ပျော်ပျော်ပါးပါးဆုံကြမယ်လေ… Best web awards

ခင်မင်လေးစားရပါသော မြန်မာ့ဂဇက်(မန်းဂဇက်)ရွာသူရွာသားအပေါင်းသူတော်ကောင်းတို့….

မင်္ဂလာအပေါင်းနဲ့ပြည့်စုံကြပါစေကြောင်း နှစ်သစ်အကြို နှုတ်ခွန်းဆက်သလိုက်ပါတယ်ဗျာ

ဘာလိုလိုနဲ့ နှစ်ဟောင်းကုန်ဆုံးပြီး နှစ်သစ်အခါသမယ ကူးပြောင်းဖို့အချိန်လည်းအလွန်ကိုနီးကပ်လို့လာပါပြီ

ဒီလိုပဲ ကျနော်တို့ရွာသူားတွေ ပျော်ရွှင်စွာဆုံတွေ့ပွဲနဲ့ မန်းဂဇက်ချစ်သူများစာပေဆုပေးပွဲကြီးကိုလည်း

မကြာမီကျင်းပပြုလုပ်တော့မှာဖြစ်ပါတယ်…….

မန်းဂဇက်မှာမန်ဘာဝင်ပြီး စာရေးကြ၊ ကွန်မန့်ပေးကြနဲ့

ခင်မင်ရင်းနှီးခဲ့ကြတာလည်းကာလကြာရှည်ခဲ့ပြီပေါ့

ဒီလိုရေးကြ မန့်ကြရင်းနဲ့ စိတ်ကူးတူတဲ့ ရွာသူားတစ်ချို့တိုင်ပင်ကြပြီး မန်းဂဇက်ချစ်သူများအကြိုက်စာပေဆု

ပေးဖို့၊ တစ်လတစ်ကြိမ်အကြိုက်ဆုံးစာမူရွေးကြပြီး ၆လတစ်ကြိမ် တွေ့ဆုံပွဲနဲ့ဆုပေးပွဲလုပ်ကြဖို့သဘောတူကြပြီး

ကိုယ့်ရံပုံငွေနဲ့ကိုယ်ဆောင်ရွက်လာခဲ့ကြတာ အားလုံးသိပြီးဖြစ်မှာပါဗျာ…အဲ့ဒီမှာ ဖတ်ရွေးအဖွဲ့ဥက္ကဋ္ဌအဖြစ်

အလှည့်ကျရွေးချယ်ပြီးဆောင်ရွက်လာခဲ့တာ…ခုနောက်ဆုံးအလှည့်ကျတာဝန်ယူနေရတာကတော့

ကျုပ်ဆိုတဲ့…ကြီးမှ မိုက်နေတဲ့… ကြီးမိုက်ပါပဲ….ဒီလိုနဲ့လိမ်ဖယ် လိမ်ဖယ်နဲ့ လျှောက်လာခဲ့ကြတာ..ခုဆိုရင်ဖြင့်….

“မန်းဂဇက်ချစ်သူများစာပေ၊ ကဗျာဆုပေးပွဲ နဲ့ မြန်မာ့ ဂဇက် ရွာသူားများတွေ့ဆုံပွဲ”

ကို..လေးကြီမ်မြောက်ကျင်းပဖို့ ရက်တွေနီးလာပြန်ပါပကော။ ဘာပဲပြောပြော..ဒီဖတ်ရွေးအဖွဲ့ကြီးဟာ….

ဝေဖန်ခံရမှုပေါင်းများစွာ

ချီကျူးထောပနာမှုပေါင်းများစွာ

ပံ့ပိုးကူညီမှုပေါင်းများစွာ

ပါဝင်အားဖြည့်ပေးမှုပေါင်းများစွာ

အထင်လွဲ ရှုံ့ချမှုပေါင်းများစွာ

စိန်ခေါ်အကဲစမ်းမှုပေါင်းများစွာ

လေ့လာစောင့်ကြည့်မှုများစွာ – – – – – – – –

—————————–

—————————–

—————————–

—————————–

အဲဒီလို များစွာတွေကိုကျော်ဖြတ်ရင်း

ခုဆိုရင် 2014 ခုဒီဇင်ဘာလမှာ နောက်ထပ် တစ်နှစ်ဆိုတဲ့ အချိန်ကို အောင်မြင်စွာဖြတ်ကျော်လာနိုင်ခဲ့ပြီးပါပြီ….

ပထမဆုံးအကြိမ်တွေ့ဆုံပွဲနဲ့ ဆုပေးပွဲအခန်းအနားကို ၂၀၁၃ ဇန္နဝါရီလ (၂၀)ရက်နေ့ မှာ ကန်တော်ကြီးထဲက P3 စားသောက်ဆိုင်မှာပျော်ရွှင်ကြည်နူးစွာ ကျင်းပခဲ့ကြပါတယ်။

ပထမဆုံးအကြိမ်တက်ရောက်ခဲ့သူများ
ပထမဆုံးအကြိမ်တွေ့ဆုံစဉ်က တက်ရောက်ခဲ့သူရွာသူားများ

 

 

 

 

 

 

 

 

 

 

 

 

 

အဲ့ဒီပွဲမှာ ဗွေဆော်ဦး ဆုရရှိခဲ့သူများကတော့

ဇူလိုင်လ၊ ၂၀၁၂ ဝင်းပြုံးမြင့် ၄ဝ ကျော် ကျမရဲ့ အသည်းကွဲ တမ်းချင်း
ဩဂုတ်လ၊ ၂၀၁၂ aung moethu ပျံကျဈေးထဲက မုန့်ဟင်းခါးဆိုင်
စက်တင်ဘာလ၊ ၂၀၁၂ kyeemite ထောင်ထွက်ကြီးမိုက်…Ex-convict
အောက်တိုဘာ၊ ၂၀၁၂ မိုချို အစားမတော် တစ်လုတ်နဲ့ သေမင်းကို ခလုတ်တိုက်ခဲ့သူ
နိုဝင်ဘာ၊ ၂၀၁၂ ဦးကျောက်ခဲ အာဝေနိက ချစ်ဒုက္ခ
ဒီဇင်ဘာ၊ ၂၀၁၂ နွေဦး ဘယ်လိုစားကြမလဲ

တို့ပဲဖြစ်ကြပါတယ်ဗျာ။

 

 

 

ဒုတိယအကြိမ် မန်းဂဇက်ရွာသူရွာသားများတွေ့ဆုံပွဲ နဲ့ ဆုပေးပွဲကို ၂၀၁၃ ခုနှစ် ဂျူလိုင်လ (၂၁) ရက်နေ့ မှာ ကန်တော်ကြီးထဲမှာပဲ ရှန်တီစားသောက်ဆိုင်မှာ အောင်မြင်ပျော်ရွှင်စွာကျင်းပနိုင်ခဲ့ကြပါတယ်…

ဒုတိယအကြိမ်ဆုံခဲ့စဉ်ကရွာသူားများ
ဒုတိယအကြိမ်ဆုံခဲ့စဉ်ကရွာသူားများ

 

 

 

 

 

 

 

 

 

 

 

အဲ့ပွဲမှာ ဒုတိယံမိ ဆုရရှိခဲ့သူများကတော့….

