Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျနော်တို့ ရွာထဲမှာဗျာ (September 2014)

ကျနော်တို့ ရွာထဲမှာဗျာ…
စက်တင်ဘာတုန်းက တော်တော်များများ သေကြတယ်လေ။

ဘာပဲဖြစ်ဖြစ် ရှာဖွေပြီး ကောင်းသမျှလေးတွေ ညွှန်းလိုက်ပါတယ်ဗျာ။

~~~~~~~~~~~~~

၁)” မြန်မာနိုင်ငံရန်ကုန်မြို့လယ်က သမိုင်းအကြောင်းအပြည့်နဲ့အထင်ကရ Musmeah Yeshua Synagogue ဂျူးဘုရားကျောင်း”
– အာဂ
https://myanmargazette.net/203997

“အာဂရဲ့.. အင်တာဗျူးပညာနဲ့..သတင်း ရေးနည်းက.. ကမ္ဘာ့အဆင့်မှီနေတယ်…”
ဆိုတဲ့ သူကြီးရဲ့ မှတ်ချက်ချမှု ရခဲ့တဲ့ ဆောင်းပါးတစ်ပုဒ်ပါ။
ရန်ကုန်မြို့လယ်က Musmeah Yeshua Synagogue ဂျူးဘုရားကျောင်း ရဲ့ သမိုင်းကြောင်းကို အမေးအဖြေသဘောမျိုး မပေါ်စေပဲ ရေးသွားနိုင်တာမို့ စာကြမ်းပိုးတို့ အကြိုက်တွေ့မိပါတယ်။

.

.

.

၂) အကျူ ိးတူ = ???
– ဘဲဥ
https://myanmargazette.net/204141

ပျောက်နေတာ ကြာပြီဖြစ်တဲ့ ဘဲဥရဲ့ ရင်ဖွင့်စာ ဆန်ဆန် ဆောင်းပါးတစ်ပုဒ်ပါ။

အဲ့လို အဲ့လို အဖြစ်တွေကြောင့် နစ်နာရတော့ တိုင်းပြည်ရဲ့ ဘဏ္ဏာငွေ
ဆုံးရှုံးရတာတွေက အဖိုးတန် သယံဇာတတွေ
ကောင်းစားသွားတဲ့လူတွေက ဟိုးးးးအဝေးက စိဏတိုင်းသားတွေ
အန္တရာယ်ကြားထဲမှာ အသက်နဲ့ရင်းပြီးလုပ်နေရတဲ့ လူတွေက ကိုယ့်တိုင်းရင်းသားတွေ
ပေါလန်တွေကခိုးလိုက် မန်နေဂျာတွေကခိုးလိုက် ကြီးကြပ်တွေကဖြောင်လိုက် အင်ချပ်တွေက ဝိုက်လိုက်နဲ့ သံသရာလည်နေတဲ့ ကျောက်တွင်းလုပ်ငန်း
အကျိုးတူ ဆိုတာကို သဘောပေါက်နားလည်မိတာကတော့
အားလုံးက ဝိုင်းခိုးနေတဲ့ ဝေစားမျှစားအကျိုးတူကြီးပါလား ဆိုတာပါပဲဗျားးးးးးးးး

တွေးနိုင်ရင် ဆင့်ပွါး အများကြီးတွေးလို့ရပြီး…
နှမြောတတ်ရင်လည်း နိုင်ငံ သယံဇာတ ကာကွယ်စောင့်ရှောက်ဖို့ ဘယ်လို ကြိုးစားရမလဲ ဆိုတဲ့ မေးခွန်းမျိုးပါ ရလာနိုင်ပါတယ်။
ခု လောလောဆယ်တော့ အဲဒီ အတွက် အဖြေရှိမယ် မထင်ပါဘူး။

.

.

.

၃) ချစ်တဲ့ရှမ်းရိုးမ
– pooch
https://myanmargazette.net/204759

ခု တလော တော့ ခရီးသွားဆောင်းပါးတွေဆက်တိုက်ရေးဖြစ်နေတဲ့ ပု(ချ) ရဲ့
ရှမ်းပြည် တောင်ပိုင်း ကလောဘက်က ဆင်တောင် မြင်မထိတောင် စတာတွေကို တောင်တက် အတွေ့အကြုံ ယူ တက်ရတဲ့ အကြောင်းကို ရေးထားတာပါ။
