မြစ်ဆုံရေကာတာအကြောင်း အမှားနဲ့အမှန် – – Myitsone Myths and Truths II

KyaemonMay 9, 20162min323510

 

 

ပဌမ မေးခွန်း

မြစ်ဆုံက စစ်ကိုင်းမြေငလျင်ကျောပေါ်မှာတင် တည်ရှိနေတယ်၊
ဒါမှမဟုတ်ရင် အနီးအနားမှာတည်ရှိနေတယ်၊လို့ပြောကြတယ်၊

ဥပမာ အောက်ပါ အနောက်မီဒီယာ ကဒီလို ပြောကြတယ်၊
ဒီလိုပြောတာကမှန်ကန်ပါသလား၊

https://en.wikipedia.org/wiki/Myitsone_Dam

, location 60 miles from the Sagaing fault line, location 60 miles from the Sagaing fault….

 

http://www.digplanet.com/wiki/Myitsone_Dam

They opposed the dam site because it is less than 100 kilometres (62 mi) from the major Sagaing fault line,

 

linehttp://archive-2.mizzima.com/special/myitsone-dam-controversy/6027-myitsone-dam-agreement-must-be-made-public-if-cpi-sues.html

…Sagaing fault line, which is located about 30 miles west from the Myitsone Dam site, said Tint Lwin Swe, seismologist and a former secretary of the Burma seismic committee. …


 

အမျိုးမျိုးပြောကြတယ်၊

အနီးအနားတောင်မဟုတ်ဘဲ စစ်ကိုင်းငလျင်ကျောပေါ်မှာတင်
တည်ရှိတယ်လို့ခုထက်ထိပြောကြတယ်၊

၁၀ဝ ကီလိုမီတာဝေးတယ်လို့လဲပြောတယ်၊

၁၀ဝ ကီလိုမီတာ ထက်နဲတယ်လို့လဲပြောတယ်၊

(ဘယ်လောက်ထိ နဲတယ်ကိုတော့မပြောဘဲလျှိုထား
၁၀ဝ km  က ၆၂ . ၁၃၇၁ မိုင် နဲ့ညီမျှတယ်)

၂၆ မိုင်လို့လဲပြော တယ်

( ၆၂  ကို ၂၆ဖြစ်အောင် “၆” နဲ့ “၂ “ကို နေရာလဲပစ်တယ်)

ကျွမ်းကျင်သူ ဦးတင့်လွင်ဆွေ က ပြောတယ် ဆိုပြီး ၃ဝ မိုင် လို့
အစားထိုးလုပ်ကြံလိုက်တယ်

လူတွေတိုလိမ်ညာပြီးခိုင်းစားဘို့ ဉာဏ်နီဉာဏ်နက်ပါသနော်၊


လူတွေကိုကိုင်လှုပ်ကစား ညာတုတ်လိုက်တယ်

 

မြေပုံကိုသေချာကြည့်ပါ၊ ၁၀ဝ ကီလိုမီတာ မကပါ ၆၂ မိုင် မကပါ၊

အကွာအဝေး အမှန်အကန်ကို ကိုယ်တိုင်ကိုယ်ကျတိုင်းတာလိုသလား၊

မြေပုံလက်ဝဲဘက်အောက်မှာ အကွာအဝေးတိုင်း Scale စကေး ကိုအသုံးပြုနိုင်တယ်နော်၊

လုပ်နည်း

မေခနဲ့မလိခ မြစ်ငယ် နှစ်ကြောင်းကိုအရင်ရှာပါ၊

၎င်းတို့ဆုံရာမြစ်ဆုံကိုဗဟိုပြုပြီး စစ်ကိုင်းမြေငလျင်ကျော (အနောက်)ဘက်ကို

ပေကြိုး သို့မဟုတ် ချည်မျဉ်တချောင်းနဲ့တိုင်းပါ၊
အထူးသဖြင့်အစိမ်းရောင်အဝိုင်းလေးနဲ့အကွာအဝေးကိုတိုင်းပါ၊
ပြီးတော့ အဲဒီပေကြိုး သို့မဟုတ်ချည်မျဉ်ကို ဖော်ပြထားတဲ့ scale စကေး နဲ့ယှဉ်ကြည့်ပါ



(၁၃ဝ မှ ၁၄၀) ကီလိုမီတာ တနည်း (၈၁ မှ ၈၇) မိုင် ဝန်းကျင် ရှိမယ်

MGsjun1931
အကွာအဝေးကဘာကြောင့်အရေးကြီးသလဲ?
ဝေးလေ ငလျင်ရဲ့စွမ်းအား အာနိသင် နဲလေ အပျက်အစီး
ဆုံးရှုံးမှုနဲလေ
အဲဒီ မိုင် ၈၄ ဟာဘာနဲ့နှိုင်းယှဉ်မယ်ဆိုရင်
အောက်ပါအကွာအဝေးတွေထက်ပိုဝေးသား

