မြစ်ဆုံရေကာတာအကြောင်း အမှားနဲ့အမှန် – – Myitsone Myths and Truths XLII

KyaemonApril 5, 201712min4686

 
 ကျမ်းစာများစွာဖတ်လင့်ကစာ၊တရားများစွာဟောလင့်ကစာ၊တရားအတိုင်းမကျင့်သုံးမအားထုတ်ရင်သင့် အတွက်အကျိုးပြုနိုင်ပါ့မလား?

 


ဒေါက်တာသန်းထွဋ်အောင် ဟော

ကျနော်တဲ့တဲ့ဘယ်ပြောမယ်
စီပီအိုင်အကြီးအကဲက
အနှစ် ၅ဝ စာချုပ်လို့ပြောတာကိုကြားတာနဲ့စိတ်မကောင်းပါ၊
အစပိုင်းကကျနော်နားလည်တာကအနှစ်၃ဝစာချုပ်ပါ 

 

I will repeat his words more straightforwardly. The chairman of CPI said that the contract is

50-year agreement. It is heartbreaking to hear this word. Earlier, I understand that

it was only 30-year contract.

ဒီလိုမျိုးကိစ္စမှာပါးစပ်ပြောနဲ့ဆိုတရားရုံးကလက်ခံဘို့ခက်သား၊  တဘက်နဲ့တဘက် ကိုယ်လိုရာကိုယ်ဆွဲပြောလို့ပြီးမှာမဟုတ်ပါ၊

သက်သေစာရွက်စာတမ်းမပြနိုင်ရင်တန်ဘိုးနဲသွားပါလိမ့်မယ်၊
ဝန်ကြီးဌာန ၁ဝ  ဌာန က ညှိနှိုင်းကြတာ ၎င်းဌာနတွ ကိုအဖြူအမဲမေးနိုင်ပါတယ်၊
ဒီလောက်ကွာ ဟ တာကို ကလေးကလားမလုပ်နိုင်လုပ်မှာလဲမဟုတ်ပါ၊

 

တချိန်တုန်းကနော်ဝေရေကာတာ BOT ဘီအိုတီက အနှစ် ၇ဝ ပါ
 ရတနာ ရတံခွန် ဓာတ်ငွေ့က ဓာက်ငွေ့သက်တမ်း နှစ် ၃ဝ  ကိုသွားသတိရလို့   ရာေယောင်မိနေ ပုံရတယ်
 
 မတူကြပါ၊ အရာခပ်သိမ်း နှစ် ၃၀  မဟုတ်ပါ                
——————–

 အရင်ကဆောင်းပါးကိုညွှန်းပါတယ်

မြစ်ဆုံရေကာတာအကြောင်း အမှားနဲ့အမှန် – – Myitsone Myths and Truths VIII

မြစ်ဆုံရေကာတာအကြောင်း အမှားနဲ့အမှန် – – Myitsone Myths and Truths XIII

—————–

 

8 July 2016 | By GCR Staff (Global Construction Review)

Chinese companies are playing huge role in bringing electricity to sub-Saharan Africa and can take credit for 30% of new capacity in the region, according to a study published this week by the International Energy Agency (IEA).

While more than 635 million people still live without electricity there, Chinese companies channeling state funds into all different types of power stations will have brought light and power to around 36 million people by 2020.

“African countries have relied heavily on China to support the expansion of their electricity systems, to enable growth and improve living standards”
(  ရကာတာဆောက်လုပ်ရာမှာတရုပ်ကအဆင့်တန်းမှီပြီးဈေးချိုလို့အခြားနိုင်ငံတွေ ကမပြိုင်နိုင်)


အာဖရိကနိုင်ငံတွေက ဓာတ် အားရဘို့အရေး
နိုင်ငံကြီးပွါးဘို့နဲ့လူနေမှုအဆင့်အတန်းမြှင့်တင်ဘို့အရေး
တရုပ်နိုင်ငံကိုအားကိုးရတယ်၊

 

“African countries have relied heavily on China to support the expansion of their electricity systems, to enable growth and improve living standards,” said Paul Simons, the IEA’s Deputy Executive Director, on the report’s launch.