ခရီးစဉ်တစ်လျှောက် ရှမ်းပြည် အငွေ့အသက်ပါတဲ့ ဓာတ်ပုံတွေ မြိုင်မြိုင်ဆိုင်ဆိုင်မို့ ဖတ်ကြည့်ပါဦး။

.

.

.

၄) “သားဦးအရူး”
– padonmar
https://myanmargazette.net/204914

ရွာထဲက သားဦး ပိုင်ရှင်လေးတွေ၊
သားသမီးပိုင်ရှင် ဖေဖေမေမေတို့ကို ရည်ညွှန်းပြီး ရေးထားတဲ့
ကိုယ်တွေ့ သားဦး၊ တူမ ဦး တစ်ယောက်ကို အရူးအမူးချစ်ရတဲ့ အန်တီဒုံတစ်ဖြစ်မှသည်
အဲဒီ တူမ ဦး က မွေးလာမဲ့ မြေးမဦး ကိုပါ စောင့်မျှော်
အရူးအမူးချစ်မဲ့ အကြောင်း ရေးထားတာပါ။
ချစ်စရာ ပို့(စ) လေးမို့ ဖတ်ရင်း ကြည်နူးမှု ရင်ထဲရောက်မယ်လို့ အာမခံပါတယ်။

.

.

.

၅) သော်ဇင်(လွိုင်ကော်) နှင့် စာပေအင်တာဗျူး
– အလင်းဆက်
https://myanmargazette.net/205029

အလင်းဆက်မှ …
ဂဇက်ရွာသား တစ်ယောက်လည်းဖြစ်၊ စာပေလောကမှာ အောင်မြင်မှု ခြေလှမ်း မှန်မှန်စတင်နေတဲ့ သော်ဇင်(လွိုင်ကော်) ကို
အမေးအဖြေလုပ်ထားတဲ့ ပို့(စ) လေးပါ။
အလင်းဆက် ကိုယ်တိုင်က …

အင်တာဗျူးတစ်ခုမှာ မေးသူနဲ့ ဖြေသူဟာ
လူချင်းရင်းနှီးမှုရှိဖို့ထက်…
အဲ့ဒီဖြေသူ ဖန်တီးတဲ့ စာပေလက်ရာကို မေးသူက ရင်းနှီးနေရမှာ…
သူရေးတဲ့စာကို ရင်းနှီးအောင် လေ့လာပြီးမှ သူ ့ကို မေးခွန်းတွေ မေးလို့ရမှာ…

လူကိုပဲ ရင်းနှီးပြီး စာကို မရင်းနှီးလို့ကတော့…
နေကောင်းလား မနေ့က ဘာနဲ့စားခဲ့လဲ…
ဘာအရောင် ကြိုက်လဲ…
အကြိုက်ဆုံးအစားအစာက ဘာလဲ ဆိုတဲ့ ပေါကြောင်ကြောင်မေးခွန်းတွေပဲ ထွက်လာမှာ။
ဖတ်တဲ့သူတွေအတွက် ဘာမှ မရနိုင်တဲ့ ပေါ့ရွှတ်ရွှတ်အင်တာဗျူးပဲ ဖြစ်သွားမှာပေါ့။

လို့ ကော်မန့်မှာ ပြောခဲ့သလိုပဲ …
စာရေးဆရာရဲ့ အကြောင်းနဲ့စိတ်ခံစားချက်ကိုပါ ပါအောင် မေးခွန်းတွေကို စာပေလောကအတွက် တထောင့်တနေရာ ရည်ရွယ်ပြီးမှ…စီစဉ်မေးမြန်းခဲ့တာ လို့ ဆိုပါတယ်။
အမေးနဲ့ အဖြေ ညီမျှတဲ့ ချစ်ကြည်မှု အင်တာဗျူးလေးမို့ ဖတ်ရင်း မုဒိတာ ပွါးနိုင်ပါစေ။

.

.

.

၆) ကြယ်တွေကြွေနေပြီ….မောင်
– အောင် မိုးသူ
https://myanmargazette.net/203951

အောင်မိုးသူရဲ့ လက်စ လက်န အတိုင်း စာဖတ်သူကို ဆွဲခေါ်သွားရင်းက…
နောက်ဆုံး စာပုဒ်မှ အခြေအနေမှန်လေးကို ချပြပေးသွားတဲ့ ရသစာ တစ်ပုဒ်ပါ။
အဖွဲ့အနွဲ့ ပြောစရာမရှိတဲ့ ရေးလက်ပိုင်ရှင်မို့ ဒီလထဲက ရသစာကောင်းတစ်ပုဒ်ဖြစ်ပါတယ် ခင်ဗျာ။

.

.

.

၇) “ပြေနိုင်ခဲသည်……………………”
– ကိုပေါက်(မန္တလေး)