ရန်ကုန် ဒိုက်ဦး က မျဉ်းဖြောင့် မိုင် ၇၁

ရန်ကုန် ဟင်္သာထ က မျဉ်းဖြောင့် မိုင် ၇၃
ရန်ကုန် သထုံ က မျဉ်းဖြောင့် မိုင် ၇၈

မန္တလေး မကွေး မျဉ်းဖြောင့် မိုင် ၇၅
မန္တလေး ရမည်သင်း မျဉ်းဖြောင့် မိုင် ၇၆

————————–
ယင်းသို့အကွာအဝေးကြောင့်

ပဲခူးရွှေမောဓောထီးတော်မြေခ ခဲ့လို့
ရန်ကုန်ကအဆောက်အဦးတွေ ပြိုကျ
မသွားသလို

စစ်ကိုင်းမြေငလျင်လှုပ်လို့မြစ်ကြီးနားတို့
မြစ်ဆုံတို့ တဝှိုက်ပြိုကျသွားမှာမဟုတ်
ငလျင်ရဲ့အရွယ်အစား အင်အား
ဖြစ်စဉ်အကြိမ် အချိန် ကာလ အကွာအဝေး ခြားတာ
အက်ကြောင်းအရှည် အလျားထုထယ် ပမာဏ
ကိုလဲမူတည်လို့
နောက်မေးခွန်းကိုဆက်ကြည့်ရန်

 

 

 

 

10 comments

  • ဦးကြောင်ကြီး

    May 9, 2016 at 7:51 am

    ကူမြူ နစ်ခြင်း တူတာတောင် ဗီယက်နမ်က အရင်းရှင်ယူအက်စ်ရေတပ်၊ တရုတ်ရန်သူ ဂ ျပန်ရေတပ် ဆီက အကူအညီယူတာ ဘာသပေါလဲ၊ သူ့ရေပိုင်နက်ကို တရုတ်ရန် ကာကွယ်ဖို့ ပူးပေါင်းကုန်ပြီ ကြေးမုံဂျီး…

  • kai

    May 9, 2016 at 12:41 pm

    မြစ်ဆုံကို.. ဒေါ်စုက မဖြစ်သင့်ဖူးထင်ရင်.. တခါထဲ.. ပက်ကနဲ့.. မလုပ်ဖူးဟေ့.. လို့ပြောလိုက်မှာပေါ့..။
    အခုလောက်အချိန်ဆွဲနေတဲ့အဓိပ္ပါယ်ကိုက… လုပ်သင့်တာတွေကြောင့်.. လုပ်ချင်တဲ့ဖက်ကဲနေတာလို့ထင်တယ်..။
    တခုတော့ ရှိသပေါ့…။
    မြန်မာပြည်မယ်… ဒေါ်လာ ဘီလီယံချီအလုပ်တခုကိုလုပ်ဖို့…. ချိုင်းနားက.. အဲဒီအချိန်ကစစ်အစိုးရကို.. ရင်းနှီးမြုတ်နှံငွေစုစုပေါင်းရဲ့.. ၁၀% ကနေ.. ၂၀% အထိ..( သေချာပေါက်.)..လာဘ်ပေးရမယ်…။
    ဒီငွေတွေက.. အမျိုးသားရင်ကြားစေ့ရေးအတွက်အနှောင့်အသွားလွတ်ပါ့မလား.. တွေးနေပုံပဲ…
    .. :buu:

    • ဦးကြောင်ကြီး

      May 9, 2016 at 12:59 pm

      သမ်းရှစ်ရာ လေ ျာ်ရမည်ဆိုလည်း အေးရှားဝေါလ်ဆီက ညှစ်လိုက်ယုန်ပေါ့ မာမူခိုင်မ်ရာ.. အဲဒီ ဘိန်းကုမဏီ သမ်းရှစ်ထောင်လောက် တန်ပါတယ်….။ ပိုတဲ့ပိုက်ဆံထုပ်နဲ့ ကြေးမုံဂ ျီးကို ပေါက်ထည့်လိုက်…

  • Thint Aye Yeik

    May 10, 2016 at 11:57 am

    .စိတ်ဝင်စားစရာတော့ ကောင်းနေပြီ…
    အပိုင်း ၁ တုန်းက မေးခွန်းတွေ အကုန်… ချက်ကျလက်ကျ ဖြေရှင်းနိုင်ရင်…ပိုကောင်းပြီ…
    .စောင့်မျှော် ဖတ်ရှုနေမည်ဖြစ်ပါကြောင်း

  • kai

    May 10, 2016 at 12:21 pm

    မှီငြမ်းကိုးကားသူများအတွက်… တဖက်အမြင်များပါ..။
    အီးမေးလ်က ရထားတာဖြစ်ကြောင်း…။

    ==

    ” မြစ်ဆုံဒေသ ၏ ဘူမိဗေဒ”