တရုပ်ကပေါချောင်ကောင်းလို့အာဖရိကတိုက်ကရေကာတာနဲ့ဓာတ်အားပို့ဆောင်ရေးတို့မှာကန်ထရိုက်တော်တော်ရတယ်

 

 
  ယခင်မှာဘယ်လိုဘဲအခက်အခဲတွေ့တွေ့အသစ်တဖန်ပြန်စတင်နိုင်စမြဲ


 


ဒေါက်တာသန်းထွဋ်အောင် ဟော
 မန်မာက  အနှစ် ၅ဝ မှာ ၄ရ ဘီလျံ $ ရမယ် လို့ စီပီအိုင်လူကြီးကပြောတယ်

 

He said our country will acquire US$ 47 billion in 50 years


 မမှန်ပါ၊        

 အာက်ပါ link ကိုဝင်ပြီး ဇယားတွေကိုကြည့်နိုင်တယ်
အနှစ် ၅ဝ မှာ ၅၄ ဘီလျံ $ ပါ၊

အနှစ် ၁၅ဝ ဆိုရင် ၂၃၄ ဘီလျံ $ ရမှာပါ၊

နှစ် ၅ဝ နဲ့ဖြတ်ပစ်တာကမူမမှန်ပါ

https://myanmargazette.net/229090

 



 


ဒေါက်တာသန်းထွဋ်အောင် ဟော
ညွှန်ချုပ်ဦးကြည်စိုးက တရုပ်၁၁ ဘီလျံ $ ရပြီး မန်မာ ၁ရ ဘီလျံ $ ရမယ်လို့ပြောပါတယ်၊

Director General U Kyee Soe of the Directorate of Electric Power said in the paper of economic

profit for the country that our country will receive US$ 17 billion, while China said Myanmar

will get US$ 11 billion from this project.
 အတွက်အချက်ကိုပြရင်ပိုကောင်းပါတယ်၊

စီမံကိန်းက ရကာတာ ရ လုံး “အနက်တလုံးစာ”ကိုပြောတာကိုဘဲ

“ကွက်ယူမိသလား”မေးစရာပါ၊

အချိုးကဆင်တယ်၊ မန်မာ ၆၀.ရ % စီပီအိုင် ၃၉.၃ %
 ဝန်ကြီးဌာန ၁ဝ ခု က ညှိနှိုင်းကြတာ ၎င်းဌာန တွကို အလားတူစွာ၊ အဖြူအမဲမေးနိုင်ပါတယ်၊
 

 


ဒေါက်တာသန်းထွဋ်အောင် ဟော

၅နှစ်ကာလမှာ ရတနာဓာတ်ငွေ့မှ ၁ရ ဘီလျှံ ရပြီး ကျာက်စိမ်းရောင်းရငွေ ၅ ဘီလျံ $

မစ်ဆုံက တ နှစ်ကို သန်း  ၃၀ဝ $ ဆို (မတန်လို့ မလုပ်သင့်)
Our country received US$ 12 billion from the export of natural gas, and five billion from the sale of jades during the past five years.


ဓာတ်ငွေ့တွင်း သက်တမ်းက ၃ဝ နှစ်သာ၊ ကျာက်စိမ်းလဲ သက်တမ်းရှိပါတယ်၊
ရတနာဓာတ်ငွေ့သက်တမ်း နှစ် ၃ဝ က ရမဲ့ငွေပေါင်း က (၆ x ၁၇)  ၁၄၂ ဘီလျံ $
(နှစ် ၃ဝ က ၅ နှစ် ရဲ့ ၆ ဆ)
မစ်ဆုံရေကာတာစီမံကိန်း နှစ်၁၅ဝသက်တမ်းရမဲ့ငွေပေါင်း ၂၃၄ ဘီလျံ $

 
 
ဆိုတော့စီးပွါးပေကြိုးအရ နှစ်ပြန်လောက်ဖြစ်နေ၊ပါတယ်၊ရွှေကလောင်ကြီးကဝါယမလေးစိုက်ပါအုန်းလား?