https://myanmargazette.net/203568
https://myanmargazette.net/203570

ကိုပေါက်(မန္တလေး) ရဲ့ ဒီ လ စိတ်ကြိုက်တွေ့မိတဲ့ ဝတ္ထုတို လေးပါ။

မွန်းမံမှုကောင်းတဲ့ တကဲ့ အဖြစ်အပျက်လေးမို့ ဖတ်စေချင်ပါတယ်။
ဘာလို့ ကြိုက်မိလည်းဆို ကိုပေါက်ရဲ့ ရေးသားမှုမှာ ဒီဖြစ်ရပ်ကို စွတ်ဖက်မှု မတွေ့ရပဲ စာဖတ်သူအတွက်ထင်မြင်ချက်ပေးနိုင်ခွင့်ကို ဖွင့်ပေးခဲ့လို့ပါ။
ဟုတ်ကဲ့! ဖွင့်ပေးရကျိုးနပ်ပါတယ်။ Best Comment of the post ရထားတဲ့ Twitty ရဲ့ ကွန်မန့်လေးနဲ့ တွဲဖတ်ကြည့်ပါ။

ဇာတ်လမ်းကို ဖတ်ပြီး တခြားသူတွေနဲ့ မတူတဲ့ ခံစားချက်မျိုး ရလိုက်ပါတယ်…။
အမျိုးသမီးရဲ့စိတ်ဟာ နားလည်ရခက်တဲ့ အနေအထားမျိုး မဟုတ်ပါဘူး..။
သူက သူ့ချစ်သူ အမျိုးသားဆီက sex ထက် အချစ်ကို လိုချင်တာဖြစ်ပါလိမ့်မယ်..။
မှားသွားပြီးတဲ့အချိန်… သူက အမျိုးသားအပေါ်မှာ ချစ်စိတ်ဝင်သွားပြီး… ချစ်သူအပေါ်မှာ ချစ်ခင်မှုတွေ ကြင်နာမှုတွေ ယုယမှုတွေ ဂရုစိုက်မှုတွေနဲ့ သူ့ရဲ့ ချစ်ခြင်းကို ပြသနေပေမယ့် အမျိုးသားဘက်က သူမျှော်လင့်ထားသလို တန်ပြန်တဲ့ ယုယမှု … ကြင်နာမှု..တွေ မရခဲ့ဘူးလို့ထင်ပါတယ်..။
ချစ်သူ အမျိုးသားက အမျိုးသမီးရဲ့ ဂရုစိုက်မှုတွေ ကြင်နာမှုတွေမှာ ကျေနပ်နေပြီး ကိုယ်တိုင်ကတော့ အဲဒီ အမျိုးသမီး အပေါ်မှာ ကိုယ့်ရဲ့ ချစ်ကြင်နာမှုတွေကို မပြနိုင်ခဲ့တာ ဖြစ်နိုင်ပါတယ်..။
ဒီတော့ အမျိုးသမီး အနေနဲ့.. သူ့ချစ်သူက… သူ့ကို… သူ့လိုမျိုး … တကယ်ချစ်တာ မဟုတ်ဘူးလို့ စိတ်ထဲမှာ ရှိပါလိမ့်မယ်..။
အဲဒီလို အနေအထားမျိုးမှုာ အတူနေတဲ့အခါ… အမျိုးသားက ချစ်ခြင်းမေတ္တာထက် sex ကိစ္စကို ရှေ့တန်းတင်မယ် ဆိုရင် အမျိုးသမီးရဲ့ ရင်ထဲမှာ အရမ်းကို နာကျင် ရပါလိမ့်မယ်..။
ဘာလို့လဲ ဆိုတော့ သူတို့ ဇာတ်လမ်းက စကတည်းက ချစ်ခြင်း မေတ္တာနဲ့ အစပျိုးခဲ့တာ မဟုတ်လို့ပါ..။
ပြောရရင်… နဖူးက အမာရွတ်ကို မြင်တိုင်း မဟော်သဓာ ကို ဒေါသထွက်တဲ့ ကေဝဋ္ဋ် ပုဏ္ဏားလိုပဲ…… ဒီကိစ္စကြုံလာတိုင်း…၊ အချစ် မပါဘူးလို့ အမျိုးသမီးရဲ့ စိတ်ထဲမှာ ခံစားရတဲ့ အခါတိုင်း သူ့ရင်ထဲမှာ နာကျင်ပြီး အဲဒီ အမျိုးသား အပေါ်မှာ မုန်းတီးမိမှာပါ…။ ရင်ခုန်တာ..၊ စိတ်လှုပ်ရှားတာတွေက သပ်သပ်ပါ..။