ဇန်နဝါရီ၊ ၂၀၁၃ လုံမလေး မွန်မွန် ကြုံတွေ့နေရ လုပ်ငန်းခွင်ဘဝ (ခရီးသွားလုပ်ငန်း)ဲ
ဖေဖော်ဝါရီ၊ ၂၀၁၃ Myo Thant ရေဆန်လမ်းမှ ပန်းတစ်ပွင့် ( ၁ )
မတ်လ၊ ၂၀၁၃ အင်ဇာဂီ C H A N G E !
(ဧပြီ + မေ)၊ ၂၀၁၃ Surmi ဝန်ကြီးပဒေသရာဇာ၏အကျဉ်းစံသင်းချိုင်းဂူ
ဇွန်လ၊ ၂၀၁၃ ကိုရင်စည်သူ သင်္ဘောအခန်းတွင်းမှ ဝိညဉ်ခေါ်သံ (၁)

 

 

ဒုတိယအကြိမ်တွေ့ဆုံပွဲမှာတော့ ထူးထူးခြားခြား မန်းဂဇက်ချစ်သူများ စာပေဆုရစာမူများ

(၂၀၁၂ခုနှစ် ဇူလိုင်မှ ၂၀၁၃ခုနှစ် ဇွန်လထိ တစ်နှစ်တာ)ကို ပုံနှိပ်ထုတ်ဝေနိုင်ခဲ့ပါတယ်

အားပေးကြပါအုံး
အားပေးကြပါအုံး

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

(အဲဒီအမှတ်တရ စာအုပ်ကို ဒီတစ်ခေါက်တွေ့ဆုံပွဲမှာလည်း ဝယ်ယူအားပေးနိုင်ကြပါတယ်)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

တတိယ အကြိမ်တွေ့ဆုံပွဲနဲ့ ဆုပေးပွဲအခန်းအနားကို တော့ ၂၀၁၄ ဇန္နဝါရီလ (၁၂)ရက်နေ့ မှာ ကန်တော်ကြီးထဲက ရှန်တီစားသောက်ဆိုင်လေးမှာပဲထပ်မံပြီး ပျော်ရွှင်ကြည်နူးစွာ ကျင်းပခဲ့ကြပါတယ်။

တတိယအကြိမ်မြောက်ပျော်ရွှင်စွာ
တတိယအကြိမ်မြောက်ပျော်ရွှင်စွာတွေ့ဆုံစဉ်က အမှတ်တရ

 

 

 

 

 

 

 

 

 

 

 

 

 

အဲ့ပွဲမှာ တတိယံမိ ဆုရရှိခဲ့သူများကတော့….

ဇူလိုင်လ၊ ၂၀၁၃ Mr. MarGa တစွန်းတစ ငယ်ဘဝနှင့် ပြန်သတိရမိတဲ့ ကာတွန်းတွေ
ဩဂုတ်လ၊ ၂၀၁၃ Zaw Thant သဒ္ဓါကို ပညာက စိန်ခေါ်ခြင်း
စက်တင်ဘာလ၊ ၂၀၁၃ ကျော်စွာခေါင် စုဗူးနဲ့ ကောင်လေး
အောက်တိုဘာလ၊ ၂၀၁၃ နန်းတော်ရာသူ | မောင်ဘလိူင် အဖေ့ရဲ့ပီစီအို
အခြေအနေမဲ့ သန်းကြွယ်သူဌေး – အပိုင်း(၁ မှ ၈၄)
နိုဝင်ဘာ၊ ၂၀၁၃ ကြောင်ဝတုတ် မတူကွဲပြားသော လူအများစုဝေးနေထိုင်ရာ… တစ်နည်းအားဖြင့်ဆိုသော Public
ဒီဇင်ဘာ၊ ၂၀၁၃ Padonmar ကြိုတွေးပြင်ဆင်

တို့ပဲဖြစ်ပါတယ်ဗျာ။

 

 

 

အဲဒီလို ချိနဲ့နဲ့ လှုပ်လီ လှုပ်လဲ့ ချီတက်လာခဲ့ကြတာ…

အခုဆိုရင် စတုတ္ထ အကြိမ်မြောက် “မန်းဂဇက်ချစ်သူများစာပေ၊ ကဗျာဆုပေးပွဲ နဲ့ မြန်မာ့ ဂဇက် ရွာသူားများတွေ့ဆုံပွဲ” ကို ကန်တော်ကြီးထဲမှာ မကျင်းပတော့ပဲ အင်မတန်သာယာလှပတဲ့ အင်းယားကန်နံဘေး…ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင် နောက်တဲ့တဲ့က “စိမ်းလမ်းစိုပြေ” စားသောက်ဆိုင်လေးမှာ စီစဉ်ထားပါကြောင်း နဲ့

ရွာသူ ရွာသားများအားလုံး(တစ်ယောက်မကျန်) ပျော်ရွှင်စွာ ကြွရောက်ကြပါရန် လေးစားခင်မင်စွာနဲ့ ဖိတ်ကြားအပ်ပါတယ်ဗျာ….

(ရှေးပဝေသနီက ရွာထဲဝင်ခဲ့သူမှသည် မနေ့တစ်နေ့က မှရွာထဲရောက်သူ ရွာသူားအားလုံးကိုဖိတ်ကြားတာပါနော်)

မှတ်ချက်။ စာရေးကောင်းရင် ရွာထဲရောက်ခါစ စာရေးသူကိုပင် မိမိတို့အဖွဲ့မှအကြိုက်ဆုံးအဖြစ်ရွေးချယ်ခဲ့တာလည်း

                အားလုံးအသိပါဗျာ။

ဒီတစ်ခေါက်ကတော့ ၆လ တစ်ကြိမ်မလုပ်ဖြစ်ပဲ ၂၀၁၄ တစ်နှစ်စာစုပေါင်းပြီး ကျင်းပမှာဖြစ်လို့ ဆုရသူတွေလည်းများ

တက်ရောက်သူတွေလည်းများပြားစည်ကားမယ်လို့ မျှော်လင့်လို့ နေရာရော အစားအသောက်ပါ တတ်နိုင်သမျှ အကောင်းဆုံး

ဖြစ်အောင်ကြိုးစားစီစဉ်ထားပါကြောင်း အားလုံးကိုအသိပေးလိုပါတယ်…..( တက်ရောက်လာသူ ရွာသူားများကို သဂျီးပို့ပေးတဲ့

လက်ဆောင်များလည်း မဲဖေါက်ပေးသွားပါမည်ခင်ဗျား)

ဒီတစ်ကြိမ်မှာဆုချီးမြှင့်ရမယ့် စာပေဆုရှင်များကတော့…..