 

“အပြတ်မပြောနဲ့မချော”သူ့နေရာနဲ့သူအကျိုးပြုတယ်


 နာက်ပြီးဟောသူကမျက်ကွယ်ပြုထားတဲ့အရေးကြီးအချက်က

ရတနာဓာတ်ငွေ့တွင်းကျောက်စိမ်းတွင်းအများအစားတွေကို

မည်သူတွေပိုင်ကြတာလဲဆိုတာပါ

 

 

ကျောက်စိမ်းတွင်းတွေစစ်ပိုလ်ဟောင်းကပိုင်တယ်
ရတနာဓာတ်ငွေ့မှာက စွမ်:အားနှင့်လျှပ်စစ်ဝန်ကြီးဌာနကပိုင်တယ်
ဆိုသော်လည်း နစစ်အစိုးရကဘတ်ဂျက်ကိုနှစ်ပေါင်းများစွာ မပြဘဲကြိုက်သလို
သုံးစွဲခဲ့တယ်၊
(တနည်းလူထုကမွဲမြဲမွဲနေတာပါ၊ တိုင်းပြည်ကအများကြီးရလိုက်ပြီး
ပြည်သူတွေပါဟန်ကြတဲ့ပုံပြောတာကမမှန်ပါ)

 


၊မြစ်ဆုံစီမံကိန်းကပြည်သူရွေးကောက်တင်မြောက်လိုက်တဲ့

အစိုးရကပြည်သူကိုယ်စားပိုင်တယ်၊
မိုးနဲ့မြေလိုကွာတယ်၊ပြည်သူအကျိုးခံစားဘို့ကျတော့ ကန့်ကွက်တာ ကမူမမှန်၊
  အနောက်နိုင်ငံ  Total, Chevon/Unocal     တို့က ၁၉ နှစ်လွတ်လွတ်ကျွတ်လျွတ် လုပ်တာကို ဆိုင်ရှင်မလုပ်၊
—–
 ဟာပြောသူ ရွှကလောင်ကြီးကလဲ မဝေဖန်ရေငုံနေတာဘယ်လိုလဲ?
 ——–
အဲဒီဟာတွေကသူဟောနေတဲ့Sumatra ဆူမှတ်တြာငလျင်ကြောနဲ့ပိုနီးတာပေါ့ မုတ္တမ ပင်လယ်ကွေ့မှာနော်
 ရကာတာနဲ့စပ်လျဉ်းပြီး    ပည်သူတွေအမှန်အကျိုးခံစားဘို့ကျတော့သဲသဲမဲမဲဆိုတာမှန်ကန်မျှတပါသလားမေးချင်တယ်၊

 

 


 ဖတ်ဖတ်ပြီး Like”  ကိုက်”မပေးရသေးသူတွေရှိတယ်၊ကော်မရှင်လူကြီးတွေသိရအောင်Like “ကြိုက်”ဆိုတာလေးတော့လုပ်ပေးပါအုံး
 ရကာတာတွေရပ်ပစ်မယ်လို့ကောဠဟာလထွက်နေတယ်၊ဖေ့ဘုက်သွားပြီးအောက်ပုံမှာရှိပါတယ်၊ကျေးဇူး၊

 

 

 

 

6 comments

  • alinsett

    April 7, 2017 at 10:19 pm

    နည်းပညာများမျှဝေခြင်း & ဘူမိဗေဒဗဟုသုတများမျှဝေခြင်း
    April 3 at 4:18pm ·

    ” မြစ်ဆုံဒေသ ၏ ဘူမိဗေဒ”

