မြစ်ဆုံရေကာတာအကြောင်း အမှားနဲ့အမှန် – – Myitsone Myths and Truths IV

KyaemonMay 15, 201611min5428

ယခင်ကတင်ပြချက်တွေကိုပြန်ကောက်ရင်
အဖြစ်မှန်

မြစ်ဆုံက

 ၁။ စစ်ကိုင်းငလျင်ကျောပေါ်မှာမရှိပါ

၂။ ယင်းငလျင်ကျောရဲ့ အနီးအနားမှာလဲမရှိပါ

ငလျင်ကျောနဲ့မိုင် ၈၄ ဝန်းကျင် ခပ်ဝေးဝေးမှာရှိတာပါ
(ရန်ကုန်သထုံမျဉ်းဖြောင့်မိုင် ၇၈
မန္တလေး ရမည်သင်း မျဉ်းဖြောင့် မိုင် ၇၆
ရန်ကုန်ပဲခူး တစ်ဆခွဲ ထက်ဝေး)

——-

( မြစ်ဆုံရေကာတာအကြောင်း အမှားနဲ့အမှန် – ၂ ကိုညွှန်း)


၃။ နှစ် ၂၁၆ အတွင်း မြစ်ဆုံရဲ့ ၆၂ မိုင် ကျော် ပတ်ပတ်လည် မှာ

မြေငလျင်ကြီး ရစ်တာ ရ နဲ့အထက် မဖြစ်ခဲ့ပါဘူး၊

၄။ ငလျင်ကျော တလျှောက်လုံး ကြိုက်ရာ နေရာ ငလျင်ဖြစ်နေတာ
မဟုတ်၊
ဖြစ်ဘို့အလားအလာ ရှိမှာလဲမဟုတ်ဘဲ ၎င်းအတွက် ကွဲပြဲ အက်ကွဲ
ခဲ့ဘူးတဲ့နေရာမျိုးသာလျှင် အရေးပါ အရာရောက်တာပါ၊

 

၅။ စစ်ကိုင်းငလျင်ကျောမှာ တချိန်လုံး ငလျင်ကြီးတွေ လှုပ်နေတာလဲ

မဟုတ်ပါ
၆။ ငလျင်ရဲ့အရွယ်အစားပေါ်လဲမူတည်တယ်။ ရစ်တာ ၆.၃ ရစ်တာ ၇.၆
ငလျင်တွေကမြစ်ဆုံကိုမထိခိုက်နိုင်ပါ


 

——
( မြစ်ဆုံရေကာတာအကြောင်း အမှားနဲ့အမှန် ၃ ကိုညွှန်း)

—–

၇။ ၁၈၀ဝ ကနေ ၂၀၁၆ မေလ ၁၄ရက် အထိ

နှစ်ပေါင်း၂၁၆ အတွင်း မှာဆိုရင်၊မြစ်ဆုံနဲ့
မိုင် ၁၀ဝ ထက် ဝေးတဲ့ နှစ် နေရာမှာဘဲ

ရစ်တာ ၇.ဝ နဲ့ ၇.၆ ငလျင် လှုပ်ခဲ့တယ်၊ 



အနှစ် ၂၀ဝကျော်အတွင်း မိုင် ၁၀ဝ ကျော်မှာ
ရစ်တာ ၇.ဝ နဲ့ ၇.၆ ဝန်းကျင် ၂ ကြိမ်ဘဲဆိုရင်တော့
နောင်လဲ ရစ်တာ ၈ တို့ဖြစ်ဘို့အလားအလာ၊
အလွန်နဲ


(အောက်ကပုံတွေ ကြည့်ပါ)

္ပ္ပပဌမ ၃ ပုံ တွဲရဲ့ အကျယ်အဝန်း ထက် ဒုတိယ ၄ ပုံ တွဲရဲ့အကျယ်
အဝန်းက ကြီးမား

၁၈၀ဝ မှ ၂၀၁၆ မေလ ထိ နှစ်ပေါင်း နှစ်ရာကျော်အတွင်း ရစ်တာ ၇. ဝ နဲ့
အထက် ငလျင်ကြီး နှစ်ခုတွေ့၊

ရစ်တာ ၇.၆ တခု က ၂ တွဲစလုံးမှာပါ၊ ၁၉၃၁ က မိုးကောင်း ကာခိုင်း ငလျင်
ကျော အပိုင်းကလေး မှာ ဖြစ်ခဲ့ပြီး၊ မြစ်ဆုံနဲ့ မိုင် ၆၂ မှ ၁၃၄ ထိ ဝေးတယ်။


အကျယ်အဝန်းဘောင်ကိုတိုးလိုက်လို့နောက်ငလျင် တခုပေါ်လာတာ က
ရစ်တာ ၇. ဝ ၎င်းကအတော့ကိုဝေး
သွားပြီး အိန္ဒိယ နယ်စပ်နားမြောက်ဘက်မှာ

USGS1800XUSGS1800YUSGS1800Z


USGS1800X2USGS1800Y2USGS1800Z21USGS1800Z22
၈။ ဖြစ်စဉ်ရာဇဝင်ကိုကြည့်ရင် နောင်ဖြစ်
ဘို့ရာခိုင်နှုန်းအင်မတန်နဲ
၉။ စစ်ကိုင်းမြေငလျင်ကျော က အခြား
နေရာများနဲ့မတူ၊