ဇန်နဝါရီ၊ ၂၀၁၄ TNA အန္တရာယ်ကင်းကင်းချက်ပြုတ်ခြင်း
ဖေဖေါ်ဝါရီ+မတ်လ၊ ၂၀၁၄ Snow Smile “ကျ မ ဆိုက် ကာ း သ မား ”
ဧပြီ+မေလ၊ ၂၀၁၄ kogyi mind ဖျက်ဆီးခံရသောမြန်မာတို့၏စိတ်
ဇွန်လ၊ ၂၀၁၄ ဦးဦးပါလေရာ ကျိန်စာသင့်သော ငွေငါးသိန်း
ဇူလိုင်လ၊ ၂၀၁၄ marblecommet ဂျိုး စာစုများ
ဩဂုတ်လ၊ ၂၀၁၄ hmee အဖြူရောင်မီးတောက်ကလေးများ
စက်တင်ဘာလ၊ ၂၀၁၄ Kaung Kin Pyar ဈေးသည်နဲ့…ဆေးသည်
အောက်တိုဘာ၊ ၂၀၁၄ မစုဉာဏ် တူညီသောဆန္ဒ
ကဗျာဆုများ
ပြခန်း (၁၄) တောတွင်းပျော် ညီမငယ်လေးသို့
ပြခန်း (၁၅) ကေဇီ မြတ်နိုးခြင်း

 နိုဝင်ဘာလနဲ့ ဒီဇင်ဘာလ အတွက် မန်းဂဇက်ချစ်သူများစာပေဆုကိုတော့…မကြာမီပဲ

ရွေးချယ်ကြပြီး ဒီပွဲမှာဆုချီးမြှင့်သွားမှာဖြစ်ပါကြောင်းဗျာ….

 

နေ့ရက်။ ၂၀၁၅ ခုနှစ် ဇန္နဝါရီလ ( ၁၁) ရက်

အချိန် ။ နံနက် (၈) နာရီမှ (၁၂) နာရီ

နေရာ။ စိမ်းလမ်းစိုပြေစားသောက်ဆိုင်၊ အင်းယားလမ်း၊ ရန်ကုန်မြို့။

အစီအစဉ်။ လွတ်လပ်စွာ မီးစဉ်ကြည့်က ကြမည်။

မှတ်ချက်။ နေရာနှင့်အစားအသောက်စံနစ်တကျ မလေမလွင့် စီစဉ်နိုင်ရန်အတွက်

                တက်ရောက်မည့်သူများကွန်မန့်လေးဖြင့် စာရင်းပေးကြပါရန်မေတ္တာရပ်ခံအပ်ပါသည်ခင်ဗျား။

ခင်မင်ရင်းနှီးစွာဖြင့်…

ထာဝရလမ်းဆက်လျှောက်နေတဲ့…

ကြီးမိုက်။

၂၄၊ ၁၂၊ ၂၀၁၄

 

116 comments

  • ခင်ဇော်

    December 24, 2014 at 10:08 am

    ကျနော် လာပါ့မယ်။
    တစ်ယောက်တည်းပါ။
    (ခေါ်ရမယ် ဆို လိုက်မဲ့သူများတယ် လို့ မကြွားတော့ဝူးးး) :mrgreenn:

    ခက်တာက မင်းသားကြီးပါမဲ့ ခရီးစဉ်မို့ မနက်ခင်း အလုပ်ရှိတာကြောင့် နောက်ကျပါ့မယ်။
    နောက်ကူးမဲ့ အလှူကို မှီအောင် အဓိကထားလာပါ့မယ်လို့။
    ဟိဟိ။
    :k:

    • kyeemite

      December 24, 2014 at 10:23 am

      .အိုး…ပျော်စရာပဲ..ဝမ်းမလီးဝဲလ်ကမ်းပါ ကေဇီရေ :mrgreenn:

    • kyeemite

      December 24, 2014 at 10:29 am

      လာသာလာပါ ကိုအောင်မိုးသူရယ်…မုန်ပတွေလုပ်ယူလာလည်းရတယ်… :k:
      ~~~~~~~~~~~~~~~~~~
      ဆြာကျောက်စ်တို့မိသားစုကိုလည်းကြိုဆိုနေပါတယ် 🙂

  • ဦးကျောက်ခဲ

    December 24, 2014 at 10:16 am

    ကျောက်စ်တို့ … နှစ်ယောက်ခွဲ ပွဲတက်ပါမယ်…
    :k:

    • ခင်ဇော်

      December 24, 2014 at 10:30 am

      သူတို့ ချွေးမ အနေနဲ့ ပွဲတက်မဲ့သူက စလုံး က လာမှာလေ။
      အဟွတ်။
      အဟမ်း

      :chit:

  • ခင် ခ

    December 24, 2014 at 10:19 am

    တကယ်ဖြစ်လာတဲ့ပွဲ
    စုံစုံညီညီရောက်လို့နွဲ
    လာရောက်မယ်လို့အားကိုခဲ
    ကျွန်တော်အတွက်
    တစ်နေရာစာ ချန်ပေးပါဗျာ။

    • kyeemite

      December 24, 2014 at 10:25 am

      .ကိုခရေ…လာမယ်ဆိုလို့ဝမ်းသာပါတယ်…စိတ်ချပါဗျာ..VIP နေရာချန်ထားမယ် :k:

      • ခင် ခ

        December 24, 2014 at 12:59 pm

        VIP နေရာတော့လုပ်ပါနဲ့ဗျာ အတွင်းထောင့်ကျကျ တစ်နေရာဆိုရပါပြီဗျ ဆြာမိုက်ရေ။

        • Ma Ma

          December 31, 2014 at 8:31 am

          အုတ်ကထကြီးရဲ့ စွဲဆောင်မှုက ကောင်းလှချည်လား။
          အမှန်တော့လည်း VIP တွေလာတဲ့ပွဲမို့ အဲ့နေရာတစ်ခုလုံး VIP နေရာချည်းပဲ။ 🙂

  • hmee

    December 24, 2014 at 11:18 am

    လာမယ်​လို့​တော့ အားခဲထားပါတယ်​ ဦးမိုက်​ရှင်​့။ မနှစ်​က သမီရ ရင်​ကျပ်​လို့ မလာရ။ ဒီနှစ်​​တော့ ရင်​မကျပ်​​စေဖို့ ဆု​တောင်​း​နေရတယ်​။ 🙂

  • တောင်ပေါ်သား

    December 24, 2014 at 11:26 am

    ဘဘကြီး ဦးကြီးမိုက်ခင်ဗျား

    သားသား လာပါမယ် ၂ ယောက်တွဲနော် 🙂

  • sorrow

    December 24, 2014 at 11:31 am

    -ကျော်လာပါ့မယ်ခင်ဗျ .