    အလွန်ဖတ်သင့်ပါတယ်။
    မြစ်ဆုံလုပ်သင့်ပါတယ်ဆိုတဲ့သူများပိုဖတ်ရမှာပါ။
    မြစ်ဆုံမှာဆည်ကြီးဆောက်လိုက်ပြီးရေတွေ
    လှောင်မဲ့ဧရိယာဟာ
    အကြမ်းမြင်သာအောင်ပြောရရင်
    စင်္ကာပူနိုင်ငံဧရိယာထက်ကြယ်ပါတယ်။
    အဲဒီဧရိယာပေါ်မှာလှောင်မဲ့ရေဟာ
    ကုဗမီတာပေါင်းသန်းတစ်သိန်းအထက်
    မှာရှိမယ်လို့သိရပါတယ်။
    ငြိမ်နေတဲ့ရေ..တနည်းပြောရရင်
    ရေသေ..တွေဟာ (၁)ကုဗမီတာရှိရင်
    (၁)တန်လေးပါတယ်။
    ဒီတော့မြစ်ဆုံဒေသမှာရေတွေသိုလှောင်
    ပြီးချိန်မှာ အဲဒိနေရာရဲမြေပေါ်မှာ
    အလေးချိန်တန်ချိန်သန်းပေါ်င်းတစ်သိန်း
    လောက်တင်ပေးလိုက်သလိုဖြစ်လာပါတယ်
    အဲဒီအလေးချိန်ဖိအားကြောင့်
    နဂိုကမှတည်ငြိမ်မှုမရှိတဲ့ကြေအက်နေတဲ့
    မြေကြီးတွေကျောက်သားတွေကိုဖိလိုက်သလိုဖြစ်ပြီးမြေတွေကျောက်တွေရွေလျှားမှု့ဖြစ်လာမှာပါတနည်းပြောရရင်
    မြေငလျှင်ကြီးပေါ်လာမှာပါ။
    ဒါဟာ Hydrostatic Pressure ရဲ့
    သဘောတရားအရဖြစ်လာတာပါ
    မြန်မာနိုင်ငံမှာ ကြက်မောက်တောင်
    ဆည်ရေပြည်ပြီးနောက်မှာ ပုဂံငလျှင်ကြီး
    ပေါ်ပေါက်ခဲ့ပါတယ်
    အလားတူတရုတ်မှာစီချွမ်ငလျှင်လုပ်ခဲ့ပါ
    တယ်
    ကမ႓ာ့တစ်ခြားဒေသတွေမှာလည်း
    မူလက
    ငလျှင်လှုပ်တာမျိုးမရှိခဲ့ပေမဲ့ဆည်ကြီးများ
    တည်ဆောက်ပြီးတဲ့နောက်ပိုင်းတွေမှာ
    ငလျှင်ဖြစ်ခဲ့တဲ့သာဓကတွေရှိဘူးပါတယ်
    အီဂျစ်မှာ သမ္မတနာဆာလက်ထက်မှာ
    ရုရှားက အဆွမ်းရေကာတာကြီးဆောက်ပေးခဲ့ပါတယ်
    အဲဒိအချိန်ကအဲဒီဆည်ဟာ
    ကမ႓ာမှာအကြီးဆုံးပါ ဆည်ရေပြည့်ပြီနောက်
    အဲဒိဒေသမှာငလျှင်တွေလှုပ်လာခဲ့ပါတယ်။
    ဒီတော့မှပညာရှင်များအနေနဲ့
    Hydrostatic pressure ကိုသတိထားမိလာကြပြီးအလေးထားလာကြပါတယ်။
    အချုပ်ပြောရရင်တော့မြစ်ဆုံမှာ
    ဆည်ဆောက်တာဟာ
    မြန်မာတစ်နိုင်ငံလုံးကို
    ချိန်ကိုက်ဗုံးထောင်ထားလိုက်တဲ့
    သဘောပါဘဲ။
    ဒါကိုမှဆည်ဆောက်ဖို့ဆက်ခွင့်ပြုမယ်
    ဆိုရင်တော့
    အဖေ့နဖူးနားနေတဲ့ခြင်ကိုပုဆိန်နဲ့ထု
    သတ်တဲ့ဥဏှောက်ပိုင်ရှင်ဘဲဖြစ်မှာပါ။>>>

    <<< ဒီဒေသရဲ့ ဘူမိဗေဒ တည်ဆောက်ပုံကို ပြောပြဘို့ အတွက် ပထမဦးစွာ အောက်ပါ အကြောင်းအရာ များကိုပြောပါရစေ။

    "ကမာ္ဘ့ ကျောက်ချပ်ကြီးများ (Tectonic Płates) အကြောင်း"