ကချင်ပြည်နယ်ရောက်တဲ့အခါမှာ ယင်းငလျင်ကျောက

အပိုင်းအပိုင်းတွေဖြစ်သွားပြီးတဲ့အပြင်

မြစ်ကြီးနား မြစ်ဆုံတို့လိုမြောက်ပိုင်းမှာဆိုရင်
“မြင်းအမြီး” လိုလိုအမျဉ်မျဉ်နဲ့

ထပ်မံကွဲပြဲ ကြတယ်၊ ဒါကြောင့်မို့အင်အား
မရှိ၊ ငလျင်ကြီး ဖြစ် (ခဲ)၊ဖြစ်ဘို့လဲအလား
အလာအလွန်နဲ။

=====================

တတိယမေးခွန်း

မြစ်ဆုံရေသိုလှောင်မှုကြောင့် မြေငလျင်ကျော
ရွေ့လျော်ကာ မြေငလျင်ဖြစ်လာနိုင်တယ်၊
၎င်းရဲ့ဂွင်းဆက်ကြောင့် ရေကာတာပေါက်ကွဲ
ပျက်စီးပြီး အောက်ခြေဘက်ကမြစ်ကြီးနားမြို့
တဝှိုက် အကြီးအကျယ် သေကြေပျက်စီးနိုင်တယ်၊
ဆိုတာ မှန်ကန်ပါသလား
မေးခွန်း မှာ သုံးပိုင်း ရှိပါတယ်။
——-
၁၊၊ ပဌမ ပိုင်း က
က၊ ရေကာတာ က ရေသိုလှောင်၊
ခ၊ ရေသိုလှောင်လို့ဘေးနားမှာရှိနေတဲ့မြေငလျင်ကျောနဲ့ထိတွေ့၊
ဂ၊ ကာလကြာရှည် ထိတွေ့လို့ရေတော်တော်စိမ့်ဝင်၊
ဃ၊ စိမ့်ဝင်တာကြာတော့ ငလျင်ကျော ကရွေ့လာ
——
၂၊ ဒုတိယပိုင်း က
က, ရွေ့လာတော့ငလျင်ဖြစ်လာ
 ခ၊ ရေနဲ့ငလျင်တို့ရဲ့စုပေါင်းဖိအားကြောင့် ရေကာတာက ပြိုကျ
ဂ, ပြိုကျတော့ ရေပြုံဆင်းလာပြီး
———–
၃၊ တတိယ ပိုင်း
က၊ အောက်ခြေက လူတွေသေ ပစ္စည်းဆုံးရှုံး
——-
 အဲဒီလို ရထားတွဲတွေ ချိတ်စွဲ သွားသလို တခုပြီးတခု
 ဆက်ခါဆက်ခါ တွေးတော စဉ်းစားရအောင်စွဲချက်တင်
အရေးဆို တယ် ရေလာမြောင်းပေး၊ထားတယ်
 ——–
ဟုတ်သလိုလိုပါဘဲ၊
 ——–
လူဘိန်းတဦးအမြင်နဲ့ဆိုရင်
ဒီလိုပြောတာမှန်ကန်နိုင်တယ်
တင်ပြတာစွဲဆောင်မှုရှိတယ်၊ မျှတတယ်၊
ခိုင်လုံတယ်၊တွန်းလှန် ချေပ ဘို့မလွယ်၊ 
စိုးရိမ်ပေးတာတောင်ကျေးဇူးတင်ဘို့လိုမှာ
 ——-
ဒိအပြင်
 ——–
ကျွမ်းကျင်သူကမ႓ာ့အဖွဲ့အစည်းရဲ့ထုတ်ပြန်ချက်
လဲ ဖြစ်ပြီး
အဲဒီထုတ်ပြန်ချက်မှာမြန်မာကျွမ်းကျင်သူကလဲပါဝင်၊လို့
ပိုပြီး တော့  ရေပက်မဝင် ပိရိခိုင်လုံ  သလိုပါ၊
(နောက်ပိုင်းမှာပါမယ်)
 ——
အမှန်မှာ
——-
ရထားတွဲတတွဲတွဲ ပြုတ်ကျ ပြတ်ကျရင် ကျန်တဲ့အတွဲတွေနဲ့ နောက်ဆုံး
အတွဲက ပါ မလာနိုင် သလို
တံတားရဲ့ အစိတ်အပိုင်းတခုပြတ်သွားရင် တံတားကပြိုကျ
ကျိုးကျသွားသလို၊….
အဲဒီလိုဆက်ခါဆက်ခါထင်မြင်ယူဆ ပြီး စဉ်းစားတာ
စွဲချက်တင် ဝေဖန် စွပ်စွဲတာက တချက်တလေ အားနဲ ပြီးပြိုကျ
 
သွားရင် အမှားဖြစ်သွားနိုင်တယ်
 
  ဆက်လက်ပြီးမီးမောင်းထိုး ခွဲစိတ်လေ့လာရအောင်၊
ယင်းစွပ်စွဲချက်မှာ
၁၊ ရေရဲ့ထုထယ်ပမာဏ
၂။ မြေငလျင်ကျော
၃။ နှစ်ရှည်လများကာလ
၄။ ရေကာတာဆောက်လုပ်ရေးပစ္စည်းစသဖြင့်ဆွေးနွေးနိုင်သော် လည်း
အချက် ၁ ကရေ နဲ့ အချက်၂ ကမြေငလျင်ကျောကို အရင်
ဆွေးနွေးဝေဖန်လို့ရ
————
တန်ပြန်မေးခွန်းမေးမယ်နော်
————
သိုလှောင်ရေတွေ က စစ်ကိုင်းမြေငလျင်ကျောနဲ့ထိတွေ့လို့လား?
————
မထိပါ၊
(မိုင်၆၂ မ က မိုင် ၈၄ လောက် ဝေး နေတာ၊)