    • kyeemite

      December 24, 2014 at 11:41 am

      .Sorrow အပေါင်း တစ်လား…ရှင်းအောင်ပြောလေ :k:

      • sorrow

        December 24, 2014 at 11:58 am

        -sorrow + 5 ရဘူးလား .. ( ကျော်ကိုတစ်ဖတ်သတ်ချစ်တဲ့လူကများတယ်.. အဟီး)
        … လကားနောက်တာ…ကျော်တစ်ယောက်ထဲပါဂျာ… ဟိုအမျိုးသမီးလေးက မသေချာလို့ ..ဆိုတော့ ..သူလိုက်လာရင်တောင် ခုံမရှိရင် မထိုင်ခိုင်းပဲ.. အစားအသောက်လဲ ကျွေးမည်မဟုတ်ကြောင်း..
        …ကလန်ကဆန် ပေကလပ်ပေကလပ် …လုပ်လျှင်ဖြင့် နာရင်းကို ကလိုင်းပစ်မည်ဖြစ်ကြောင်း…
        ..ကျော် ဆောရိုးပါ
        .. (နာမည်တလုံးနဲ့နေတာ…မိန်းမနိုင်တာများတော့ ကျောက်စ်တို့ ဂီဂီတို့အသိ ) အဟိဟိဟိ

        • Iris

          December 24, 2014 at 9:58 pm

          ​စောရိုး+ငါး. ​စောရိုး ငါးတစ်​​ကောင်​သယ်​လာမယ်​တဲ့။ ဘာဘီကျူးလုပ်​ဖို့တဲ့။ 😀
          ​လေယာဉ်​လက်​မှတ်​စပွန်​ဆာ​ပေးတာမျက်​နှာလိုက်​တယ်​။

    • ခင်ဇော်

      December 25, 2014 at 12:14 pm

      မောင်ယေးးး ဆောရိုးးး လက်မှတ် စမူဆာ ပေးးးမယ် ဆိုလို့
      မမဂျီးးး မင်းသားးဂျီးးးတွေပါခေါ်ခဲ့ဘီ…?!!
      ဟေးးးဟေးးးဟေးးးး
      :mrgreen:

      • sorrow

        December 26, 2014 at 12:23 pm

        -ပေးပါတယ်ခင်ည…စလုံးလက်မှတ်လောက်များကတော့ … ဟိုပါးချိုင့်နဲ့အစ်မကြီး ..လူသာရောက်အောင်လာခဲ့ဟမ်းပါ…ပေးပါ့မယ် ။
        … နောက်တာမဟုတ်..အတည်…အငိငိ..အပေါဆုံးကပိုက်ဆံ..အားနည်းချက်က ..ဟိုကချင်မကြီးဆီက .တောင်းသုံးရတာ..အဟိဟိ

  • kyeemite

    December 24, 2014 at 11:39 am

    .ပြောဖို့တစ်ခုမေ့လို့ …ဇနီး၊ ခင်ပွန်း၊ သားသားမီးမီးတို့ပါခေါ်လာနိုင်ပါကြောင်း…
    .စါရင်းသာကြိုပေးထားရင်နေရာထိုင်ခင်းအဆင်ပြေအောင်စီစဉ်ပေးမယ်ဖြစ်ပါဂျောင်းးးးး :))

  • Kaung Kin Pyar

    December 24, 2014 at 12:03 pm

    အလုပ်ကိစ္စနဲ့ ခရီးထွက်ရမလား…မသိ…
    လာဖြစ်ဖို့ မသေချာပါ…
    အကယ်၍ မလာဖြစ်ရင် အိမ်နားနီးတဲ့ အလက်ဆင်းအား…ကိုယ်စား ဆုယူပေးဖို့ မေတ္တာရပ်ခံဗျဇီ…
    (သူကတော့ သူ့ရဲ့ အောင်တျဲလင်းနဲ့ တူတဲ့ ညက်နှာ လူမြင်မှာစိုးလို့….စင်ပေါ်မတက်ပျဇီနဲ့လို့ တောင်းဆိုထားသော်လဲ…ကူညီပါဦး ဆက်ဆက်ရေ…)

    • kyeemite

      December 24, 2014 at 1:26 pm

      ဆုရသူကို ကိုယ်တိုင်လာစေချင်တာတော့အမှန်ပဲဗျာ…ဘယ်လိုမှမအားတော့လည်း..စိတ်မကောင်းရုံပေါ့
      ~~~~~~~~~~~~
      လုံမလေးမွန်မွန် says:

      မီးဒို့ဂျုံဒွဲ .. :mrgreen: ဂျုံဒွဲအော်ဒါအထူးလက်ခံသည် :k:

    • ကင်းကောင်ပျာ ကတော့ အချွန်နဲ့ မပြီ။

      ကျနော် ဒီတစ်ခေါက်ပွဲ လူရှေ့မထွက် ချောင်ကုတ်နေပျဇီလို့ အတန်တန် ပြောထားတာကို

      :k:

  • မွသဲ ( 17082011 )

    December 24, 2014 at 12:34 pm

    နှစ်ယောက်လာပါမည် အုပ်ကထကြီးရှင့်။ ညက်မှန်လေးပါပါလာပါမည်

  • hmee

    December 24, 2014 at 12:50 pm

    ဦးမိုက်​​ရေ ​မေ့တွားရို့ ညီမ​လေးတ​ယောက်​ ပါပါမည်​။ သူလည်​း ရွာသူပါ။ အမာညို ဆိုတဲ့ နာမည်​နဲ့ ရွာထဲမှာ ​နေထိုင်​ပါသည်​။ မှီ ညီမ အငယ်​ဆုံး​လေးဆိုတာ သိသွားမှာ စိုးရိမ်​လို့ လူဆုံတုန်​း​လေး ​ပြောရတာ။ 🙂

  • Yae Myae Tha Ninn

    December 24, 2014 at 12:56 pm

    အနော်တို့ လင်မယားလဲ လာပါမည်… 🙂

    • kyeemite

      December 24, 2014 at 1:49 pm

      .နီမလာရင် မန်းလေးထိ လာသတ်မယ် သဂျားရေ :dd:

  • ရာမည

    December 24, 2014 at 1:54 pm

    ကျော်ကတော့ လူချစ်လူခင်အလွန်အင်မတန်များလို့
    အွန်လိုင်းကပဲ စောင့်မျှော်နေပါမယ်ခင်ဗျာ
    ဟီဟိ