    ဒီဒေသရဲ့ ဘူမိဗေဒ တည်ဆောက်ပုံကို ပြောပြဘို့ အတွက် ပထမဦးစွာ အောက်ပါ အကြောင်းအရာ များကိုပြောပါရစေ။
    “ကမာ္ဘ့ ကျောက်ချပ်ကြီးများအကြောင်း”
    ကမာ္ဘ့ အပေါ်ယံအလွှာကို Lithosphere လို့ ခေါ်ပြီး (Crust +Uppermost soil) အောက်ဘက်မှာ ထုထည် မိုင် ၃ဝ မှ ၁၀ဝ ထိ ထူတဲ့ Crust ဆိုတဲ့ ကျောက်ချပ်လွှာ ပေါ်မှာ မြေ နုန်း သဲ စသည့် ကျနော်တို့ရဲ့ဖဝါးအောက်က မြေထုက ဖုန်းလွမ်းထားပါတယ်။ ကြက်ဥတစ်လုံးရဲ့ အခွံလိုပဲ တစ်ကမာ္ဘလုံးကို Crust ကျောက်လွှာချပ်ကြီးကနေ ဖုံ်းးအုပ်ပေးထားပါတယ်။
    သိူ့သော်လည်း တဆက်တစပ်တည်း ညီညာချောမွေ့စွာ တည်ရှိတာမဟုတ်ပဲ ကျောက်သားများ ကျိုးပဲ့ပြီး အဓိက ကျောက်ချပ် ကြီး ၁၅ ချပ်နဲ့ ကမာ္ဘမြေကြီးကို ဖွဲ့စည်းထားပါတယ်။
    ကျောက်ချပ်များ တစ်ချပ်နဲ့ တစ်ချပ်ဟာ ထိစပ်နေပြီး ဘေ့စ်ဘော ဘောလုံးတစ်လုံးမှာ ချုပ်ရိုးကြောင်းများနဲ့သီချုပ်ပြီး ဆက်စပ်ထားသလိုပဲ ဖွဲ့စည်းထားတာ ဖြစ်တယ်လို့ ပညာရှင်များက ဆိုပါတယ်။
    ဥရောပ တိုက်နှင့် အာရှတိုက် တို့ ဟာ ကျောက်ချပ် တစ်ခုတည်းပေါ်မှာ တည်ရှိပြီး (Eurasian Plate)ယူရေးဆီးယန်း ပလိတ်(ဥရောပ- အာရှ ကျောက်လွှာ ချပ်လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံ နဲ့ တရုတ်နိုင်ငံတို့ဟာ အဲဒီ Eurasian Plate ရဲ့ အာရှတိုက် ှဘက်အခြမ်းမှာ တည်ရှိကြပါတယ်။
    အိန္ဒိယ တိုက် ၊အိန္ဒိယ သမုဒ္ဒရာ နှင့် ဘင်္ဂလားပင်လယ်တို့ဟာ Indian Plate ခေါ်တဲ့ အိန္ဒိယ ကျောက်ချပ် ပေါ်မှာ တည်ရှိပါတယ်။
    ဟိမဝန္ဒာ တောင်တန်း တလျှောက်ကနေ အရှေ့ဘက်တိဘက် ကုန်းမြင့် ဒေသဟာ မြန်မာ နိုင်ငံရဲ့ မြောက်ဘက်မှာ တည်ရှိပြီး ၊ ထိုဒေသတလျှောက်ဟာ Eurasia Plate နှင့် India Plate တို့၏ ကျောက်ချပ် ၂ လွှာ ထိစပ် ပေါင်းဆုံ အနားစပ် (Convergent Plate Boundary ) ပဲဖြစ်ပါတယ်။
    မြန်မာနိုင်ငံရဲ့ အနောက်ဘက်ခြမ်း ရခိုင် ရိုးမအတိုင်း အနားသတ်ဟာ Indian Plate ကျောက်ချပ်ရဲ့ အရှေ့ဘက် အနားသတ်နဲ့ ထိစပ်နေတဲ့ ကျောက်ချပ်လွှာ ၂ ခုရဲ့ ထိစပ်ပေါင်းစုံ အနားစပ် ဖြစ်ပါတယ်။
    ကျွန်တော်တို့ မြန်မာပြည်ဟာ အဲဒီလို ရှုပ်ထွေးတဲ့ ထိစပ်ပေါင်းဆုံ အနားစပ် မှာ တည်ရှိတာ ဖြစ်ပါတယ်။
    “Continental Drift”
    ကျောက်ချပ်များ ရွေ့လျှား မှု နှင့် ၎င်း၏ အကျိုးဆက်