ဟုတ်ကဲ့လားလို့ မေးလာ

ဟုတ်တယ် ဟုတ်ကိုဟုတ်တယ်
================
ရှေ့ကမြေပုံကို ကိုယ်တိုင်ကိုယ်ကျ ထပ်တခါ ပြန် သွားတိုင်းပါ
စိတ်ကျေနပ်အောင်ပေါ့ဗျား၊
ရန်ကုန် နဲ့ပဲခူး အကွာအဝေးရဲ့ တဆခွဲ ကျော် ရှိတဲ့
ဧရာမ ရေသိုလှောင်ကန် ဆည်ကြီးမှ မဟုတ်တာ၊

မြစ်ဆုံသိုလှောင်ရေ တွေ က မိုးကောင်း နဲ့ကာမိုင်း
မြေငလျင်ကျော အပိုင်းထိ မရောက်နိုင်၊

မြစ်ရေတွေကအနောက်ဘက် ကို မ စီးဆင်း၊

တောင်ကဘားတွေက ကာဆီး ထားတယ်၊

(ပုံတွေကိုကြည့်လိုက်ပါ)


စိတ်ကူးယဉ်ပြီး စိတ်ထင်ရာကိုလိုက်ပြောနေတာ


တနည်း လိမ်တုတ်နှပ်ချနေတာ၊

————
MYITH2OAMYITH2OA2MYITH2OC

ကြုံလို့ပြောရမယ်ဆိုရင်

နံမယ်ကြီး International Rivers ရဲ့ သုံးသပ်ဝေဖန်တဲ့ဆောင်းပါးမှာ မမှန်တာ
တွေရေးထားတယ်၊
USGS ငလျင်တိုင်းဌာန က ထုတ်ပြန်စုဆောင်းထားတဲ့ငလျင်
မြေပုံ နဲ့စာစောင်တွေကိုမူတည်ကိုးကား ရည်ညွှန်းလို့ရ
ရက်သား နဲ့

—-
မြစ်ဆုံဟာ စစ်ကိုင်းငလျင်ကျောရဲ့ ၁၅ မိုင် အနားမှာ ရှိတယ်လို့


ဗြောင်လိမ်ထား၊ ၎င်းအတွက်မြန်မာကျွမ်းကျင်သူ
ဦးမောင်မောင်အေးကို ဒါးစာခံ အဖြစ်

(စစ်တပ်ကေပါ်တာစွဲသလို) ပွဲဦးထုတ်ရှေ့ထိုးထား၊

လူတွေပိုပြီးယုံရအောင်ပေါ့လေ၊

ပြင်းထန်တဲ့ငလျင်ဇုံ အရပ် လို့၎င်း၊
ရစ်တာ နဲ့မတူတဲ့ Mercalli ငလျင် ၈ နဲ့၉ လို့၎င်း ရေးထား

 

https://www.internationalrivers.org/files/attached-files/independent_expert_review_of_the_myitsone_dam_eia_0.pdf
The dam site lies in the Seismic Zone
4 (i.e. Severe Zone). In other words, this area can experience the earthquakes with the maximum intensity of Mercalli Scale 8 to 9. The active Sagaing Fault is approx- imately 15 miles away to the west of Myitsone Area.

 

Mercalli 8 and 9 ဆိုတာ

VIII. Severe Damage slight in specially designed structures; considerable damage in ordinary substantial buildings with partial collapse. Damage great in poorly built structures. Fall of chimneys, factory stacks, columns, monuments, walls. Heavy furniture overturned.
IX. Violent Damage considerable in specially designed structures; well-designed frame structures thrown out of plumb. Damage great in substantial buildings, with partial collapse. Buildings shifted off foundations.

——
ပြင်းထန်တဲ့ ငလျင်မဟုတ်တာကို လွန်စွာမှပြင်းထန်ကြမ်းတမ်းတဲ့ငလျင်လို့ဗြောင်လိမ်ထား၊

————-

 

တတိယမေးခွန်း ကိုဖြေရအောင်

မြစ်ဆုံရေသိုလှောင်မှုကြောင့် မြေငလျင်ကျော
ရွေ့လျော်ကာ မြေငလျင်ဖြစ်လာနိုင်တယ်၊

——-

မမှန်ပါ၊ လုံးဝမမှန်ပါ၊

—–

ရေနဲ့ ငလျင်ကျော တွေ့မှမတွေ့တာ၊
တောင်တန်းတွေ ကြောင့်

——

၎င်းရဲ့ဂွင်းဆက်ကြောင့် ရေကာတာပေါက်ကွဲ
ပျက်စီးပြီး အောက်ခြေဘက်ကမြစ်ကြီးနားမြို့

—–

မမှန်ပါ။

—–

တဝှိုက် အကြီးအကျယ် သေကြေပျက်စီးနိုင်တယ်၊
ဆိုတာ မှန်ကန်ပါသလား

—–

မမှန်ပါ။ (ဖြဲချောက်တာ)

—–

လူတွေကိုစိတ်ချောက်ချားအောင်ကစား
သွားတယ်၊

============
နောက်တချက်

——

ရေဘေးနဲ့ငလျင် စုပေါင်းပြီး ချောက်လိုတာနဲ့ဘဲ
သိုလှောင်မဲ့ရေ ရဲ့ ပမာဏ ကို ချဲ့ကားပြီး ရေးကြ
တယ်၊

စင်ကာပူမြို့ အကျယ်အဝန်းတမျှလွှမ်းမိုးအောင်
ရေတွေကိုအကြီးအကျယ် သိုလှောင်ထားတယ်၊
မြစ်ဆုံမှာ သိုလှောင်ရေ က ၁၇၃ စတုရန်းမိုင် ရှိတယ်လို့
ဆို ကြတယ်၊၊