    ကမာ္ဘ့ အပေါ်ယံအလွှာကို Lithosphere လို့ ခေါ်ပြီး (Crust +Uppermost soil) အောက်ဘက်မှာ ထုထည် မိုင် ၃ဝ မှ ၁၀ဝ ထိ ထူတဲ့ Crust ဆိုတဲ့ ကျောက်ချပ်လွှာ ပေါ်မှာ မြေ နုန်း သဲ စသည့် ကျနော်တို့ရဲ့ဖဝါးအောက်က မြေထုက ဖုန်းလွမ်းထားပါတယ်။ ကြက်ဥတစ်လုံးရဲ့ အခွံလိုပဲ တစ်ကမာ္ဘလုံးကို Crust ကျောက်လွှာချပ်ကြီးကနေ ဖုံ်းးအုပ်ပေးထားပါတယ်။
    သိူ့သော်လည်း တဆက်တစပ်တည်း ညီညာချောမွေ့စွာ တည်ရှိတာမဟုတ်ပဲ ကျောက်သားများ ကျိုးပဲ့ပြီး အဓိက ကျောက်ချပ် ကြီး ၁၅ ချပ်နဲ့ ကမာ္ဘမြေကြီးကို ဖွဲ့စည်းထားပါတယ်။
    ကျောက်ချပ်များ တစ်ချပ်နဲ့ တစ်ချပ်ဟာ ထိစပ်နေပြီး ဘေ့စ်ဘော ဘောလုံးတစ်လုံးမှာ ချုပ်ရိုးကြောင်းများနဲ့သီချုပ်ပြီး ဆက်စပ်ထားသလိုပဲ ဖွဲ့စည်းထားတာ ဖြစ်တယ်လို့ ပညာရှင်များက ဆိုပါတယ်။
    ဥရောပ တိုက်နှင့် အာရှတိုက် တို့ ဟာ ကျောက်ချပ် တစ်ခုတည်းပေါ်မှာ တည်ရှိပြီး (Eurasian Plate)ယူရေးဆီးယန်း ပလိတ်(ဥရောပ- အာရှ ကျောက်လွှာ ချပ်လို့ ခေါ်ပါတယ်။ မြန်မာနိုင်ငံ နဲ့ တရုတ်နိုင်ငံတို့ဟာ အဲဒီ Eurasian Plate ရဲ့ အာရှတိုက် ှဘက်အခြမ်းမှာ တည်ရှိကြပါတယ်။
    အိန္ဒိယ တိုက် ၊အိန္ဒိယ သမုဒ္ဒရာ နှင့် ဘင်္ဂလားပင်လယ်တို့ဟာ Indian Plate ခေါ်တဲ့ အိန္ဒိယ ကျောက်ချပ် ပေါ်မှာ တည်ရှိပါတယ်။
    ဟိမဝန္ဒာ တောင်တန်း တလျှောက်ကနေ အရှေ့ဘက်တိဘက် ကုန်းမြင့် ဒေသဟာ မြန်မာ နိုင်ငံရဲ့ မြောက်ဘက်မှာ တည်ရှိပြီး ၊ ထိုဒေသတလျှောက်ဟာ Eurasia Plate နှင့် India Plate တို့၏ ကျောက်ချပ် ၂ လွှာ ထိစပ် ပေါင်းဆုံ အနားစပ် (Convergent Plate Boundary ) ပဲဖြစ်ပါတယ်။
    မြန်မာနိုင်ငံရဲ့ အနောက်ဘက်ခြမ်း ရခိုင် ရိုးမအတိုင်း အနားသတ်ဟာ Indian Plate ကျောက်ချပ်ရဲ့ အရှေ့ဘက် အနားသတ်နဲ့ ထိစပ်နေတဲ့ ကျောက်ချပ်လွှာ ၂ ခုရဲ့ ထိစပ်ပေါင်းစုံ အနားစပ် ဖြစ်ပါတယ်။
    ကျွန်တော်တို့ မြန်မာပြည်ဟာ အဲဒီလို ရှုပ်ထွေးတဲ့ ထိစပ်ပေါင်းဆုံ အနားစပ် မှာ တည်ရှိတာ ဖြစ်ပါတယ်။

    "Continental Drift"
    ကျောက်ချပ်များ ရွေ့လျှား မှု နှင့် ၎င်း၏ အကျိုးဆက်

    ကမာ္ဘကျောက်ချပ်ကြီးများဟာ ရွေ့လျှားနေကြတာဖြစ်ပါတယ်။ ပင်လယ်သမုဒ္ဒရာဘက်ခြမ်းက ကွဲကွာ အနားစပ်(Divergent Plate Boundary) မှာ ကမာ္ဘ့အတွင်းပိုင်း Mantle Layer မှကျောက်ရည်ပူများဟာ အလှည့်မှန်မှန် ထိုးဝင်အေးခဲပြီး ကျောက် ချပ်ကို အခြားတစ်ဘက်ကို ရွေ့လျှားစေတာပဲဖြစ်ပါတယ်။
    ကျောက်ချပ်ရဲ့ အခြားအနားစွန်း တစ်ဘက်ဟာလည်း သူနဲ့ထိစပ်နေတဲ့ ကျောက်ချပ်အနားစွန်းတစ်ဘက်ရဲ့ အောက်ကို ငုတ်လျှိုးဝင်လျှက် Mantle Layer အလွှာအတွင်းသို့ အရည်ပျော် သွားရပါတယ်။