တချို့ အမျိုးသမီးတွေဆို ချစ်သူက ကိုယ့်ကိုု ပိုင်စိုး ပိုင်နင်း နမ်းရင်တောင်မှ သိပ်သဘောမကျတတ်ပါဘူး..။ သူတို့စိတ်ထဲမှာ အနိုင်ကျင့်တယ်..၊ အချစ်မပါဘူး..၊ သွေးသား ဆန္ဒ ကို ရှေ့တန်းတင်တယ်.. စသည်ဖြင့် တွေးထင်တတ်ကြပါတယ်..။
အချစ်ဆိုတာ နူးညံ့တယ်..၊ သိမ်မွေ့တယ်..၊ အကြမ်းဖက်မှု … မပါရဘူး…။ တချို့က ဒီလို ခံစားတာလေ….။
ဒီတော့ ချစ်တယ် မပြောခင် သိမ်းပိုက်ခံလိုက်ရတဲ့ အမျိုးသမီး အနေနဲ့ အမျိုးသားရဲ့ အပြောအဆို၊ အပြုအမှု၊ အနေအထိုင်အပေါ်မှာ တိုက်ဆိုင်မှုရှိတိုင်း အလိုမကျတာ..၊ မကျေနပ်တာမျိုး ရှိနိုင်ပါတယ်..။
အမျိုးသားက အမျိုးသမီးရဲ့ စိတ်ကို နားလည် မပေးနိုင်ခဲ့ဘူးလို့ထင်ပါတယ်…။
တကယ်တော့ အမျိုးသားဘက်က အမျိုးသမီးအပေါ် သူ့ရဲ့ ချစ်ကြင်နာမှုတွေ၊ မြတ်နိုးမှုတွေ ကို ပြသနိုင်ခဲ့ရင် ဒီကိစ္စက ဘာမျှ မဖြစ်လောက်ပါဘူး..။ အမျိုးသမီးက သူ့ရဲ့ လက်ထပ်ခွင့်ကို ကြည်နှုး ပျော်ရွှင်စွာ လက်ခံမှာပါ…။

.

.

.

၈) ဈေးသည်နဲ့…ဆေးသည်
– Kaung Kin Pyar
https://myanmargazette.net/204845

စာကြမ်းပိုးတို့ သီးသန့် အနေနဲ့ အကြိုက်ဆုံးဖြစ်ခဲ့တဲ့ ပို့(စ) ပါ။
မိတ်ဆွေတို့ ပြီးခဲ့တဲ့ စက်တင်ဘာလ အတွင်းက ရွာမှန်မှန် ဝင်ဖြစ်ခဲ့ရင် ပိုပြီး ခံစား အကြိုက်တွေ့မဲ့ ပို့(စ) လေးပါဗျာ။
အရေးအသားရော၊ အတွေးအခေါ်ရော၊ အချိတ်အဆက် မိမိမို့ ဆရာ တာရာမင်းဝေ အလွမ်းပြေ ရေးလက်မျိုးလို့ ညွှန်းဆိုလိုက်ပါရစေ။

.

.

.

၉) ဆရာမင်းသိင်္ခမှ အတွေးတစ..
– ကိုကြီးမိုင်း
https://myanmargazette.net/205045

အခုတစ်လော နဂါးတွေ၊ အပူးအခွာတွေ၊ တောင်ဝှေးပေါ်ငုတ်တုတ်ထိုင်ပြတာတွေ၊ ရေပေါ်မှာ ဗောလောပေါ်ပြနေတဲ့ ဘုန်းကြီး အစရှိသဖြင့် အထူးအဆန်းတွေပေါများနေပါတယ်။
ကိုယ့်မှာသာ ထိုက်သင့်တဲ့ဗဟုသုတနဲ့ အနည်းအကျဉ်းပြည့်စုံမယ်ဆိုရင် တော်ရုံတန်ရုံအလိမ်မခံရတော့ပါဘူး။
ကိုယ်တိုင်အလိမ်မခံရသမျှ အဲဒီသူဟာ မိမိရန်သူမဟုတ်ပါ။
အသက်အရွယ်၊ ဆင်းရဲချမ်းသာမရွေး၊ ရာထူးအနိမ့်အမြင့်နဲ့မဆိုင်ပဲ သူရဲ့ အသိဉာဏ်နဲ့သာဆိုင်တဲ့ ယုံကြည်သလိုလုပ်နေတဲ့လုပ်ရပ်တစ်ချို့အပေါ်မှာ အပြင်းအထန်ဆန့်ကျင်လွန်းတာကလည်း ကိုယ့်အားနည်းချက်ဖြစ်နေတတ်ပါတယ်။

ကိုကြီးမိုင်းရဲ့ အတွေးနဲ့ အရေးပါ။
ကော်မန့်တွေကိုပါ တွဲဖတ်စေချင်ပါတယ်။
လူနည်းတဲ့ လ မှ တင်ဖြစ်တဲ့ အတွက် မငြင်းမခုံဖြစ်တာ နှမြောစရာပါ။