—-

(စင်ကာပူက အကျယ်အဝန်း ၂၇၈ စတုရန်းမိုင်လို့
သီးခြားရှာဖွေ တွေ့ရှိ)

 

—-
ကိန်းဂဏန်း တွေ မကိုက်တော့ပါ၊စကားတွေမထူညီတော့ပါ၊၊

မြစ်ဆုံ ရေသိုလှောင် ၁၇၃ sq mi ဆိုပြီး စင်ကာပူမြို့ က ၂၇၈ sq mi ဆိုပြန်တော့
တမြို့လုံးကို မလွှမ်းခြုံနိုင်လို့ စင်ကာပူတမျှ ရေလှောင်နေတာ မ ဟုတ်နိုင်၊
၆၂ % ရာနှုန်းဘဲရှိတာကိုမြစ်ဆုံသိုလှောင်မဲ့ရေ ရဲ့ပမာဏ
ကို နှစ်ဆ နီးပါး ချဲ့ကားပြီးကြံဖန်ပြောနေကြတာ၊

 


 

ဒိအပြင်

——–

ယင်း ၁၇၃ စတုရန်းမိုင်ရှိရေထုထယ်က လဲ မိုင် ၆၂ ကျော်
ဝေးတဲ့ မိုးကောင်း တို့ဘက်ကို မရောက်နိုင်၊
စင်ကာပူကမိုင် ၃၁ x ၁ရ ဘဲ၊
မိုးကောင်း ၆၂မိုင် အကွာအဝေး ရဲ့ တဝက်သာ

မြစ်ဆုံရေလှောင်ဧရိယာ က စင်ကာပူ ထက်သေး

—–
(၆၂)% လောက် ဘဲ၊

—-
ဒါကြောင့်
တောင်ကမ်းဘား မဟန့်တားအုန်းတော့။
စင်ကာပူလောက်တောင် ထုထယ်ပမာဏ မရှိတဲ့ မြစ်ဆုံရေ
တွေက နှစ်ပြန်သုံးပြန် ပိုဝေးလံတဲ့ မိုးကောင်း ကာမိုင်းငလျင်ကျော
တို့နဲ့တလျှောက်လုံးအမြဲတစေ ထိတွေ့ စိမ့်ဝင်နိုင်ဖွယ်မရှိပါ၊

 

 

Burma suspends $3.6bn China dam project – FT.com

There have been rare demonstrations in the country’s biggest city, Rangoon, against the dam, which would have flooded an area about the size of Singapore

 

 

Myitsone Dam – Wikipedia, the free encyclopedia

Surface area
447 km2 (173 sq mi)

 

MYITH2O2
https://en.wikipedia.org/wiki/Singapore

Area
• Total
719.1 km2[9] (190th)
278 sq mi


အဖြစ်မှန်
မြစ်ဆုံသိုလှောင်မည့်ရေ က စင်ကာပူမြို့ကို မလွှမ်းမိုးနိုင်ပါ၊
၎င်းမြို့အကျယ်အဝန်းရဲ့၆၂ % လောက် ရှိမယ်လို့မှန်းဆရတယ်
(တွေ့ရှိတဲ့အချက်တွေအရ)

လူတွေအလန့်တကြားဖြစ်အောင် အာလူးပေးနေတာပါ၊

 

8 comments

  • uncle gyi

    May 15, 2016 at 2:31 pm

    ဘာပြောပြောပေါ့ဗ ျာ
    မြစ်ဆုံရဲ့အလှသဘာဝတရားကိုုတော့မပ ျက်စေခ ျင်
    မြစ်ဆုံရဲ့သဘာဝအလှမပ ျက်ပဲလုပ်လို့ရမယ့်နည်းရှိရင်တော့
    ငလှ ျင်တွေ မြေအနေအထားတွေကိုယုံကြည်စိတ်ခ ျရမယ့်အဖွဲ့တွေကို
    လုပ်ငန်းအပ်နှံပြီးအသေးစိတ်ပြန်စစ်ပြီးမှလုပ်သင့်ပါတယ်
    ရေရှည်ဘေးထွက်ဆိုးက ျိုးနည်းပြီး
    ဓါတ်အားခသက်သာတာကလဲရေအားပဲရှိတာဆိုတော့
    အကောင်းဆုံးအဖြေတခုတော့ရွေးရပါမယ်

    • kai

      May 15, 2016 at 2:47 pm

      ထင်တာလေ..
      နိုင်ငံဒေသတွေတော်တော်များများ.. ပတ်လှည့်လည်သွားဖူးတဲ့ အတွေ့အကြုံအရပါ…။

      မြစ်ဆုံဒေသမှာ ဆည်ဆောက်ရင်.. အဲဒီလူလုပ်ရေအိုင်ကြီးနဲ့.. ဒေသဟာ..အခုထက်ပိုလှပြီး.. သစ်တော..တိရစ္ဆာန်..မျိုးစိတ်သစ်တွေနဲ့.. တိုးရစ်ဇင်ကနေတောင်..နှစ်စဉ် ဒေါ်လာသန်းချီရှာပေးတဲ့နေရာဖြစ်လာမယ်..။

      အခုအင်းလေးဒေသကိုပြေးမြင်ယောင်ကြည့်ပါ…။
      အခုဒေသရဲ့.. မြစ်ဆုံဆည်တွေအလှက.. ၁ဝဆသာမယ်..။ အလည်အပတ်လာသူတွေကနေ…ရတဲ့.. ဝင်ငွေ၁ဝဆ မက.. ပိုကောင်းမယ်..။

      ကြားဖြတ်…. ကောင်းကျိုးတခုကဘာဖြစ်လာနိုင်သလဲ…. ဆိုတော့….
      စိန့်ပြည်နဲ့အတူတူ.. အလုပ်လုပ်နေသမျှ ကာလပါတ်လုံး… အဲဒီဒေသအပါအဝင်.. ဝ..ကိုးကန့်ဒေသတွေ.. သူပုန်တွေပျောက်.. ငြိမ်းချမ်းမယ်…။

      Hoover Dam | Bureau of Reclamation
      http://www.usbr.gov/lc/hooverdam/service/
      United States Bureau of Reclamation
      Sep 25, 2015 – Official Bureau of Reclamation Web Site for Hoover Dam. … to 1,000,000 visitors a year take the tour and millions more drive across the dam.