    ကမာ္ဘကျောက်ချပ်ကြီးများဟာ ရွေ့လျှားနေကြတာဖြစ်ပါတယ်။ ပင်လယ်သမုဒ္ဒရာဘက်ခြမ်းက ကွဲကွာ အနားစပ်မှာ ကမာ္ဘ့အတွင်းပိုင်း Mantle Layer မှကျောက်ရည်ပူများဟာ အလှည့်မှန်မှန် ထိုးဝင်အေးခဲပြီး ကျောက် ချပ်ကို အခြားတစ်ဘက်ကို ရွေ့လျှားစေတာပဲဖြစ်ပါတယ်။
    ကျောက်ချပ်ရဲ့ အခြားအနားစွန်း တစ်ဘက်ဟာလည်း သူနဲ့ထိစပ်နေတဲ့ ကျောက်ချပ်အနားစွန်းတစ်ဘက်ရဲ့ အောက်ကို ငုတ်လျှိုးဝင်လျှက် Mantle Layer အလွှာအတွင်းသို့ အရည်ပျော် သွားရပါတယ်။
    “ကျောက်လွှာထု ချပ်ကြီးများရွေ့လျှား မှု (Continental Drift) နှင့် မြေငလျှင်ဆက်စပ်ဖြစ်ပေါ်မှု”
    ထုမိုင် ၃ဝ မှာ ၁၀ဝ ခန့်ထူတဲ့ ကမာ္ဘ့ ကျောက်လွှာ ထု ချပ်ကြီးများဟာ ကမာ္ဘ့ တိုက်ကြီးများ နှင့် သမုဒ္ဒရာ ချိုင့်ဝှမ်းကြီးများကို အတူတကွသယ်ဆောင်ကာ ပဉ္စလက်ဆန်စွာ (မျက်လှည့် ဆန်ဆန်) မျောပါ ရွေ့လျှားလျှက် ရှိကြပါတယ်။ တောင်တန်းကြီးများနှင့် ကျွန်းစုတန်းများကလည်း အတူတကွ ဖိညှပ် အတွန်းခံရတဲ့ စောင်များ တွန့်လိပ်ကျိုးကြေသလိုမျိုး ဖြစ်ပေါ်လျှက် ရှိကာ (ဒါဟာ တောင်ကုန်း တောင်တန်းတွေ ဖြစ်ပေါ်လာပုံပါ။) သမုဒ္ဒရာ ကြီးများကလည်း ကျယ်ပြန်ခြင်း ကျုံ့ဝင်ခြင်းတွေ ဖြစ်ပေါ်ကြပါတယ်။ (This Changing Earth, တင်မြင့်/နွားထိုးကြီး)
    ယခုကဲ့သို့ ရွေ့လျှားနေမှုကြောင့် အတ္တလန္တိတ် သမုဒ္ဒရာဟာ ကျယ်ပြန့် လာနေရသလို မြေထဲပင်လယ်ဟာ ကြုံ့ဝင်လာနေပါတယ်။
    အာဖရိကတိုက်က မြောက်ဘက်သို့ တအိအိရွေ့လျှားနေပါတယ်။ တောင် အမေရိကနှင့် မြောက်အမေရိကတို့က အနောက်ဘက်ကို ရွေ့လျှားနေကြပြီး မြေထဲပင်လယ်ဟာ ကြုံ့ဝင်လျှက် ရှိပါတယ်။
    အတိတ်နှစ် ၁၃၅ သန်းခန့်က အာဖရိကတိုက် ၊ အန္တာတိကတိုက် နှင့် အိန္ဒိယ တိုက်တို့ဟာ တဆက်တစပ်တည်း တည်ရှိခဲ့ကြတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် သန်း ၁၀ဝ ခန့်ကစလို အိန္ဒိယ တိုက်ဟာ အရှေ့မြောက်ဘက်ကို စတင်ရွေ့လျှားခဲ့ရာ ယခုနေရာနှင့် မိုင် ၅၀၀ဝ ခန့်ကွာဝေးတဲ့ နေရာကနေ စတင်ရွေ့လျှားခဲ့ပါတယ်။ အတိတ်နှစ် သန်း ၄ဝ ခန့်မှာ အိနိ္ဒယ ကျောက်ချပ်ဟာ ဥရောပအာရှ ကျောက်ချပ်နဲ့ ထိပ်တိုက် ဆုံမိခဲ့ကြပါတယ်။
    အဲဒီလို ဆောင့်တိုက်ခဲ့မှုက ဟိမဝန္တာ တောင်းတန်းနဲ့ တိဘက် ကုန်းမြင့်ဒေသကို မြင်တက်စေခဲ့ပါတယ်။(ဟိမဝန္တာ တောင်တန်းနှင့် တိဘက်ကုန်းမြင့် ဒေသတို့ ဖြစ်ပေါ်လာခဲ့တယ်လို့ ဆိုနိုင်ပါတယ်)။ Indian plate ရဲ့ အရှေ့ဘက် အနားသပ်မှာ ဆက်စပ်နေတဲ့ မြန်မာနိုင်ငံမှာ ရခိုင်တောင်တန်း ချင်းတောင်တန်း နှင့် နာဂတောင်တန်းတို့ကိုလည်း မြင့့်တက်စေခဲ့ပါတယ်။ (တနည်း-ဖြစ်ပေါ်စေခဲ့ပါတယ်)