    • kyeemite

      December 24, 2014 at 2:49 pm

      .ကိုရာမညရေ..အွန်လိုင်းပေါ်မှာတခါတလေ နားလည်မှုလွဲတာ..ညိကြတာလေးတွေရှိတတ်ပါတယ်
      .ဘာကိုမှအာဃာတမထားကြပါဘူးဗျာ…လာသာလာစမ်းပါ..ပျော်စရာကြီးပါဗျ
      .နှစ်သစ်အစမှာတွေ့ကြမှာမို့ နှစ်ဟောင်းက အညစ်ဟောင်းတွေမေ့ထားလိုက်ရအောင်ပါဗျာ…
      .ကျုပ်လွန်ခဲ့တာရှိခဲ့လည်း ဝံတာမိပါဗျား :loll:

      • ရာမည

        December 24, 2014 at 3:01 pm

        ကျေးဇူးတင်ပါတယ်ဦးလေးကြီးမိုက်ခင်ဗျာ
        ကျွန်တော်ပြောမှားဆိုမှားရှိပါကလည်း ကန်တော့တောင်းပန်ပါတယ်ခင်ဗျာ
        ကျွန်တော် လိုလူမျိုး လာသင့်လာအပ်သောနေရာမဟုတ်လို့
        ကိုယ့်နေရာကိုယ်သိပြီး
        အွန်လိုင်းတက်လာမဲ့ဓါတ်ပုံများ ပို့စ်များကိုသာဖတ်ပြီး
        အားလုံးရဲ့ပျော်ရွှင်မှုများ ကော်ပီကူးပရစေခင်ဗျာ

        • padonmar

          December 24, 2014 at 7:38 pm

          ရာမညရေ
          ရွာသူရွာသားအားလုံးကို လာစေချင်ပါတယ်။
          စာထဲ ရန်ဖြစ်တာဟာ လူချင်း ရန်ဖြစ်တာမဟုတ်ပါဘူး။
          ဒါ့ကြောင့် ရန်ကုန်မှာသာ ရှိတယ်ဆိုရင် လာဖြစ်အောင်လာဖို့ တိုက်တွန်းချင်ပါတယ်။

        • ဝင့်ပြုံးမြင့်

          December 27, 2014 at 3:11 pm

          .လယ်ထွန်ကောင်းတဲ့လူ ပါမှ ပွဲစည်မှာပေါ့။

  • ဒီတစ်ခေါက်ပွဲတော့ လူလုံးထွက်ပြလိုက်ပါဦးမယ်။
    အောင်ရဲလင်းတောင် ကိုယ့်လောက် အောင်ရဲလင်းနဲ့မတူဘူးဆိုတော့လေ
    လူရှေ့ ထွက်ရမှာ ခပ်လန့်လန့်ရယ်။

    ဒီပွဲကတော့ အင်းးးး
    လာဖြစ်အောင်လာရမှာပေါ့။
    တစ်ယောက်ထဲ လာပါမယ်။

    😆

    • ခင် ခ

      December 24, 2014 at 3:16 pm

      ဖွေး ခေါ်လာလည်းရပါတယ်နော်၊ အပေါ်မှာဆြာမိုက်ပြောထားတယ်လေ ” ဂျုံဒွဲအော်ဒါအထူးလက်ခံသည် ” တဲ့ ကိုအလင်းဆက်ရေ။

      • .ဖွေးဖွေးနဲ့သာ ဒီပွဲထဲ စုံတွဲ တက်ပြီး ရှလူးလိုက်ရရင်တော့လားး
        ဘာပြောကောင်းမလဲ
        အောင်ရဲလင်းတောင် ကျနော့်လောက် အောင်ရဲလင်းနဲ့မတူတဲ့ ခေတ်မှာ
        ဝက်ဝက်ကွဲ နာမည်ကြီးသွားမှာ နော့

        :k:

        ဒါမယ့်
        ဒီပွဲ လာတော့ လာမယ်
        ချောင်လေးမှာ ကုတ်နေမယ်လို့ တွေးထားလို့ပါ(ဝဲ ကုတ်ခြင်းကို မဆိုလိုပါ။ ဝဲလည်း မရှိပါ)

  • kai

    December 24, 2014 at 3:28 pm

    ကျုပ်ကို တီရှပ်ဆိုဒ်… XXL ဝယ်ပေးတဲ့သူကို.. ဆန္ဒာပြ.. အဲ..အဲ.. ခန္ဓာပြတဲ့အနေနဲ့.. မိသားစုဓာတ်ပုံလေး ပို့ပေးထားပါမယ်..။
    ပွဲလာသူတွေကို.. မိတ်ဆက်ရအောင်လို့ပါ…။ :k:

    • ခင် ခ

      December 24, 2014 at 3:33 pm

      သဂျီး ဆန္ဒ ပြတဲ့ပွဲ အဲ ခန္ဓာ ပြတဲ့ပွဲမှ ကျုပ်ကတက်ဖြစ်တယ်ဆိုတော့ကာ……… မဆိုးပါဘူးဗျ။
      ဝသောသူ ပိန်နည်း
      ပိန်သောသူ ဝစေနည်း
      ညွှန်းရချေသေး။

    • အဟီးးး ဒီသဂျီးတော့လားးး
      ကျနော်က စေတနာနဲ့ XXL စီစဉ်ပေးထားတာ
      ခန္ဓာမပြခင်ကတည်း မြင်ပြီးသားလေ
      XL သို့မဟုတ် L ဆိုဒ်ဆိုရင် သဂျီးဝတ်ရင် ခါးတိုနေမှာ သေချာလို့

      တော်ကြာ ခါးတို ချက်ပေါ် အကျင်္ ီဝတ်ထားမှ
      ဦးကြောင်က မာမွတ် ထပ် ခေါ်ကောင်းနေမစိုးလို့
      :k:

      ဒါနဲ့ အဲ့ဂဇက် တီရှပ်နဲ့ပဲ ဓါတ်ပုံရိုက် ပို့နော် သဂျိး
      အမှတ်တရပေါ့။

      😆

  • padonmar

    December 24, 2014 at 7:40 pm

    လူက ၁ယောက်၊အထုပ်ပေါင်းကများစွာ။
    (ဂဇက် အကျီထုပ်၊စာအုပ်ထုပ်၊သဂျီးလက်ဆောင်ထုပ်….)
    လာကူသယ်ပေးကြအုံးနော်။

  • ဦးဦးပါလေရာ

    December 24, 2014 at 9:22 pm

    ၁- မိသားစုတွေ မိသားစုလောင်းလျှာတွေ လာကြမှာမို့ အင်မတန် နွေးထွေး ပျော်ရွှင်ဖွယ်ကောင်းပြီး ကျက်သရေရှိတဲ့ တွေ့ဆုံပွဲလေး ဖြစ်မှာပါ…..။ ဝမ်းသာလှပါတယ်…။