    "ကျောက်လွှာထု ချပ်ကြီးများရွေ့လျှား မှု (Continental Drift) နှင့် မြေငလျှင်ဆက်စပ်ဖြစ်ပေါ်မှု"

    ထုမိုင် ၃ဝ မှာ ၁၀ဝ ခန့်ထူတဲ့ ကမာ္ဘ့ ကျောက်လွှာ ထု ချပ်ကြီးများဟာ ကမာ္ဘ့ တိုက်ကြီးများ နှင့် သမုဒ္ဒရာ ချိုင့်ဝှမ်းကြီးများကို အတူတကွသယ်ဆောင်ကာ ပဉ္စလက်ဆန်စွာ (မျက်လှည့် ဆန်ဆန်) မျောပါ ရွေ့လျှားလျှက် ရှိကြပါတယ်။ တောင်တန်းကြီးများနှင့် ကျွန်းစုတန်းများကလည်း အတူတကွ ဖိညှပ် အတွန်းခံရတဲ့ စောင်များ တွန့်လိပ်ကျိုးကြေသလိုမျိုး ဖြစ်ပေါ်လျှက် ရှိကာ (ဒါဟာ တောင်ကုန်း တောင်တန်းတွေ ဖြစ်ပေါ်လာပုံပါ။) သမုဒ္ဒရာ ကြီးများကလည်း ကျယ်ပြန်ခြင်း ကျုံ့ဝင်ခြင်းတွေ ဖြစ်ပေါ်ကြပါတယ်။ (This Changing Earth, တင်မြင့်/နွားထိုးကြီး)

    ယခုကဲ့သို့ ရွေ့လျှားနေမှုကြောင့် အတ္တလန္တိတ် သမုဒ္ဒရာဟာ ကျယ်ပြန့် လာနေရသလို မြေထဲပင်လယ်ဟာ ကြုံ့ဝင်လာနေပါတယ်။
    အာဖရိကတိုက်က မြောက်ဘက်သို့ တအိအိရွေ့လျှားနေပါတယ်။ တောင် အမေရိကနှင့် မြောက်အမေရိကတို့က အနောက်ဘက်ကို ရွေ့လျှားနေကြပြီး မြေထဲပင်လယ်ဟာ ကြုံ့ဝင်လျှက် ရှိပါတယ်။
    အတိတ်နှစ် ၁၃၅ သန်းခန့်က အာဖရိကတိုက် ၊ အန္တာတိကတိုက် နှင့် အိန္ဒိယ တိုက်တို့ဟာ တဆက်တစပ်တည်း တည်ရှိခဲ့ကြတာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် သန်း ၁၀ဝ ခန့်ကစလို အိန္ဒိယ တိုက်ဟာ အရှေ့မြောက်ဘက်ကို စတင်ရွေ့လျှားခဲ့ရာ ယခုနေရာနှင့် မိုင် ၅၀၀ဝ ခန့်ကွာဝေးတဲ့ နေရာကနေ စတင်ရွေ့လျှားခဲ့ပါတယ်။ အတိတ်နှစ် သန်း ၄ဝ ခန့်မှာ အိနိ္ဒယ ကျောက်ချပ်ဟာ ဥရောပအာရှ ကျောက်ချပ်နဲ့ ထိပ်တိုက် ဆုံမိခဲ့ကြပါတယ်။
    အဲဒီလို ဆောင့်တိုက်ခဲ့မှုက ဟိမဝန္တာ တောင်းတန်းနဲ့ တိဘက် ကုန်းမြင့်ဒေသကို မြင်တက်စေခဲ့ပါတယ်။(ဟိမဝန္တာ တောင်တန်းနှင့် တိဘက်ကုန်းမြင့် ဒေသတို့ ဖြစ်ပေါ်လာခဲ့တယ်လို့ ဆိုနိုင်ပါတယ်)။ Indian plate ရဲ့ အရှေ့ဘက် အနားသပ်မှာ ဆက်စပ်နေတဲ့ မြန်မာနိုင်ငံမှာ ရခိုင်တောင်တန်း ချင်းတောင်တန်း နှင့် နာဂတောင်တန်းတို့ကိုလည်း မြင့့်တက်စေခဲ့ပါတယ်။ (တနည်း-ဖြစ်ပေါ်စေခဲ့ပါတယ်)
    အိန္ဒိယ ကျောက်ချပ်ဟာ ဟိမဝန္တာ တောင်တန်းတွေ ရှိရာ တိဘက်ကုန်းမြင့် ဒေသကျောက်လွှာ အောက်မှာ ၁ နှစ်ကို ၄ စင်တီမီတာ နှုန်းနဲ့ လျှော နစ်ဝင်လျှက် ရှိပါတယ်။
    ထိုနည်းတူ ရခိုင်ရိုးမ၊ ချင်းတောင်တန်း နာဂ တောင်တန်းတွေဟာ လည်း ၁ နှစ်မှာ ၁ လက်မ မှ ၁ လက်မခွဲခန့်မြင့်တက်လျှက် ရှိကြပါတယ်။
    ယခုကဲ့သို့ Indian Plate နဲ့ Eurasian Plate တို့ရဲ့ ထိပ်တိုက် ဆောင့် တိုက်ခဲ့မှုကြောင့် မြန်မာ့ မြေရဲ့ အလယ် ၉၆°E အတိုင်း ကျောက်ချပ်လွှာ ကွဲအက်ခဲ့ပါတယ်။ မြောက်ဘက် တိဘက် ကုန်းမြင့်ဒေသကနေ တောင်ဘက် ကပ္ပလီပင်လယ်ပြင်ထိ အရှည် ကီလိုမီတာ ၁၅၀ဝ ရှိတဲ့ ကြီးမားတဲ့ မြေငလျင်ပေါင်း များစွာကို ဖန်တီးပေးနိုင်တဲ့ စစ်ကိုင်း ပြတ်ရွေ့ ကြီး ဖြစ်ပေါ်စေခဲ့ပါတယ်။
    စစ်ကိုင်းပြတ်ရွေ့ဟာဘေးတိုက် လျှောရွေ့ ပြတ်ရွေ့(Dextral Fault) အမျိုးအစားဖြစ်ပြီး မြန်မာ ကျောက်ချပ်လွှာကို အနောက်ဘက် က Burma Plate နှင့် အရှေ့ဘက်ခြမ်းကို Sanda Plate အဖြစ် ၂ ပိုင်း ကွဲထွက်စေခဲ့ပါတယ်။