    အိန္ဒိယ ကျောက်ချပ်ဟာ ဟိမဝန္တာ တောင်တန်းတွေ ရှိရာ တိဘက်ကုန်းမြင့် ဒေသကျောက်လွှာ အောက်မှာ ၁ နှစ်ကို ၄ စင်တီမီတာ နှုန်းနဲ့ လျှော နစ်ဝင်လျှက် ရှိပါတယ်။
    ထိုနည်းတူ ရခိုင်ရိုးမ၊ ချင်းတောင်တန်း နာဂ တောင်တန်းတွေဟာ လည်း ၁ နှစ်မှာ ၁ လက်မ မှ ၁ လက်မခွဲခန့်မြင့်တက်လျှက် ရှိကြပါတယ်။
    ယခုကဲ့သို့ Indian Plate နဲ့ Eurasian Plate တို့ရဲ့ ထိပ်တိုက် ဆောင့် တိုက်ခဲ့မှုကြောင့် မြန်မာ့ မြေရဲ့ အလယ် ၉၆°E အတိုင်း ကျောက်ချပ်လွှာ ကွဲအက်ခဲ့ပါတယ်။ မြောက်ဘက် တိဘက် ကုန်းမြင့်ဒေသကနေ တောင်ဘက် ကပ္ပလီပင်လယ်ပြင်ထိ အရှည် ကီလိုမီတာ ၁၅၀ဝ ရှိတဲ့ ကြီးမားတဲ့ မြေငလျင်ပေါင်း များစွာကို ဖန်တီးပေးနိုင်တဲ့ စစ်ကိုင်း ပြတ်ရွေ့ ကြီး ဖြစ်ပေါ်စေခဲ့ပါတယ်။
    စစ်ကိုင်းပြတ်ရွေ့ဟာဘေးတိုက် လျှောရွေ့ ပြတ်ရွေ့(Dextral Fault) အမျိုးအစားဖြစ်ပြီး မြန်မာ ကျောက်ချပ်လွှာကို အနောက်ဘက် က Burma Plate နှင့် အရှေ့ဘက်ခြမ်းကို Sanda Plate အဖြစ် ၂ ပိုင်း ကွဲထွက်စေခဲ့ပါတယ်။
    ” Continental ၏အကျိုးဆက်တစ်ခု ဖြစ်သော မြေငလျင် ဖြစ်ပေါ်ပုံ”
    *** ထိုသို့ ကမာ္ဘ့ ကျောက်ချပ်လွှာကြီးများ ရွေ့လျှားကြရာမှ ကျောက်လွှာ ချပ်ကြီးများရဲ့ အနားသတ် ဘေးနယ်နိမိတ် များ အချင်းချင်း ယှဉ်စပ်ကာ ထိခိုက် လှုပ်ရှားမှု ကြောင့် “မြေငလျှင်ကြော ဗဟိုပြုရာ ရပ်ဝန်းများ ဖြစ်ပေါ်ပြီး -မြေငလျင် များ လှုပ်ခတ်စေတာ ပဲဖြစ်ပါတယ်။***
    ” ယာယီမျှသာ ပိတ်မိနေတဲ့ ဖိအား နှင့် တွန်းအားများရဲ့ စွမ်းပကားက ကျွန်တော်တို့ စဉ်းစားနိုင်မှုထက် အလှမ်းကွာဝေးလွန်းလှပါတယ်။ ကျောက်လွှာများက ဖိအားနှင့် တွန်းအားများ ဒဏ် ခံရတဲ့အခါ တွန့့်လိပ်ကာ ကြိတ်ခံပြီး နောက်ဆုံးမှာ ခံနိုင်မှုကို ကျော်လွန်တာကြောင့် ရုတ်တရက် ကျိုးပြတ်ကာ ရွေ့လျှားကြပါတယ်။ ကျောက်လွှာများ ကျိုးပြတ်မှု အကျိုးဆက် ဖြစ်တဲ့ မြေငလျင် လှိုင်းများက ဆက်တိုက်ပင် တုံခါ မှု ကို ပို့လွှတ်ပါတယ်။” (This Changing Earth, တင်မြင့် နွားထိုးကြီး)
    ယခုဖော်ပြခဲ့တာတွေဟာ Continental Drift ကြောင့် မြေငလျင် ဖြစ်ပေါ်လာပုံပဲဖြစ်ပါတယ်။
    “မေခ မလိခ မြစ်ဆုံဒေသ ၏ ဘူမိဗေဒ တည်ဆောက်ပုံ”