    ၂-တကယ်တော့ ဥက္ကဌကြီးရဲ့ သမီးလေးကလဲ ရွာသူမို့ ၊ ဥက္ကဌကြီး မိသားစုလဲ စုံစုံညီညီပါစေချင်ပါတယ်။
    ုု
    ၃-လာစေချင်တဲ့သူတွေ တွေးကြည့်တော့ အများကြီးပဲ…
    မျက်နှာလေးမြင်ဖူးရုံ ကလောင်နာမည်လေး မှတ်မိရုံနဲ့ကို တွေ့ချင် ဆုံချင် မိတ်ဆွေဖြစ်ချင်မိတယ်….
    လာနိုင်တဲ့သူများ စာရင်းလေးလဲ ပေးကြပါ။ လာဖြစ်အောင်လဲ ကြိုးစားကြပါလို့ တိုက်တွန်းပါတယ်။

  • ဖားသက်ပြင်း

    December 25, 2014 at 1:58 am

    လာခဲ့မယ်​ဗျို့

    အားရင်​​ပေါ့

  • Swal Taw Ywet

    December 25, 2014 at 1:59 am

    ဒို့ကတော့ ဒို့ကတော့။ ဒို့ကတော့ အဝေးကြီးကနေ မျှော်ရတော့မယ်။ Online ကနေတက်ပါ့မယ်ဗျို့။
    With respect.
    Swal Taw Ywet.

  • panpan

    December 25, 2014 at 11:24 am

    ပေးကလန် + ၁ ပါရှင့် 😀

  • Ma Ma

    December 25, 2014 at 10:53 pm

    ပွဲကြီးပွဲကောင်းပဲ။
    အရင်တုန်းက ၃ကြိမ်မှာ ၂ကြိ်မ် ရောက်ဖြစ်တယ်။
    ရောက်ဖြစ်တဲ့ ပုံလေးတွေ ပြန်ကြည့်ပြီး ပီတိဖြစ်ရတယ်။
    ဒီတခေါက်တော့ ခရီးသွားရမယ့်ရက်နဲ့ တိုက်နေလို့ လွဲရပြန်ပြီ။
    မလာနိုင်တဲ့ရော မဲနှိုက်လို့ မရဘူးလား။ :harr:

  • မစုဉာဏ်

    December 26, 2014 at 1:59 am

    အရင်နှစ်က ပုံတွေ အရ Mandalaygazette အဖွဲ ့ဝင်တွေ က အသက်ရွယ်မျိုးစုံတယ်နော်။
    တွေ ့ကြ၊ ဆုံကြ ၊ ထမင်းလက်ဆုံ စားကြနဲ ့ပျော်စရာကြီးနေမှာ။

    အားလုံးနဲ ့ဆုံဖူးချင် ပေမယ့် ခရီးက ဝေးလွန်းတော့ …အွန်လိုင်းကနေ ပဲ ပုံတွေ စောင့်ကြည့်ရတော့မယ်။
    မလာနိုင်သူတွေ မနာလို ဖြစ်အောင် ပုံတွေ များများတင်ပေးပါ လို ့….

    • kyeemite

      December 29, 2014 at 10:09 am

      .မစုဉာဏ်ခင်ဗျား…ကိုယ်တိုင်မလာနိုင်လည်း ရန်ကုန်မှာရှိတဲ့ တစ်ယောက်ယောက်ကို ကိုယ်စားတက် .ဆုယူခိုင်းပေးနိုင်ရင်ပိုကောင်းပါတယ်ဗျာ…တက်ရောက်မဲ့သူကို ကျနော့ဖုန်းနံပါတ်ပေးဆက်သွယ်ခိုင်းပါ..
      .နွေးထွေးစွာကြိုဆိုပါ့မယ်ဗျ 😆

  • ဒီတစ်ခါပွဲမှာ
    အပြင်မှာ မဆုံဖူးတဲ့ထဲက အမြင်ဖူးချင်ဆုံး နှစ်ယောက်ရှိတယ်

    အဲ့ဒါကတော့ နေပြည်တော်က လာမယ့် ကဗျာဆရာ အစ်ကိုတော်ဆစ် . . .

    ပြီးတော့ စင်္ကာပူက လာမယ့် အစ်မတော် ခိုင်ဇာ

    ဆရာဆစ်ကို ကဗျာတွေနဲ့ ဖုန်း အသံနဲ့သာ ရင်းနှီးနေပြီး
    အပြင်မှာ လူချင်း မတွေ့ဖူးလို့. . .
    ကဗျာရေးတဲ့လက်ကို ဆွဲပြီး နှုတ်ဆက်ချင်တာ

    😆

    • ခင်ဇော်

      December 26, 2014 at 3:25 pm

      နာ့ ကို မြင်ရင် သက်မွန်မြင့်နဲ့ မှားကြလွန်းလို့ ရုပ်ဖျက်ရမယ် မှတ်တာ။
      တော်သေးးး
      ခု သက်မွန်က ကိုယ်ဝန် ၅ လနဲ့မို့ မှားစာမရှိဝူးးးး :mrgreenn:
      .

      ဘာပုဒုန်းးး
      ဆက်ဆက်တောင် အောင်ရဲလင်းဖစ်သေးတာ။
      နာလည်း သက်မွန်မြင့် တစ်ပြားမှ မလျှော့ဝူးး
      :mrgreenn:

      • sorrow

        December 26, 2014 at 4:29 pm

        ..အဟိဟိဟိ..အဲ့လိုကြေးဆို ..အော်လွန်ဒိုဘလွန်း ဆောရိုးဂျ…ကျော်ကမှ …အပေါ်ကနှစ်ယောက်ထက်စာရင် ဆင်သေးတယ်..အဟိဟိ

        • ခင်ဇော်

          December 26, 2014 at 4:53 pm

          ဓာတ်ပုံတွဲရိုက်ကြမယ်။
          :mrgreenn:

        • Ma Ma

          December 26, 2014 at 5:27 pm

          ဆယ်လီတွေများလွန်းလို့ ဘူ့ရိုက်ရမှန်းမသိ ဖစ်နေအုံးမယ်။
          ဓာတ်ပုံ ပြောပါတယ်။ :p:

