြီးကျောင်းပညာရေး၊ သက်ဦးဆံပိုင်ဘုရင်နှင့်တွဲထားသည့်နိုင်ငံရေးစံနစ်တို့အား ပြုပြင်ပြောင်းလဲရန်ကြိုးစားလာသူတို့ရှိသောအခါ ရှေးစွန်းစွဲနှင့် လွတ်ပြန့်စွဲတို့ကြီးမားသောပဋိပက္ခဖြစ်လာသည်။ မြင်ကွန်းမြင်းခုံတိုင် အရေးအခင်းဖြင့် ပြုပြင်ပြောင်းလဲလိုသူ […]