    မြန်မာ့ မြေမှာ စစ်ကိုင်းပြတ်ရွေဟာ ၉၆° E အတိုင်း တောင် မြောက် တန်းလျှက် မြောက်ဘက်တွင် တိဘက် ကုန်းမြင့် မှ အစပြုလို့ တောင်ဘက်တွင် ကပ္ပလီ ပင်လယ်ပြင် အထိ ရှည်လျားပါတယ်။
    အိန္ဒိယ ကျောက်ချပ်ဟာ တိဘက်ကုန်းမြင့် အောက် ဥရောပ-အာရှ ကျောက်လွှာ အနားစွန်းမှာ ထိစပ်ပေါင်းဆုံအနားစပ် ဖြစ်ပါတယ်။၎င်း အနားစပ်နှင့် ၎င်း အနားစပ် အတိုင်း တောင်ဘက်သို့ ချိုးကွေ့လာတဲ့ စစ်ကိုင်းပြတ်ရွေ့ တလျှောက်ဟာ မြေငလျှင်များ ဖြစ်ပေါ်ရာ အဓိက မြေငလျင်ဇုံ ပဲဖြစ်ပါတယ်။
    မြန်မာပြည်ဟာ ယခုကဲ့သို့ Alpide Belt လို့ ခေါ်တဲ့ အယ်ပိုက် မြေငလျင် ရပ်ဝန်းဒေသ မှာ တည်ရှိတာပဲဖြစ်ပါတယ်။
    မေခ မလိခ ပေါင်းဆုံရာ မြစ်ဆုံဒေသဟာ စစ်ကိုင်းပြတ်ရွေ့၏မြောက်ဘက်ပိုင်း နေရာမှာ တည်ရှိတာပဲဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီအပိုင်းမှာ အနိ္ဒယ ကျောက်ချပ်တို့ စတင် တိုက်မိချိန်ကတည်းက ဆောင့်တိုက်မိတဲ့ အရှိန်ကို အပြင်းဆုံး ခံစားခဲ့ရတဲ့ နေရာ ဖြစ်လို့ စစ်ကိုင်းပြတ်ရွေ့ဟာ အက်ကြောင်း များစွာ နဲ့ ပြတ်ရွေ့ခဲ့ရတဲ့ အနေအထားဖြစ်ပါတယ်။
    မေခ မလိခ မြစ်တို့ ကိုယ်တိုင်ကပင် ပြတ်ရွေ့ကြောင်းတွေအနေအထားရ စီးဆင်း ဖြစ်ပေါ်ခဲ့တဲ့ မြစ်ချောင်း များပဲဖြစ်ပါတယ်။ ဧရာဝတီ မြစ်ဟာလည်း စစ်ကိုင်းပြတ်ရွေ့အတိုင်း အတည့် တဖန် ဘေးချင်းယှဉ်လျှက် တဖန် စီးဆင်း ဖြစ်ပေါ်လာတာကို တွေ့ရပါမယ်။
    “စိုးရိမ်ဘွယ်ရာ အနာဂတ် အလားအလာ”
    ပထဝီအနေအထားအရ ယခုလောက် စိုးရိမ်ဘွယ်ရာ မြေတည်ငြိမ်မှု မရှိတဲ့နေရာမှာ ဆည်တမံများ တည်ဆောက်မည်ဆို လျှင် အင်မတန် မိုက်မဲမှု ပဲဖြစ်ပါတယ်။
    အိန္ဒယ ကျောက်ချပ်ဟာ ၁ နှစ်မှာ ၄ စင်တီမီတာ နှန်းနဲ့ မြောက်ဘက်အတိုင်း ရွေ့လျှားနေသလို စစ်ကိုင်းပြတ်ရွေ့ရဲ့ အနောက်ဘက် ခြမ်း Burma Plate ဟာလည်း ၁ နှစ်မှာ ၁.၈ စင်တီမီတာ နှန်းနဲ့ မြောက်ဘက်သို့ ဘေးတိုက် ရွေ့လျှက် ရှိပါတယ်။ ဒီလို ရွေ့လျှားမှုကြောင့် ဖြစ်ပေါ် လာတဲ့ ဖိအား နဲ့ တွန်းအားများဟာ ကျွန်တော်တိုဲ့ စဉ်းစားနိုင်မှုထက် အလှမ်းကွာဝေးလွန်းလှ ပါတယ်ဆိုတာ ပညာရှင်များက ပြောပြခဲ့ပြီး ဖြစ်ပါတယ်။
    “ကုန်းတွင်းပိုင်း Tsunami”
    ပင်လယ် သမုဒ္ဒရာ များရဲ့ အသူတစ်ရာ ချောက်ကြီးတွေဟာ ကျောက်ချပ်ကြီးများရဲ့ ကွဲကွာအနားစပ် များဖြစ်ကြပါတယ်။ ထိုနေရာများမှာ ငလျှင်
    လှုပ်ခတ်ခဲ့တဲ့အခါ ပင်လယ်ပြင်မှာ အလွန် အင်မတန် ကြီးမားတဲ့ လှိုင်းလုံးကြီးများ ရိုက်ခတ်တာကို ဆူနာမီ လှိုင်းလို့ ခေါ်ပါတယ်။
