ခင်မင်လေးစားရပါသော မြန်မာ့ဂဇက်(မန်းဂဇက်)ရွာသူရွာသားအပေါင်းသူတော်ကောင်းတို့….

မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေကြောင်း နှစ်သစ်အကြို နှုတ်ခွန်းဆက်သလိုက်ပါတယ်ဗျာ

ဘာလိုလိုနဲ့ နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်အခါသမယ ကူးပြောင်းဖို့အချိန်လည်းအလွန်ကိုနီးကပ်လို့လာပါပြီ

ဒီလိုပဲ ကျနော်တို့ရွာသူားတွေ ပျော်ရွှင်စွာဆုံတွေ့ပွဲနဲ့ မန်းဂဇက်ချစ်သူများစာပေဆုပေးပွဲကြီးကိုလည်း

မကြာမီကျင်းပပြုလုပ်တော့မှာဖြစ်ပါတယ်…….

မန်းဂဇက်မှာမန်ဘာဝင်ပြီး စာရေးကြ၊ ကွန်မန့်ပေးကြနဲ့

ခင်မင်ရင်းနှီးခဲ့ကြတာလည်းကာလကြာရှည်ခဲ့ပြီပေါ့

ဒီလိုရေးကြ မန့်ကြရင်းနဲ့ စိတ်ကူးတူတဲ့ ရွာသူားတစ်ချို့တိုင်ပင်ကြပြီး မန်းဂဇက်ချစ်သူများအကြိုက်စာပေဆု

ပေးဖို့၊ တစ်လတစ်ကြိမ်အကြိုက်ဆုံးစာမူရွေးကြပြီး ၆လတစ်ကြိမ် တွေ့ဆုံပွဲနဲ့ဆုပေးပွဲလုပ်ကြဖို့သဘောတူကြပြီး

ကိုယ့်ရံပုံငွေနဲ့ကိုယ်ဆောင်ရွက်လာခဲ့ကြတာ အားလုံးသိပြီးဖြစ်မှာပါဗျာ…အဲ့ဒီမှာ ဖတ်ရွေးအဖွဲ့ဥက္ကဋ္ဌအဖြစ်

အလှည့်ကျရွေးချယ်ပြီးဆောင်ရွက်လာခဲ့တာ…ခုနောက်ဆုံးအလှည့်ကျတာဝန်ယူနေရတာကတော့

ကျုပ်ဆိုတဲ့…ကြီးမှ မိုက်နေတဲ့… ကြီးမိုက်ပါပဲ….ဒီလိုနဲ့လိမ်ဖယ် လိမ်ဖယ်နဲ့ လျှောက်လာခဲ့ကြတာ..ခုဆိုရင်ဖြင့်….

“မန်းဂဇက်ချစ်သူများစာပေ၊ ကဗျာဆုပေးပွဲ နဲ့ မြန်မာ့ ဂဇက် ရွာသူားများတွေ့ဆုံပွဲ”

ကို..လေးကြီမ်မြောက်ကျင်းပဖို့ ရက်တွေနီးလာပြန်ပါပကော။ ဘာပဲပြောပြော..ဒီဖတ်ရွေးအဖွဲ့ကြီးဟာ….

ဝေဖန်ခံရမှုပေါင်းများစွာ

ချီကျူးထောပနာမှုပေါင်းများစွာ

ပံ့ပိုးကူညီမှုပေါင်းများစွာ

ပါဝင်အားဖြည့်ပေးမှုပေါင်းများစွာ

အထင်လွဲ ရှုံ့ချမှုပေါင်းများစွာ

စိန်ခေါ်အကဲစမ်းမှုပေါင်းများစွာ

လေ့လာစောင့်ကြည့်မှုများစွာ – – – – – – – –

—————————–

—————————–

—————————–

—————————–

အဲဒီလို များစွာတွေကိုကျော်ဖြတ်ရင်း

ခုဆိုရင် 2014 ခုဒီဇင်ဘာလမှာ နောက်ထပ် တစ်နှစ်ဆိုတဲ့ အချိန်ကို အောင်မြင်စွာဖြတ်ကျော်လာနိုင်ခဲ့ပြီးပါပြီ….