    " Continental ၏အကျိုးဆက်တစ်ခု ဖြစ်သော မြေငလျင် ဖြစ်ပေါ်ပုံ"
    *** ထိုသို့ ကမာ္ဘ့ ကျောက်ချပ်လွှာကြီးများ ရွေ့လျှားကြရာမှ ကျောက်လွှာ ချပ်ကြီးများရဲ့ အနားသတ် ဘေးနယ်နိမိတ် များ အချင်းချင်း ယှဉ်စပ်ကာ ထိခိုက် လှုပ်ရှားမှု ကြောင့် "မြေငလျှင်ကြော ဗဟိုပြုရာ ရပ်ဝန်းများ ဖြစ်ပေါ်ပြီး -မြေငလျင် များ လှုပ်ခတ်စေတာ ပဲဖြစ်ပါတယ်။***
    " ယာယီမျှသာ ပိတ်မိနေတဲ့ ဖိအား နှင့် တွန်းအားများရဲ့ စွမ်းပကားက ကျွန်တော်တို့ စဉ်းစားနိုင်မှုထက် အလှမ်းကွာဝေးလွန်းလှပါတယ်။ ကျောက်လွှာများက ဖိအားနှင့် တွန်းအားများ ဒဏ် ခံရတဲ့အခါ တွန့့်လိပ်ကာ ကြိတ်ခံပြီး နောက်ဆုံးမှာ ခံနိုင်မှုကို ကျော်လွန်တာကြောင့် ရုတ်တရက် ကျိုးပြတ်ကာ ရွေ့လျှားကြပါတယ်။ ကျောက်လွှာများ ကျိုးပြတ်မှု အကျိုးဆက် ဖြစ်တဲ့ မြေငလျင် လှိုင်းများက ဆက်တိုက်ပင် တုံခါ မှု ကို ပို့လွှတ်ပါတယ်။" (This Changing Earth, တင်မြင့် နွားထိုးကြီး)
    ယခုဖော်ပြခဲ့တာတွေဟာ Continental Drift ကြောင့် မြေငလျင် ဖြစ်ပေါ်လာပုံပဲဖြစ်ပါတယ်။

    "မေခ မလိခ မြစ်ဆုံဒေသ ၏ ဘူမိဗေဒ တည်ဆောက်ပုံ"