    ထိုကဲ့သို့သော ဆူနာမီလှိုင်းလုံးများအား ပင်လယ်မှ ဆူနာမီရဲ့ အရှိန်ကြောင့်သော် လည်းကောင်း၊ ကုန်းတွင်းပိုင်းမှာ ဗဟိုပြု ပြီး မြေငလျှင်လှုပ်ခတ်မှု ကြောင့် လည်းကောင်း—
    မြစ်ချောင်း အင်းအိုင် နှင့် ဆည်တမံကြီးတွေမှာ လည်း ဆူနာမီလှိုင်းများ ဖြစ်ပေါ် လေ့ ရှိပါတယ်။
    ” ခြုံငုံ သုံးသပ်ချက်”
    မြစ်ဆုံဒေသဟာ စစ်ကိုင်း ပြတ်ရွေ့ရဲ့ အကြီးမားဆုံး ပြတ်ရွေ့နေရာ တစ်ခုဖြစ်ပါတယ်။ ပြတ်ရွေ့ကြောင်း များစွာ တည်ရှိတဲ့အပြင် ၎င်းနေရာကိုယ်တိုင်ပင် မြေငလျှင် ဖြစ်ပေါ်တတ်တဲ့ ဇုံဖြစ်သလို အိန္ဒိယ- တိဘက် – တရုတ် မြေငလျင်ဖြစ်ပေါ်ရာဇုံနဲ့ တစ်ဆက်တစ်စပ်တည်း တည်ရှိနေပါသည်။
    ထိုနေရာတွင် ဆည်တမံများတည်ဆောက်ခဲ့ပါက မြေငလျှင်လှုပ်ခတ်လျှင် ဆည်တမံများ ကျိုးကြစေပြီး ရေလွှမ်းမိုးမှု ကြီးမားမှာ ဖြစ်သည့် အပြင် —
    ပင်လယ် သမုဒ္ဒရာ တွေမှာ ဖြစ်တတ်တဲ့ ဆူနာမီ ရေ လှိုင်းတွေထက် ကြီးမားပြီး ပြင်ထန်တဲ့ ကုန်းတွင်းပိုင်း ဆူနာမီ ရေလှိုင်းများဟာ ကျွန်တော်တို့ မြန်မာနိုင်ငံသား အားလုံးကို အတူတကွခေါ်ဆောင်လျှက် ကပ္ပလီပင်လယ်ပြင်အောက်မှာ စုပုံနေထိုင်စေမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ပါသည်ခင်ဗျာ။
    Credit to
    -ဆရာ ဦးတင်မြင့် (နွားထိုးကြီး)
    – Dr Win Swe (Who researched the Saging Fault)
    ပို၍ နားလည်စေရန် ကျွန်တော်ရေးသားခဲ့သော ဘူမိဗေဒ ဆိုင်ရာ ပိုစ့်များကို ပြန်လည်ဖတ်ရှု ရန် လမ်းညွှန် လိုက်ပါသည်။
    မြန်မာနိုင်ငံသားအားလုံး ရွှင်လန်း ချမ်းမြေ့ကြပါစေ
    မူရင်းစာရေးသူ_သန်းဇော် (နတ်မောက်)
    References
    1- “ရွေ့လျားပြောင်းလဲနေတဲ့ ကျွန်တော်တို့ ကမာ္ဘ ၊ This Changing Earth.”တင်မြင့်(နွားထိုးကြီး)
    2~ Tectonic Map of Myanmar
    2012, Soe Thura Tun &
    Maung Thein
    3~Tectonic geomorphology
    of Southernmost Sagaing
    Fault and Surface Rupture
    associated with May 1930
    Pegu (Bago) Earthquate,Myanmar (Tsutsumi,H,& Sato, T-2009
    4~Natural hazard potentials
    in the Myanmar.(Win Swe &San Hla Thaw 2011)
    5~Earthquake Hazard along
    the Sagaing Fault. (tintlwinswe.blogspot.com)
    6~ ဓာတ်ပုံများကို အထက်ပါ website များနှင့် ဆက်စပ် Link များမှ ကူးယူဖော်ပြပါသည်။