ပထမဆုံးအကြိမ်တွေ့ဆုံပွဲနဲ့ ဆုပေးပွဲအခန်းအနားကို ၂၀၁၃ ဇန္နဝါရီလ (၂၀)ရက်နေ့ မှာ ကန်တော်ကြီးထဲက P3 စားသောက်ဆိုင်မှာပျော်ရွှင်ကြည်နူးစွာ ကျင်းပခဲ့ကြပါတယ်။

ပထမဆုံးအကြိမ်တက်ရောက်ခဲ့သူများ

ပထမဆုံးအကြိမ်တွေ့ဆုံစဉ်က တက်ရောက်ခဲ့သူရွာသူားများ

 

 

 

 

 

 

 

 

 

 

 

 

 

အဲ့ဒီပွဲမှာ ဗွေဆော်ဦး ဆုရရှိခဲ့သူများကတော့

ဇူလိုင်လ၊ ၂၀၁၂ ဝင်းပြုံးမြင့် ၄ဝ ကျော် ကျမရဲ့ အသည်းကွဲ တမ်းချင်း
ဩဂုတ်လ၊ ၂၀၁၂ aung moethu ပျံကျဈေးထဲက မုန့်ဟင်းခါးဆိုင်
စက်တင်ဘာလ၊ ၂၀၁၂ kyeemite ထောင်ထွက်ကြီးမိုက်…Ex-convict
အောက်တိုဘာ၊ ၂၀၁၂ မိုချို အစားမတော် တစ်လုတ်နဲ့ သေမင်းကို ခလုတ်တိုက်ခဲ့သူ
နိုဝင်ဘာ၊ ၂၀၁၂ ဦးကျောက်ခဲ အာဝေနိက ချစ်ဒုက္ခ
ဒီဇင်ဘာ၊ ၂၀၁၂ နွေဦး ဘယ်လိုစားကြမလဲ

တို့ပဲဖြစ်ကြပါတယ်ဗျာ။

 

 

 

ဒုတိယအကြိမ် မန်းဂဇက်ရွာသူရွာသားများတွေ့ဆုံပွဲ နဲ့ ဆုပေးပွဲကို ၂၀၁၃ ခုနှစ် ဂျူလိုင်လ (၂၁) ရက်နေ့ မှာ ကန်တော်ကြီးထဲမှာပဲ ရှန်တီစားသောက်ဆိုင်မှာ အောင်မြင်ပျော်ရွှင်စွာကျင်းပနိုင်ခဲ့ကြပါတယ်…

ဒုတိယအကြိမ်ဆုံခဲ့စဉ်ကရွာသူားများ

ဒုတိယအကြိမ်ဆုံခဲ့စဉ်ကရွာသူားများ

 

 

 

 

 

 

 

 

 

 

 

အဲ့ပွဲမှာ ဒုတိယံမိ ဆုရရှိခဲ့သူများကတော့….

ဇန်နဝါရီ၊ ၂၀၁၃ လုံမလေး မွန်မွန် ကြုံတွေ့နေရ လုပ်ငန်းခွင်ဘဝ (ခရီးသွားလုပ်ငန်း)ဲ
ဖေဖော်ဝါရီ၊ ၂၀၁၃ Myo Thant ရေဆန်လမ်းမှ ပန်းတစ်ပွင့် ( ၁ )
မတ်လ၊ ၂၀၁၃ အင်ဇာဂီ C H A N G E !
(ဧပြီ + မေ)၊ ၂၀၁၃ Surmi ဝန်ကြီးပဒေသရာဇာ၏အကျဉ်းစံသင်းချိုင်းဂူ
ဇွန်လ၊ ၂၀၁၃ ကိုရင်စည်သူ သင်္ဘောအခန်းတွင်းမှ ဝိညဉ်ခေါ်သံ (၁)

 

 

ဒုတိယအကြိမ်တွေ့ဆုံပွဲမှာတော့ ထူးထူးခြားခြား မန်းဂဇက်ချစ်သူများ စာပေဆုရစာမူများ

(၂၀၁၂ခုနှစ် ဇူလိုင်မှ ၂၀၁၃ခုနှစ် ဇွန်လထိ တစ်နှစ်တာ)ကို ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပါတယ်