        • မြစပဲရိုး

          December 30, 2014 at 4:21 am

          ဒါဆို မောင်စော က
          အကယ်ဒမီ မင်းဦး နဲ့လဲ သေချာပေါက် ကို တူရမယ်။ 😉

      • ဒါရှို… သက်မွန်မြင့်တောင် မမဂျီးလောက် သက်မွန်မြင့်နဲ့ မတူဘူးပေါ့လေ…
        ဂွစ်ဂွစ်..
        ရုပ်ဖျက်လာမှာလား…
        ကဗျာချစ်သူ(သို့တည်းမဟုတ်) ကဗျာဒမြ အဖွဲ့ဝင်ပီပီ…
        ဒမြနဲ့ တူအောင်ဆိုပြီး..မျက်လုံးတစ်ဖက်ကို သားရေပြားအနက်ကြီး တပ်လာတာတို့…
        အကြမ်းပညာရှင် ပီပီ တရုတ်သိုင်းမင်းသမီးတွေလို… ဝတ်ရုံကြီးခြုံလာတာတို့တော့…မလုပ်ရဘူးနော်
        ဂွစ်ဂွစ်…

        :k:

  • Yae Myae Tha Ninn

    December 26, 2014 at 4:45 pm

    ဆယ်လီဘီတီတွေ ကြားထဲ အနော် အန်ကယ်လေးတော့ ဒုက်ခတပဲဗျာ… 🙂

  • မြစပဲရိုး

    December 27, 2014 at 6:12 am

    မတက်နိုင်လို့ ကွန်မန့်မပေးနိုင်တာ ကို အားနာမိကြောင်း ကွန်မန့် ပေးပြီး ပြောပါရစေ အုတ်ကထကြီး ရှင့်။
    ကွန်မန့် မဟုတ် တဲ့ ကွန်မန့် အတွက် လဲ အားနာမိကြောင်းပါ။
    နောက်ပြီး ကွန်မန့် လိုက်လို့ ပွဲတက်ပြီ လို့ အထင်မမှား အောင်လို့လဲ ဒီ ကွန်မန့် က ရှင်းပြချင်လို့ လဲ ပါပါတယ်။
    ဒါကြောင့် ကွန်မန့် ကို ကွန်မန့် လို မသတ်မှတ်ဘဲ ထားဖို့ ကို ဒီ ကွန်မန့် နဲ့ ကွန်မန့် ပြတာပါ။
    😉 :)) 😉 :))

    • kyeemite

      December 29, 2014 at 10:14 am

      .အရီးမုတ်ဆိတ် မတက်နိုင်လို့စိတ်မကောင်းပါဘူး
      .ပြည်တော်ပြန်ဖြစ်မှဆုံကြတာပေါ့ :))

  • CharTooLan

    December 27, 2014 at 8:43 am

    ပွဲတက်ဝတ်စုံသွားချုပ်နေလို့ ပွဲတက်ကွန်းမန့်ပေးဖို့နာက်ကျသွားတယ် hehe 😀
    ကျော်တို့က ၂ယောက်ပါခည

  • manawphyulay

    December 27, 2014 at 3:55 pm

    အလုပ်ပိတ်ရက်ဆို မနောလည်း လာနိုင်အောင် ကြိုးစားပါမည်။
    တတိယအကြိမ်ပဲ လာနိုင်ခဲ့သည့်အတွက်လည်း စိတ်မကောင်းဖြစ်မိပါတယ်ရှင့်။

    • အပြင်မှာ မမြင်မတွေ့ဖူးတဲ့… စာပေမိတ်ဆွေ ရွာသူတွေထဲ..
      မမမနောလည်း ပါသဗျ…
      တွေ့ချင်လို့…
      လာနိုင်အောင် တစ်ချက် ကြိူးစားပေးပါနော်…

      🙂

      ခင်မင်စွာ…

  • uncle gyi

    December 28, 2014 at 8:02 am

    နောင်တချိန်ဂေဇက်ပွဲတက်ဝတ်စုံတွေစပွန်ဆာပေးချင်ပါတယ်ဆိုလာရင်
    လက်ခံသင့်မသင့်အခုကတည်းကစဉ်းစားစေချင်ပါတယ်

    • ကျနော်ကိုယ်တိုင် ဒီဇိုင်း စဉ်းစားထားတဲ့ ပွဲတက် ဝတ်စုံ ရှိတယ်ဗျ… ။
      မြန်မာ အမျိုးသား ဝတ်စုံ စတစ်ကော်လာ အဖြူနဲ့ ပုဆိုးကိုပဲ… ဒီဇိုင်း နည်းနည်း ထွင်ထားတာလေး..

      အဖြုပေါ်မှာ …ကော်လာကတုံး လည်စည်းကို…အနက်ရောင်လိုင်းလေးနဲ့…
      ရင်ဘက် ကြယ်သီးတပ်ရာ လိုင်းတလျှောက်ကိုလည်း အနက်ရောင် ဒေါင်လိုက် အတန်းလေး..
      ပြီးမှ…ရွှေရောင် ကြယ်သီး လုံးလုံးလေးတွေ…တပ်ထားတယ်။
      ကော်လာကတုံးလက်တို..မှာမှ…လက် စည်းနေရာမှာ အစွန်ပတ်ပတ်လည်ကလည်း အနက်ရောင်လေးပေါ့…
      ပိုးကချင်ပုဆိုးလေးနဲ့ …ကတ္တီပါဖိနပ် အနက်စိုစိုလေးနဲ့… ဝတ်မယ် ..စဉ်းစားထားတာ.. ။
      ဒါပေမယ့်..
      ဒီပွဲကိုတော့…
      ဂဇက် တီရှပ်နဲ့ပဲ..တက်တော့မယ်..
      အဟိ

      :k:

  • Shwe Ei

    December 28, 2014 at 5:21 pm

    သများလာပါမယ်…ခါတိုင်းလို တျောက်ထဲပါဘဲ….အဟိ 🙂

  • La Yeik

    December 29, 2014 at 11:27 am

    စမီးတို့က အဝေးကနေမို့ လာချင်ရက်နဲ့ မလာနိုင်လို့ ခွင့်လွှတ်ပေးဂျ ဘာ….ပွဲပီးရင်လည်း ပုံတွေတင်ပေးပါအူးနော်….