~~~~~~~~~~

တခြားဖတ်သင့်တဲ့ ပို့(စ) တွေကတော့…

ကို Tun Win Lat  ရဲ့ ရေးမိ ရေးရာ တွေးမိတွေးရာ
https://myanmargazette.net/204091

.

.

.

ပုဂံမြေပေါ်က ကမ္ဘာကျော် သရပါ- ၃ စားသောက်ဆိုင်ကို ပဲ့ကိုင်ပေးသူ သင်းသင်းလဲ့
– အာဂ
https://myanmargazette.net/205097

.

.

.

မောင်ဘလှိုင်ရဲ့ ရုပ်ရှင်ညွှန်းတွေ
https://myanmargazette.net/205090 – ဝင်္ကဘာ အပြေးသမား (The Maze Runner)
https://myanmargazette.net/204192 – လေလွင့်သူ (The Rover)

.

.

.

အလင်းဆက် ရဲ့ သီတင်းဇုံ
https://myanmargazette.net/204886

.

.

.

မမှီရဲ့ လမ်းကလေး
https://myanmargazette.net/204350

 

 

ညွှန်းချင်တဲ့ ကျန်တဲ့ ပို့(စ) တွေက အပြီးမသပ်သေးတာမို့ ချန်ထားခဲ့ပါတယ်ဗျာ။

17 comments

  • ကေဇီ

    October 5, 2014 at 6:21 pm

    ဘယ်သေတဲ့ ပို့(စ) မှမညွှန်းချင်တောင် နာ့ သေတမ်းစာ ပို့(စ) ကို ညွှန်းပါလားးး
    ဟွန်းးး
    နိ တို့ စာကြမ်းပိုးတွေ ပြောနေရတယ်။
    :mrgreenn:

    ဂလောက် တောင်ဖြစ်လှတာ။
    ဒီမှာ သေပို့(စ) တွေ။ ဟိ..!!
    မှတ်ပလားးး

    http://myanmargazette.net/204020
    http://myanmargazette.net/204104
    http://myanmargazette.net/204029
    http://myanmargazette.net/204142
    http://myanmargazette.net/204153
    http://myanmargazette.net/204221
    http://myanmargazette.net/204240

    :k:

  • အလင်းဆက်

    October 5, 2014 at 8:14 pm

    သေပိုစ့်တွေထဲ သားသားလည်း ပါဒယ်
    ခေတ်မှီတာပေါ့

    နော့ မမဂျီး

    ဂွစ်ဂွစ်စ်

    :k:

  • ခင် ခ

    October 5, 2014 at 8:22 pm

    ဒီလအညွှန်းပိုစ့် နည်းလှသကိုး။

  • ကျနော်ကိုယ်တို်င်နှစ်သက်မိတဲ့ ပိုစ်လေးကို ညွှန်းလို်က်တဲ့ အတွက် ကျေးကျေးပါ စာအိုးတို့ရေ

  • kai

    October 6, 2014 at 2:10 pm

    တော်တဲ့အာဂကို ဂုဏ်ပြုပြီး… စိန်ပေါချချ်ဘုရားကျောင်းအင်တာဗျုးပေးဖို့.. စီစဉ်တာ.. ဘာမေးရမယ်မှန်းမသိလို့…
    ရွာသူားတွေထဲ.. အိုင်ဒီယာလေးများရှိလား… :k:

    • မြစပဲရိုး

      October 8, 2014 at 6:56 pm

      အိုင်ဒီယာ တော့ ဝုတ်ပါဘူး။ lol:-))
      ကိုယ့် ရွှေပြည်ကြီး ထဲ က ခရစ်ယာန် တွေ ရဲ့ အမြင်ကို တကယ်သိချင်လို့ပါ။
      ကြုံရင် မေးပေးပါလား။