      ဟူဗားရေကာတာက.. တနှစ်လူ၁သန်းလာလည်သတဲ့..။
      တယောက် ၁ဝဒေါ်လာသုံးရင်… ရေကာတာအုပ်ချုပ်ရေးအဖွဲ့အတွက်..ဝင်ငွေ.. တနှစ်ဒေါ်လာ၁ဝသန်း…။

      • Thint Aye Yeik

        May 19, 2016 at 11:27 am

        ဆိုတော့… မြစ်ဆုံရေကာတာ စီမံကိန်းကြီး အကောင်အထည်ဖော်ပြီး…ပေါ်ပြီးမှပဲ….
        .မြစ်ဆုံဘက်…အလည်အပတ် ထွက်တော့မယ်…

        :k:

  • ဦးကြောင်ကြီး

    May 16, 2016 at 2:15 am

    တလှုပ်သဘုံ ကြေးမုံဂျီး အလိုမယှိ
    တလှုပ်ကူမြူနစ်ပါတီ အလိုမယှိ
    မြစ်ဆုံရေကာတာ စီမံကိန်း အလိုမယှိ
    ဝမ်ပေါင်ကြေးနီ စီမံကိန်း အလိုမယှိ
    ရှင်က ျန်းပြည်နယ် လွတ်လာဘ်ရေး ဝှီဂါပန်းသေးမများနဲ့ လာဘ်တွဲကြ
    တိဘက်နိုင်ငံ ထူထောင်ရေး အောင်ယမြည်
    ဖေါ်လုံကောင် ဘာသာရေးဂိုဏ်း ဖိနှိပ်မှု ချက်ခြင်းရပ်
    တရုတ်သမတ ပက်သက်နေတဲ့ ပနားမား အရှုပ်တော်ပုံ ဖေါ်ထုတ်ပါ။။။

  • kai

    May 18, 2016 at 7:23 am

    ရန်ကုန် ၊ မေ ၁ရ ရက် (ဆင်ဟွာ)

    မြန်မာနိုင်ငံတစ်ဝန်း ရေရှားပါး ပြတ်လပ်မှု ကြုံတွေ ့နေရသည့် အခြေအနေမှာ သမိုင်းတစ်လျှောက် အများဆုံး ဖြစ်နေပြီး ပူပြင်းခြောက်သွေ ့သည့် အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် စိုက်ပျိုးရေး ကဏ္ဍအပေါ် ထိခိုက်မှု ရှိနိုင်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ဆင်ဟွာ သတင်းဌာနနှင့် သီးသန့် တွေ့ဆုံခဲ့ရာတွင် ပြောကြားခဲ့သည်။

    “အယ်လ်နီညိုကြောင့် ပူပြင်းတဲ့ အပြင် မိုးကလည်း မရွာတော့ ပူပြင်း ခြောက်သွေ ့တဲ့ ရာသီဥတု ဖြစ်တယ်။ အထိခိုက်ဆုံး ကဏ္ဍ တစ်ခုကတော့ ရေရှားတာပဲ။ ရေတွေ ပြတ်လပ်ကုန်တယ်။ ဒီနှစ် မြန်မာနိုင်ငံမှာ ရေရှားတဲ့ဘေး ကြုံတွေ ့နေရတဲ့ ကျေးရွာပေါင်း ၂,၀၀ဝ ရှိတယ်။ အဲဒါ သမိုင်းမှာ အများဆုံးပဲ။ တစ်ချို ့ ဒေသတွေမှာ အဝီစိတွင်း တူးပေမယ့် ရေမထွက်တော့ဘူး။ ဒါကြောင့် ရေပြဿနာက တော်တော် ကြီးပါတယ်”ဟု မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။