  • Ma Ei

    December 30, 2014 at 11:53 am

    လာမယ်…လာဘူး…လို့
    မသေမချာ ဇဝေဇဝါ ဖြစ်နေတာမို့
    ဘယ်နေ့လောက်နောက်ဆုံး စာရင်းပေးရပါမလဲ…

    • ခင်ဇော်

      December 30, 2014 at 1:17 pm

      မွအိနော်။
      လာရမှာပဲ။
      သများက သများ အမတွေ တွေ့ချင်လွန်းလို့ လာရမှာကို။

      :h:

      မွအိ လာမယ်လို့ စာရင်းတို့လိုက်ပါ ဥကထဂျီးး

      :mrgreenn:

    • kyeemite

      December 30, 2014 at 3:41 pm

      .မအိကမလာမဖြစ်လာရမှာဗျ…မုန့်လေးပါကျွေးပါ :k:

      • Ma Ei

        January 6, 2015 at 12:37 pm

        တစ်ကယ်စီစဉ်ရမှာလား ..ပြန်ပြောဦးနော်

  • Wow

    December 30, 2014 at 3:13 pm

    လာမယ်စ် ….. တြောက်ထဲ… ကင်နူးရိ လိုက်ရင်တော့ခေါ်ခဲ့မယ်… ဝီဝီမသိစေနဲ့ :mrgreen:

    • ခင်ဇော်

      December 30, 2014 at 3:25 pm

      အဟမ်းးး
      အပြိုင် ဥပဒေနဲ့ ဆွဲစေ့လိုက်ရမားး

      :mrgreen:

    • မြစပဲရိုး

      December 30, 2014 at 4:16 pm

      ကင်နူးရိ က သူ့ကိုယ်သူ very Supremely spiritual ဆိုဘဲ။
      ဝီ က ဒါမျိုး လက်ရှောင်တတ်ပါတယ်။
      မပူနဲ့။ ရအောင် ခေါ်ပါလေ။ lol:-)))))

      • မြစပဲရိုး

        December 30, 2014 at 4:24 pm

        BTW သတိရလို့။
        Keanu Reeves က မောင်ဂီ နဲ့ တူသလားလို့။
        lol:-))))

        • ဖားသက်ပြင်း

          December 30, 2014 at 5:40 pm

          အရမ်​း စိတ်​ဆိုးတာ်။ယ်​

        • မြစပဲရိုး

          December 30, 2014 at 6:45 pm

          Really …. why!!!
          lol:-)))))

        • Wow

          December 31, 2014 at 9:28 am

          ကင်နူးရိ ပေစုတ်စုတ် ဗွက်အလူးလူးဆို နာ့မောင်ဂလေးနဲ့လွတ်တူ.. :mrgreen:

        • ခင်ဇော်

          December 31, 2014 at 10:17 am

          မနေ့က ရန်ဖြစ်ကြတာ။
          နာ က ကီရာနူးရိ(ဖ) ကို အရမ်းကြိုက်တာလို့။
          (မင်းသားထဲ အပြေပြစ်ဆုံး လို့ ထင်တယ်။ အပြစ်ဆိုစရာသိပ်မရှိ)
          :chit:

          သူက မကြိုက်ဘူးတဲ့။
          အဲ့ မင်းသားက အခြောက်ကြီးတဲ့။
          ပြောရက်ထာ။
          😥

          ဒင်းနဲ့ သေခန်းပြတ်ပြီ။

          တွေ့စုံပွဲမှာ တွေ့ရင် ခေါ်ဝူးး
          👿

        • Wow

          December 31, 2014 at 10:53 am

          ကျန်းးးး ကွကိုယ် ကန္နားအေးချေး စီးနေတာဟုတ်ဖူး… တညားတို့သန့်သန့်ချောချောလေးကို ပြောရက်တာ…
          စမူစာဖြတ်.. အဲလေ စပွန်စာဖြတ်မယ် :mrgreen:

  • Ma Ma

    December 31, 2014 at 8:51 am

    တွေ့ဆုံပွဲမှာ အကုန်အကျသက်သာအောင် အကောင်းဆုံးအကြံပေးချင်တယ်။
    ရွာသူားတွေစု ကြောင်ဖမ်းပွဲလုပ်ပြီး ကြောင်ဘာဘီကျူးကင် စားလိုက်ရင်….
    တစ်ချက်ခုတ် နှစ်ချက်ပြတ် :kwi:

    • ခင် ခ

      December 31, 2014 at 1:59 pm

      အဲလိုဆို ပိုတောင်ကုန်အုံးမလားမသိ။
      ကြောင်ဘာဘီကျူကင်က သူ့ကြည်ဘဲ စားလို့အဆင်မပြေလေတော့ သူနဲ့လိုက်မယ့် အရည်လေးတွေပါလေမှဖြင့်………။

      • Maung Thura

        December 31, 2014 at 3:20 pm

        .ကြောင်သား မကြိုက်ဘူး ။
        .ဖွေးဖွေးပဲ ..ကြိုက်တယ်။

        :k:

  • Novy

    December 31, 2014 at 3:35 pm

    ဦးမိုက်ရေ…..
    နိုဗွီ + 2ပါရှင့်
    ကံစမ်းမဲဖေါက်ပေးဖို့ လက်ဆောင်တွေလည်းယူလာခဲ့ပါ့မယ်

  • ဦးကျောက်ခဲ

    December 31, 2014 at 5:43 pm

    အဟိ… ရန်ဖြစ်ဖော် မိတ်ဆွေဂျီး ကိုရင်ကြောင်က
    အလှုမှာ သို့မဟုတ် ဂဇက်ပွဲမှာသုံးဖို့ ၆၄,၀၀ဝ ကျပ် ပို့ထားပါတယ်ခင်ဗျား…
    ဂဇက်တွေ့ဆုံဗွဲအတွက် လက်ဆောင်များလည်း ပို့ပြီးပါကြောင်းတဲ့…
    ကြောင်ဘာဘီကြူးစားချင်သူ ရွာသူလေးများအတွက်လည်း အသင့်ပါတဲ့… အဟိ
    :k:

    • မြစပဲရိုး

      December 31, 2014 at 8:39 pm

      ၆၄ ဆိုတော့ ဒင်းမှာ အကျန် တစ်ခုခု ရှိကို ရှိရမယ်။
      သိနေတယ်နော်။
      ဟင်း ဟင်း 😉

      • kyeemite

        January 1, 2015 at 2:40 pm

        .ဒီတစ်ခေါက်တော်တော်အံ့ဩစရာပါပဲ
        .တွေ့ဆုံပွဲလုပ်လာတာ သုံးကြိမ်ရှိခဲ့ပြီ
        .ခုလေးကြိမ်မြောက်မှ ဆြာကြောင်က ငွေထည့်တဲ့အပြင်လက်ဆောင်တွေဘာတွေပို့လို့ :n:
        .ထီထိုးအုံးမှပဲ :))

        • Ma Ma

          January 1, 2015 at 2:58 pm

          အုတ်ကထကြီး ကံဇာတာတွေ မြင့်လာတဲ့သဘော… 🙂

  • etone

    January 1, 2015 at 8:35 am

    တမီးယဲလာမယ် တမီး အကိုရီး အဂျီးဇုံးလည်းပါမယ် နှစ်ယောက် 😆

  • kyeemite

    January 1, 2015 at 2:32 pm

    မNovy နဲ့ ဒေါ်အီးဒုံး(အတိုအဂျီးဇုံးအပါ) ကိုလည်း ဝမ်းသာအားရကြိုဆိုပါတယ်ဗျာ :k:

Leave a Reply