အားပေးကြပါအုံး

အားပေးကြပါအုံး

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

(အဲဒီအမှတ်တရ စာအုပ်ကို ဒီတစ်ခေါက်တွေ့ဆုံပွဲမှာလည်း ဝယ်ယူအားပေးနိုင်ကြပါတယ်)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

တတိယ အကြိမ်တွေ့ဆုံပွဲနဲ့ ဆုပေးပွဲအခန်းအနားကို တော့ ၂၀၁၄ ဇန္နဝါရီလ (၁၂)ရက်နေ့ မှာ ကန်တော်ကြီးထဲက ရှန်တီစားသောက်ဆိုင်လေးမှာပဲထပ်မံပြီး ပျော်ရွှင်ကြည်နူးစွာ ကျင်းပခဲ့ကြပါတယ်။

တတိယအကြိမ်မြောက်ပျော်ရွှင်စွာ

တတိယအကြိမ်မြောက်ပျော်ရွှင်စွာတွေ့ဆုံစဉ်က အမှတ်တရ

 

 

 

 

 

 

 

 

 

 

 

 

 

အဲ့ပွဲမှာ တတိယံမိ ဆုရရှိခဲ့သူများကတော့….

ဇူလိုင်လ၊ ၂၀၁၃ Mr. MarGa တစွန်းတစ ငယ်ဘဝနှင့် ပြန်သတိရမိတဲ့ ကာတွန်းတွေ
ဩဂုတ်လ၊ ၂၀၁၃ Zaw Thant သဒ္ဓါကို ပညာက စိန်ခေါ်ခြင်း
စက်တင်ဘာလ၊ ၂၀၁၃ ကျော်စွာခေါင် စုဗူးနဲ့ ကောင်လေး
အောက်တိုဘာလ၊ ၂၀၁၃ နန်းတော်ရာသူ | မောင်ဘလိူင် အဖေ့ရဲ့ပီစီအို
အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း(၁ မှ ၈၄)
နိုဝင်ဘာ၊ ၂၀၁၃ ကြောင်ဝတုတ် မတူကွဲပြားသော လူအများစုဝေးနေထိုင်ရာ… တစ်နည်းအားဖြင့်ဆိုသော Public
ဒီဇင်ဘာ၊ ၂၀၁၃ Padonmar ကြိုတွေးပြင်ဆင်

တို့ပဲဖြစ်ပါတယ်ဗျာ။

 

 

 

အဲဒီလို ချိနဲ့နဲ့ လှုပ်လီ လှုပ်လဲ့ ချီတက်လာခဲ့ကြတာ…

အခုဆိုရင် စတုတ္ထ အကြိမ်မြောက် “မန်းဂဇက်ချစ်သူများစာပေ၊ ကဗျာဆုပေးပွဲ နဲ့ မြန်မာ့ ဂဇက် ရွာသူားများတွေ့ဆုံပွဲ” ကို ကန်တော်ကြီးထဲမှာ မကျင်းပတော့ပဲ အင်မတန်သာယာလှပတဲ့ အင်းယားကန်နံဘေး…ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် နောက်တဲ့တဲ့က “စိမ်းလမ်းစိုပြေ” စားသောက်ဆိုင်လေးမှာ စီစဉ်ထားပါကြောင်း နဲ့

ရွာသူ ရွာသားများအားလုံး(တစ်ယောက်မကျန်) ပျော်ရွှင်စွာ ကြွရောက်ကြပါရန် လေးစားခင်မင်စွာနဲ့ ဖိတ်ကြားအပ်ပါတယ်ဗျာ….