    • kai

      May 10, 2016 at 12:29 pm

      အပေါ်က ” မြစ်ဆုံဒေသ ၏ ဘူမိဗေဒ” ထဲကမြေပုံက စကိုင်းပြတ်ရွှေ့… အနီကြောင်းကို.. စာရေးသူက ကိုယ့်သဘောနဲ့ကိုယ် ရေးခြစ်လိုက်ပုံရပါတယ်..။
      တကယ့်အခြေအနေက.. အောက်ကအတိုင်းဖြစ်ပါကြောင်းနဲ့.. ပုံနဲ့ အချက်အလက်တွေကို..အောက်ပါဝက်ဘ်ဆိုက်ကနေ..ကြည့်နိုင်ယူနိုင်ပါကြောင်း…။
      http://www.sagaingfault.info/
      =

  • uncle gyi

    May 11, 2016 at 3:00 pm

    ဘာပြောပြောမြန်မာမှာရေအားလှ ျပ်စစ်ကတော့လိုတယ်
    ဘယ်ပုံဘယ်နည်းဘယ်နေရာကထုတ်ယူမလဲပဲစဉ်းစားရမယ်

  • Kyaemon

    November 18, 2016 at 5:35 am

    အလွယ်တကူဖတ်နိုင်ရန် မာတိကာ
    ၁။ http://myanmargazette.net/223677
    ၂။ http://myanmargazette.net/223705
    ၃။ http://myanmargazette.net/223743
    ၄။ http://myanmargazette.net/223760
    ၅။ http://myanmargazette.net/223863
    ၆။ http://myanmargazette.net/224008
    ၇။ http://myanmargazette.net/224177
    ၈။ http://myanmargazette.net/224183
    ၉။ http://myanmargazette.net/224185
    ၁၀။ http://myanmargazette.net/224996
    ၁၁။ http://myanmargazette.net/225513
    ၁၂။ http://myanmargazette.net/225765
    ၁၃။ http://myanmargazette.net/225989
    ၁၄။ http://myanmargazette.net/226022
    ၁၅။ http://myanmargazette.net/226454
    ၁၆။ http://myanmargazette.net/226660
    ၁၇။ http://myanmargazette.net/226661
    ၁၈။ http://myanmargazette.net/226855
    ၁၉။ http://myanmargazette.net/226662
    ၂၀။ http://myanmargazette.net/227021
    ၂၁။ http://myanmargazette.net/227041
    ၂၂။ http://myanmargazette.net/227112
    ၂၃။ http://myanmargazette.net/227133
    ၂၄။ http://myanmargazette.net/227146
    ၂၅။ http://myanmargazette.net/227175
    ————-

    အာက်ပါ” လင့် link” ကိုနှိပ်ပါ၊ပြီးတော့ ရကာတ ပုံ က ၉၉၀ဝ၀
    “ကိုက် like” ကိုနှိပ်ပေးပါ၊ ကျးဇူးတင်ပါတယ်၊
    https://www.facebook.com/Myitsone-1732580123697758/?ref=aymt_homepage_panel

  • Kyaemon

    May 9, 2018 at 2:37 am

    Kyaemon says:
    အလွယ်တကူဖတ်နိုင်ရန် မာတိကာ ၃၀။ http://myanmargazette.net/227589
    ———————————-
    ၃၁။ http://myanmargazette.net/228664
    ၃၂။ http://myanmargazette.net/228671
    ၃၃။ http://myanmargazette.net/228786
    ၃၄။ http://myanmargazette.net/228788
    ၃၅။ http://myanmargazette.net/228789
    ၃၆။ http://myanmargazette.net/229051
    ၃၇။ http://myanmargazette.net/229089
    ၃၈။ http://myanmargazette.net/229090
    ၃၉။ http://myanmargazette.net/229489
    ၄၀။ http://myanmargazette.net/229521
    ———————————-
    ၄၁။ http://myanmargazette.net/229846
    ၄၂။ http://myanmargazette.net/229526
    ၄၃။ http://myanmargazette.net/229872
    ၄၄။ http://myanmargazette.net/230200
    ၄၅။ http://myanmargazette.net/230219
    ၄၆။ http://myanmargazette.net/230304
    ၄၇။ http://myanmargazette.net/230354
    ၄၈။ http://myanmargazette.net/230430
    ၄၉။ http://myanmargazette.net/230559
    ၅၀။ http://myanmargazette.net/230790
    ———————————-
    ၅၁။ http://myanmargazette.net/230931
    ၅၂။ http://myanmargazette.net/230932
    ၅၃။ http://myanmargazette.net/231283
    ၅၄။ http://myanmargazette.net/231431
    ၅၅။ http://myanmargazette.net/231562
    ၅၆။ http://myanmargazette.net/231797
    ၅၇၊ http://myanmargazette.net/231938
    ၅၈၊ http://myanmargazette.net/232108
    ၅၉၊ http://myanmargazette.net/232390
    ၆၀၊ http://myanmargazette.net/232522
    ————–
    ၆၁။ http://myanmargazette.net/232934
    ၆၂။ http://myanmargazette.net/233020
    ၆၃။ http://myanmargazette.net/233349
    ၆၄။ http://myanmargazette.net/233445
    ၆၅။ http://myanmargazette.net/233654
    ၆၆။ http://myanmargazette.net/233679
    ၆၇။ http://myanmargazette.net/234104
    ၆၈။ http://myanmargazette.net/234171
    ၆၉။ http://myanmargazette.net/234215
    ၇၀။ http://myanmargazette.net/234349
    —-
    ၇၁။ http://myanmargazette.net/234471
    ၇၂။ http://myanmargazette.net/234593
    ၇၃။ http://myanmargazette.net/234657
    ၇၄။ http://myanmargazette.net/234802
    ၇၅။ http://myanmargazette.net/234906
    ===========
    https://www.facebook.com/Myitsone-1732580123697758/?ref=aymt_homepage_panel
    ကိုဝင်ပြီး၊ရေကာတာပုံကိုရှာပါ
    ၊၎င်းပုံအောက်နားက”ကြိုက်” “Likes”ကိုကျေးဇူးပြု၍နှိပ်ပေးပါ၊
    Like (လက်မ ၊ထောင်တဲ့ပုံ)
    Myitsone, နမ်းခွင့် ပေးပါ, Joseph Myo and 377K others
    ———–
    သက်ဆိုင်ရာလူကြီးတွေကိုပြဘို့အရေးကြီးလို့ပါ
    (ကိုယ့်ဆန္ဒလေးလဲအရေးကြီးလို့ပါဝင်သွားဖို့မမေ့နဲ့နော်)

Leave a Reply