    အယ်လ်နီညို ထိခိုက်မှု

    အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်သည် ဇွန်လတွင် ပြီးဆုံးမည် ဖြစ်သော်လည်း အယ်လ်နီညို ရာသီဥတု ဒဏ်ကြောင့် ထိခိုက်မှုမှာ ၃ လခန် ့ဆက်လက် ရှိနေအုန်းမည် ဖြစ်ပြီး စက်တင်ဘာလမှသာ ပြီးဆုံးမည် ဖြစ်ကြောင်း ၊ ထိခိုက်မှုများ အနေဖြင့် အပူချိန် အလွန်မြင့်တက်ခြင်း ၊ ရေရှားပါး ပြတ်လပ်မှု ၊ စိုက်ပျိုး သီးနှံ ထုတ်လုပ်မှု ကျဆင်းခြင်း ၊ ကျန်းမာရေး ပြဿနာ နှင့် သဘာဝ ဘေးအန္တရာယ် စသည့်တို ့ကို ကြုံတွေ ့ ခံစား ရမည် ဖြစ်ကြောင်း သိရသည်။
    “စိုက်ပျိုးရေး ကဏ္ဍမှာ ဒီနှစ်လို အလွန်ပူပြင်း ခြောက်သွေ့တဲ့ နှစ်မှာ ဘယ်ကမှ ရေမရတဲ့ အပင်တွေ အများကြီး ရှိမယ်။ ဒါဆိုရင် စိုက်ပျိုးရေးက သေချာပေါက် ထိခိုက်မှာပဲ။ အထွက်လျော့မယ်။ သေရင်လည်း သေမယ်။ ဆည်ရေသောက် လယ်တွေ ၊ မြစ်ရေတင်ရတဲ့ လယ်တွေ ရေသာ ရသော်လည်း လယ် ပတ်ဝန်းကျင်က အယ်နီညို ဖြစ်နေတဲ့ အတွက် ပူပြင်းခြောက်သွေ ့နေတော့ ရေရပေမယ့် အဲဒီ အပင်တွေက အယ်နီညိုကြောင့် ပိုးကျတယ်။ သေချာပေါက် စိုက်ပျိုးရေးက ထိခိုက်မှာ သေချာတယ်”ဟု မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က ပြောသည်။
    ထို့အတူ ပူပြင်း ခြောက်သွေ ့သည့် အယ်လ်နီညို ရာသီဥတု ဖြစ်သည့် အတွက်ကြောင့် စိုက်ပျိုးသီးနှံများ မအောင်မြင်နိုင်ကြောင်း ၊ ထိုကြောင့် စားနပ်ရိက္ခာ လုံခြုံမှု(Food Security) နည်းသွားနိုင်ပြီး ကုန်ဈေးနှုန်းများ မြင့်တက်ခြင်း ၊ အခြေခံ လူတန်းစားများအတွက် လိုအပ်သည့် စားနပ်ရိက္ခာများ ရှားပါးနိုင်သည့် ဒဏ်များ ထိခိုက်နိုင်ကြောင်း ၎င်းက သုံးသပ် ပြောကြားခဲ့သည်။

    အပူချိန် စံချိန်ချိုး

    ယခုဖြစ်ပွားသည့် အယ်လ်နီညို ရာသီဥတုသည် နှစ်ပေါင်း ၅၀ဝ အတွင်း အပြင်းထန်ဆုံး ကြုံတွေ ့ခဲ့ရခြင်း ဖြစ်ပြီး အပူပြင်းဆုံး စံချိန်များ ကျော်လွန်ခဲ့သည့် မြို ့အရေအတွက်မှာလည်း အများဆုံး ဖြစ်နေပြီ ဖြစ်ကြောင်း သိရသည်။
    “အရင်တုန်းက မြန်မာနိုင်ငံမှာ ၄၇.၂ ဒီဂရီ စင်တီဂရိတ် အထိ ရှိနေခဲ့ပြီးတော့ အခု ကျော်သွားနိုင်ပါတယ်။ အပူချိန်က စံချိန်ချိုးသွားတာ မြို ့ပေါင်းက ၃ဝ ကျော် ၄ဝ လောက် ဖြစ်နေပြီ ဆိုတော့ အများဆုံး ဖြစ်နေပြီ။ အမြင့်ဆုံး တက်တဲ့ အပူချိန်ကသာ ၄ရ ကျော်ဖို ့များနေပေမယ့် စံချိန်ချိုးတာက မြို ့တိုင်းလောက် နီးပါး စံချိန်ချိုးနေတယ်”ဟု ၎င်းက ပြောသည်။

    သဘာဝ ဘေးဒဏ်

    မြန်မာနိုင်ငံ၌ အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်အတွင်း အဆိုးဆုံး ရေကြီးမှု ကြုံတွေ ့ခဲ့ရပြီး တိုင်းဒေသကြီးနှင့် ပြည်နယ် ၁၂ ခုတွင် ရေဘေးအန္တရာယ် ကြုံတွေ ့ခဲ့ရပြီး အဆိုးဆုံး ရေကြီးမှု ဖြစ်ပေါ်ခဲ့ပြီး ယခု ၂၀၁၆ ခုနှစ်တွင် မိုးသီး ကြွေကျခြင်း ၊ မိုးကြိုးပစ်ခြင်း ၊ မီးဘေး စသည့် သဘာဝ ဘေးအန္တရာယ်များ ထူးခြားစွာ ကြုံတွေ ့ခဲ့ရကြောင်း သိရသည်။
    အယ်လ်နီညို၏ ပူပြင်းခြောက်သွေ ့သည့် ရာသီဥတုကြောင့် ပထမ ၆ လပတ် ဖြစ်သည့် ပြီးခဲ့နှစ် ၂၀၁၅ ခုနှစ် အတွင်း အယ်လ်နီညို ရာသီဥတု ပြင်းထန်စွာ ခံစားခဲ့ရသည့် အိမ်နီးချင်း နိုင်ငံများ အပါအဝင် နိုင်ငံတစ်ချို့တွင် သေဆုံးသူ အရေအတွက် ၂ သောင်းကျော် ရှိပြီး ပျက်စီးဆုံးရူံးမှု အမေရိကန် ဒေါ်လာ ၆၆ ဘီလီယံကျော် ရှိခဲ့ကြောင်း သိရသည်။

    မုတ်သုန်မိုး ဝင်ရောက်ချိန်

    ထို့အတူ အယ်လ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှု အခြေအနေမှာ မမျှတသည့် မိုးရွာသွန်းမှုမျိုး ရှိနိုင်မည် ဖြစ်ပြီး ယခုအပတ်အတွင်း ဘင်္ဂလား ပင်လယ်အော် အတွင်း ဖြစ်ပေါ်နေသည့် လေဖိအားနည်း ရပ်ဝန်းသည် မုန်တိုင်းငယ် အဖြစ် ရခိုင် ကမ်းရိုးတန်းသို ့ဝင်ရောက်လာပါက မုန်တိုင်းနှင့် အတူ မုတ်သုန်မိုး စတင် ဝင်ရောက်နိုင်ကြောင်း သိရသည်။