      မနှစ်က
      “Pope Francis Says Atheists Who Do Good Are Redeemed, Not Just Catholics”.
      ဘုရားသခင်ကို မယုံကြည် သူတွေလဲ ကောင်းအောင်နေရင် ကောင်းတာလုပ်ရင် ငရဲ မရောက်ဘူး လို့ Pope Francis က ပြောခဲ့တယ်။
      http://www.dailymail.co.uk/news/article-2330135/Pope-Francis-says-atheists-good-redeemed-Jesus.html
      အဲဒါကို သူတို့ လက်ခံနိုင်လား သိချင်ရဲ့။

      တကယ်တော့ ဘာသာရေးခေါင်းဆောင်တိုင်း ငါတို့ ဘာသာ ကိုမှ မကိုးကွယ် ရင် ငရဲရောက် မယ် ဆိုတဲ့ အမြင် အပြောတွေ ပြင်သင့်နေပြီ။
      မဟုတ်လို့ ကတော့ ဘာသာရေး ဟန်ပြ ပြီး အတ္တစစ်ပွဲ တွေ နောက်မှာ စစ်ပွဲ တွေ နဲ့ဘဲ ပျော်နေရလိမ့်မယ်။
      🙄

  • manawphyulay

    October 7, 2014 at 8:59 am

    ဒီလရဲ့အညွှန်းပိုစ့်က ဒီလောက်ပဲရှိတာလား…. ရေးကြပါဦးနော်… :mrgreen:

  • Mr. MarGa

    October 7, 2014 at 9:04 am

    မကျေနပ်ဘူးးးး ကွ
    ရှားရှားပါးပါး ဖြစ် ညှစ် ရေးထား တင်ထားရတဲ့ ပို့စ်လေးကို မညွှန်းလို့
    မကျေနပ်ဘူးးးး
    စာကြမ်းပိုး ကို သပိတ်မှောက်ပါဒယ်
    :mrgreen:

    • ကေဇီ

      October 7, 2014 at 9:08 am

      ရှိတဲ့ ဆန္ဒတွေရော ပြလိုက်ရမားး

      :mrgreen:

  • kyeemite

    October 7, 2014 at 10:03 am

    .အင်းစာကြမ်းပိုးလည်း ကျုပ်နဲ့အကြိုက်တူတယ်..ခိခိ

  • kai

    October 7, 2014 at 3:12 pm

    ညာဖက်အောက်နားမှာ.. Calendar ရှိတယ်မဟုတ်လား..
    အဲဒီမှာ.. Sept ကိုပြောင်းကြည့်ရင်.. ရက်တိုင်းတင်ထားတဲ့ပို့စ်တွေ တပုံတပင်တွေ့ရမယ်..။
    အပုဒ်တရာမကပါဘူး..

    စာကြမ်းပိုးက.. ၉ပုဒ်ပဲညွှန်းတယ်ဆိုတော့… သေစေညွှန်းတဲ့ပို့စ်တွေအပါအဝင်…တော်တော်များများ.. ပယ်လို့ပေါ့..
    ပယ်နိုင်သူကြီးရေ… :a:

    • ကေဇီ

      October 7, 2014 at 3:15 pm

      ငိငိ
      ကြမ်းပိုးကြီး လစ်တော့ ကြမ်းပိုးလေးတွေ ထင်ရာစိုင်းနေလို့နေမှာ။

      :chee:

  • မွသဲ ( 17082011 )

    October 7, 2014 at 8:11 pm

    ဟင့်မမှီတပုဒ်ပဲဖတ်ရသေးပါလား

  • Yae Myae Tha Ninn

    October 9, 2014 at 12:49 pm

    အွန်းးးးးးးးးးးးး…. “ညွှန်းချင်တဲ့ ကျန်တဲ့ ပို့(စ) တွေက အပြီးမသပ်သေးတာမို့ ချန်ထားခဲ့ပါတယ်ဗျာ။”
    နာ့ဒို ကျောချင်တာညားရား…. 😛

  • Kaung Kin Pyar

    October 9, 2014 at 5:43 pm

    အညွှန်းပိုစ့်ထဲ ကိုယ့်စာလေး ပါလာတာတွေ့တော့…အရမ်း ပျော်တာပဲ….
    :mrgreen:

Leave a Reply