(ရှေးပဝေသနီက ရွာထဲဝင်ခဲ့သူမှသည် မနေ့တစ်နေ့က မှရွာထဲရောက်သူ ရွာသူားအားလုံးကိုဖိတ်ကြားတာပါနော်)

မှတ်ချက်။ စာရေးကောင်းရင် ရွာထဲရောက်ခါစ စာရေးသူကိုပင် မိမိတို့အဖွဲ့မှအကြိုက်ဆုံးအဖြစ်ရွေးချယ်ခဲ့တာလည်း

                အားလုံးအသိပါဗျာ။

ဒီတစ်ခေါက်ကတော့ ၆လ တစ်ကြိမ်မလုပ်ဖြစ်ပဲ ၂၀၁၄ တစ်နှစ်စာစုပေါင်းပြီး ကျင်းပမှာဖြစ်လို့ ဆုရသူတွေလည်းများ

တက်ရောက်သူတွေလည်းများပြားစည်ကားမယ်လို့ မျှော်လင့်လို့ နေရာရော အစားအသောက်ပါ တတ်နိုင်သမျှ အကောင်းဆုံး

ဖြစ်အောင်ကြိုးစားစီစဉ်ထားပါကြောင်း အားလုံးကိုအသိပေးလိုပါတယ်…..( တက်ရောက်လာသူ ရွာသူားများကို သဂျီးပို့ပေးတဲ့

လက်ဆောင်များလည်း မဲဖေါက်ပေးသွားပါမည်ခင်ဗျား)

ဒီတစ်ကြိမ်မှာဆုချီးမြှင့်ရမယ့် စာပေဆုရှင်များကတော့…..

ဇန်နဝါရီ၊ ၂၀၁၄ TNA အန္တရာယ်ကင်းကင်းချက်ပြုတ်ခြင်း
ဖေဖေါ်ဝါရီ+မတ်လ၊ ၂၀၁၄ Snow Smile “ကျ မ ဆိုက် ကာ း သ မား ”
ဧပြီ+မေလ၊ ၂၀၁၄ kogyi mind ဖျက်ဆီးခံရသောမြန်မာတို့၏စိတ်
ဇွန်လ၊ ၂၀၁၄ ဦးဦးပါလေရာ ကျိန်စာသင့်သော ငွေငါးသိန်း
ဇူလိုင်လ၊ ၂၀၁၄ marblecommet ဂျိုး စာစုများ
ဩဂုတ်လ၊ ၂၀၁၄ hmee အဖြူရောင်မီးတောက်ကလေးများ
စက်တင်ဘာလ၊ ၂၀၁၄ Kaung Kin Pyar ဈေးသည်နဲ့…ဆေးသည်
အောက်တိုဘာ၊ ၂၀၁၄ မစုဉာဏ် တူညီသောဆန္ဒ
ကဗျာဆုများ
ပြခန်း (၁၄) တောတွင်းပျော် ညီမငယ်လေးသို့
ပြခန်း (၁၅) ကေဇီ မြတ်နိုးခြင်း

 နိုဝင်ဘာလနဲ့ ဒီဇင်ဘာလ အတွက် မန်းဂဇက်ချစ်သူများစာပေဆုကိုတော့…မကြာမီပဲ

ရွေးချယ်ကြပြီး ဒီပွဲမှာဆုချီးမြှင့်သွားမှာဖြစ်ပါကြောင်းဗျာ….

 

နေ့ရက်။ ၂၀၁၅ ခုနှစ် ဇန္နဝါရီလ ( ၁၁) ရက်

အချိန် ။ နံနက် (၈) နာရီမှ (၁၂) နာရီ

နေရာ။ စိမ်းလမ်းစိုပြေစားသောက်ဆိုင်၊ အင်းယားလမ်း၊ ရန်ကုန်မြို့။

အစီအစဉ်။ လွတ်လပ်စွာ မီးစဉ်ကြည့်က ကြမည်။

မှတ်ချက်။ နေရာနှင့်အစားအသောက်စံနစ်တကျ မလေမလွင့် စီစဉ်နိုင်ရန်အတွက်

                တက်ရောက်မည့်သူများကွန်မန့်လေးဖြင့် စာရင်းပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျား။

ခင်မင်ရင်းနှီးစွာဖြင့်…

ထာဝရလမ်းဆက်လျှောက်နေတဲ့…

ကြီးမိုက်။

၂၄၊ ၁၂၊ ၂၀၁၄

 

About အရင်ကကျော်စွာဦးကြီးမိုက်

has written 94 post in this Website..

မစပ်သောငြုပ်သီးတစ်တောင့်ပါ THAKHIN CJ #2152011 (5/2/16)