    လာနီညာ ရာသီဥတု သတိပြု

    ထို့ပြင် ယခုနှစ် အောက်တိုဘာလတွင် လာနီညာ ရာသီဥတုနှင့် ထပ်မံ ကြုံတွေ ့ရမည် ဖြစ်ပြီး လာနီညာ ရာသီဥတု၏ အကျိုးဆက်ကြောင့် ရေကြီးမှု ၊ မြေပြိုမှု နှင့် မုန်တိုင်း အန္တရာယ်များ သတိပြုရမည် ဖြစ်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က သတိပေး ပြောကြားခဲ့သည်။
    “၂၀၁၆ခုနှစ် နောက်ဆုံး ၃ လ ဖြစ်တဲ့ အောက်တိုဘာ ၊ နို ဝင်ဘာ ၊ ဒီဇင်ဘာက လာနီညာ ဖြစ်မယ်။ ၂၀၁ရ ခုနှစ်ကို ရောက်လာရင် အနည်းဆုံး ပထမ ၆ လက လာနီညာ ဖြစ်မှာပဲ။ ၂၀၁ရ ခုနှစ် ဇွန်လအထိ လာနီညာ ဖြစ်မယ်။ လာနီညာရဲ့ အကျိုးဆက်က ရာသီဥတုကို အေးပြီးတော့ စွက်စိုစေတယ်။ အပူချိန်ကို လျှော့စေတယ်။ မိုးကို တိုးစေတယ်။ အေးပြီး စွတ်စိုတဲ့ ရာသီဥတု ရှိတယ်။ ယခုနှစ် နွေ အလွန်ပူသလို ဆောင်းရာသီ အေးနိုင်တယ်။ ၂၀၁ရ မိုးရာသီမှာ မိုးများနိုင်တယ်။ မိုးများရင် မိုးကို အကြောင်းပြုပြီး ဖြစ်တဲ့ သဘာဝဘေးတွေ ပါလာမယ်။ နံပါတ် တစ်က ရေကြီးတာ။ မြေပြိုတာ။ ဒီအန္တရာယ် မသေးဘူးဆိုတာ တွေ ့ရမယ်။ ၂၀၁ရ လာနီညာနှစ် မေလမှာ မုန်တိုင်းဖြစ်ရင် အဲဒီဖြစ်တဲ့ မုန်တိုင်းက မြန်မာပြည် ဝင်နိုင်တယ်။ လာနီညာ နှစ်ဖြစ်တဲ့ မုန်တိုင်းတွေက မြန်မာပြည် ဝင်တတ်တယ် ဆိုတာ အတွေ ့အကြုံရှိတယ်။ ဒါကြောင့် ၂၀၁ရ ခုနှစ်က မုန်တိုင်း အန္တရာယ် သတိထားရမယ်”ဟု ဒေါက်တာ ထွန်းလွင်က ပြောသည်။

    လွန်ကဲရာသီဥတု ဆုံးရှုံးမှု များနိုင်

    ထို့ကြောင့် လက်ရှိကာလ ရာသီဥတုမှာ အလွန်ကြမ်းတမ်းသည့် ကာလ ၊ လွန်ကဲသည့် ရာသီဥတု ရှိသည့် အတွက် အကျိုးဆက်အနေဖြင့် ပျက်ဆီး ဆုံးရှုံးမှု များနိုင်သဖြင့် အားလုံး သတိရှိရန် လိုအပ်ပြီး ကြိုတင် ပြင်ဆင်မှု ၊ ကာကွယ်မှုများ စုပေါင်းပြီး လုပ်ဆောင်၍ မိုးလေဝသ အခြေအနေများကို မျက်ခြည် မပြတ် စောင့်ကြည့်သင့်ကြောင်း မိုးလေဝသ ပညာရှင် ဒေါက်တာ ထွန်းလွင်က အကြံပြု ပြောကြားခဲ့သည်။

    (Xinhua)
    http://www.xinhuamyanmar.com

  • kai

    May 18, 2016 at 7:24 am

    ချင်ပြည်နယ် မိုးညှင်းမြို့နယ် ညောင်ကိုင်းကျေးရွာအုပ်စုအတွင်းမှာ တောင်သူတွေ စိုက်ပျိုးရေး အဆင်ပြေစေဖို့ ဆည် ၃ ခု တည်ဆောက်ပေးဖို့ အစိုးရထံ တိုက်တွန်းကြောင်းအဆိုကို ပြည်နယ်လွှတ်တော်မှာ ဒီကနေ့ အချေအတင် ဆွေးနွေးပြီးနောက် မဲခွဲဆုံးဖြတ်ပြီး ဆည်တည်ဆောက်ဖို့ အတည်ပြုလိုက်ပါတယ်။

    အဆိုကို ပြည်နယ်အစိုးရ စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးက မှတ်တမ်းတင်ထားဖို့သာ တင်ပြတာကို အဆိုတင်သွင်းတဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေးက လက်မခံဘဲ သူ့အဆိုကို မဲခွဲဆုံးဖြတ်ပေးဖို့ နဲ့ ဝိုင်းဝန်းထောက်ခံပေးဖို့ ကျန်တဲ့ကိုယ်စားလှယ်တွေကို အခုလို တောင်းဆိုခဲ့ပါတယ်။

    မတ်တပ်ရပ်ပြီး မဲခွဲဆုံးဖြတ်ခဲ့ရာမှာ တပ်မတော်သားကိုယ်စားလှယ်တွေ အပါအဝင် စုစုပေါင်း ထောက်ခံမဲ ၃၆ မဲ ကန့်ကွက်မဲ ၄ မဲရှိတဲ့အတွက် အဲ့ဒီအဆိုကို လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

    ညောင်ကိုင်းကျေးရွာအုပ်စုအတွင်းက တောင်သူတွေ စိုက်ပျိုးရေး အဆင်ပြေစေဖို့အတွက် ရေရှိအောင် ဆည် ၃ ခု တည်ဆောက်ပေးဖို့ လွှတ်တော်ကိုယ်စားလှယ် ဦးတင်အေး က အဆိုတင်သွင်းခဲ့တာဖြစ်ပြီး ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ၃ ဦးက အဲ့ဒီအဆိုကို ထောက်ခံဆွေးနွေးခဲ့ကြပါတယ်။

    ဦးတင်အေး တောင်းဆိုတဲ့ ဆည် ၃ ခုကို လာမယ့် ၂၀၁ရ – ၂၀၁၈ ဘဏ္ဍာရေးနှစ်မှာ ရန်ပုံငွေတောင်းခံ ပြီး နိုင်ငံတော်စီမံကိန်းလုပ်ငန်းတွေရဲ့ ဦးစားပေးအစီအစဉ်အရ ခွင့်ပြုချက်ချပေးရင် ဆောင်ရွက်ပေး မှာဖြစ်ကြောင်း ပြည်နယ် စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဦးမြသိန်းက ပြန်လည်ဖြေကြားခဲ့တာဖြစ် ပါတယ်။

    RFA Burmese
    http://www.rfa.org/burmese/

  • မင်း ခန့် ကျော်

    May 21, 2016 at 11:47 am

    ဆည်​ဆိုတာငလျှင် မိမှ ကျိုးသည်​​တော့မဟုတ်​ဘူး​ပေါ့ဗျာ။​မြောက်​ကိုးယီးယား မှာလိုတည်​​ဆောက်​တဲ့နည်​းပညာ လိုအပ်​ရင်​ ချွတ်​​ချော်​ခဲ့ရင်​လည်​း ဆည်​ကျိုးတတ်​ပါ​သေးတယ်​။ ငလျှင်​​​​ကြောနဲ့ပါတ်​သတ်​ပြီး​တော့နားမလည်​ပါဘူး။ ဒါ​ပေမဲ့ အဲသည်​အချိန်​တုန်​းက​ထောက်​ပြခဲ့မယ်​ဆိုရင်​တမျိုး​တော့ထူးသွားမယ်​ထင်​တာပဲ။​နောက်​တခုကဆည်​ရဲ့အကျိုးအမြတ်​။ဘယ်​လိုဘယ်​ပုံရှိမလဲရမလဲမသိ။​ဆောက်​နိုင်​သည်​/​ဆောက်​မည်​ဆိုရင်​အကျိုးတူနိုင်​မနိုင်​ကလည်​းအ​ရေးကြီးပြန်​​ရော။အကျိုးကြီးရင်​​တော့ဆည်​ကြီးမနိုင်​မနင်​းရင်​တထိပ်​ထိပ်​နဲ့​ခေါင်​း​ပေါ ်​မရွက်​ထားသင်​့​​ကြောင်​းပါ။

  • Kyaemon

    March 9, 2017 at 2:36 am

    အလွယ်တကူဖတ်နိုင်ရန် မာတိကာ
    ၁။ http://myanmargazette.net/223677
    ၂။ http://myanmargazette.net/223705
    ၃။ http://myanmargazette.net/223743
    ၄။ http://myanmargazette.net/223760
    ၅။ http://myanmargazette.net/223863
    ၆။ http://myanmargazette.net/224008
    ၇။ http://myanmargazette.net/224177
    ၈။ http://myanmargazette.net/224183
    ၉။ http://myanmargazette.net/224185
    ၁၀။ http://myanmargazette.net/224996
    ၁၁။ http://myanmargazette.net/225513
    ၁၂။ http://myanmargazette.net/225765
    ၁၃။ http://myanmargazette.net/225989
    ၁၄။ http://myanmargazette.net/226022
    ၁၅။ http://myanmargazette.net/226454
    ၁၆။ http://myanmargazette.net/226660
    ၁၇။ http://myanmargazette.net/226661
    ၁၈။ http://myanmargazette.net/226855
    ၁၉။ http://myanmargazette.net/226662
    ၂၀။ http://myanmargazette.net/227021
    ၂၁။ http://myanmargazette.net/227041
    ၂၂။ http://myanmargazette.net/227112
    ၂၃။ http://myanmargazette.net/227133
    ၂၄။ http://myanmargazette.net/227146
    ၂၅။ http://myanmargazette.net/227175
    ၂၆။ http://myanmargazette.net/227177
    ၂၇။ http://myanmargazette.net/227182
    ၂၈။ http://myanmargazette.net/227188
    ၂၉။ http://myanmargazette.net/227191
    ၃၀။ http://myanmargazette.net/227589
    ၃၁။ http://myanmargazette.net/228664
    ၃၂။ http://myanmargazette.net/228671
    ၃၃။ http://myanmargazette.net/228786
    ၃၄။ http://myanmargazette.net/228788
    ၃၅။ http://myanmargazette.net/228789
    ၃၆။ http://myanmargazette.net/229051
    ၃၇။ http://myanmargazette.net/229089
    ၃၈။ http://myanmargazette.net/229090
    ===========
    https://www.facebook.com/Myitsone-1732580123697758/?hc_ref=PAGES_TIMELINE&fref=nf
    ဝင်ပြီး ရကာတာပုံအောက်မှာ “ကြိုက်” ကိုနှိပ်ပေးပါရန်
    ကျးဇူး

Leave a Reply