    မြန်မာ့ မြေမှာ စစ်ကိုင်းပြတ်ရွေဟာ ၉၆° E အတိုင်း တောင် မြောက် တန်းလျှက် မြောက်ဘက်တွင် တိဘက် ကုန်းမြင့် မှ အစပြုလို့ တောင်ဘက်တွင် ကပ္ပလီ ပင်လယ်ပြင် အထိ ရှည်လျားပါတယ်။
    အိန္ဒိယ ကျောက်ချပ်ဟာ တိဘက်ကုန်းမြင့် အောက် ဥရောပ-အာရှ ကျောက်လွှာ အနားစွန်းမှာ ထိစပ်ပေါင်းဆုံအနားစပ် ဖြစ်ပါတယ်။၎င်း အနားစပ်နှင့် ၎င်း အနားစပ် အတိုင်း တောင်ဘက်သို့ ချိုးကွေ့လာတဲ့ စစ်ကိုင်းပြတ်ရွေ့ တလျှောက်ဟာ မြေငလျှင်များ ဖြစ်ပေါ်ရာ အဓိက မြေငလျင်ဇုံ ပဲဖြစ်ပါတယ်။
    မြန်မာပြည်ဟာ ယခုကဲ့သို့ Alpide Belt လို့ ခေါ်တဲ့ အယ်ပိုက် မြေငလျင် ရပ်ဝန်းဒေသ မှာ တည်ရှိတာပဲဖြစ်ပါတယ်။
    မေခ မလိခ ပေါင်းဆုံရာ မြစ်ဆုံဒေသဟာ စစ်ကိုင်းပြတ်ရွေ့၏မြောက်ဘက်ပိုင်း နေရာမှာ တည်ရှိတာပဲဖြစ်ပါတယ်။ ဒါ့အပြင် အဲဒီအပိုင်းမှာ အနိ္ဒယ ကျောက်ချပ်တို့ စတင် တိုက်မိချိန်ကတည်းက ဆောင့်တိုက်မိတဲ့ အရှိန်ကို အပြင်းဆုံး ခံစားခဲ့ရတဲ့ နေရာ ဖြစ်လို့ စစ်ကိုင်းပြတ်ရွေ့ဟာ အက်ကြောင်း များစွာ နဲ့ ပြတ်ရွေ့ခဲ့ရတဲ့ အနေအထားဖြစ်ပါတယ်။
    မေခ မလိခ မြစ်တို့ ကိုယ်တိုင်ကပင် ပြတ်ရွေ့ကြောင်းတွေအနေအထားရ စီးဆင်း ဖြစ်ပေါ်ခဲ့တဲ့ မြစ်ချောင်း များပဲဖြစ်ပါတယ်။ ဧရာဝတီ မြစ်ဟာလည်း စစ်ကိုင်းပြတ်ရွေ့အတိုင်း အတည့် တဖန် ဘေးချင်းယှဉ်လျှက် တဖန် စီးဆင်း ဖြစ်ပေါ်လာတာကို တွေ့ရပါမယ်။

    "စိုးရိမ်ဘွယ်ရာ အနာဂတ် အလားအလာ"
    ပထဝီအနေအထားအရ ယခုလောက် စိုးရိမ်ဘွယ်ရာ မြေတည်ငြိမ်မှု မရှိတဲ့နေရာမှာ ဆည်တမံများ တည်ဆောက်မည်ဆို လျှင် အင်မတန် မိုက်မဲမှု ပဲဖြစ်ပါတယ်။
    အိန္ဒယ ကျောက်ချပ်ဟာ ၁ နှစ်မှာ ၄ စင်တီမီတာ နှန်းနဲ့ မြောက်ဘက်အတိုင်း ရွေ့လျှားနေသလို စစ်ကိုင်းပြတ်ရွေ့ရဲ့ အနောက်ဘက် ခြမ်း Burma Plate ဟာလည်း ၁ နှစ်မှာ ၁.၈ စင်တီမီတာ နှန်းနဲ့ မြောက်ဘက်သို့ ဘေးတိုက် ရွေ့လျှက် ရှိပါတယ်။ ဒီလို ရွေ့လျှားမှုကြောင့် ဖြစ်ပေါ် လာတဲ့ ဖိအား နဲ့ တွန်းအားများဟာ ကျွန်တော်တိုဲ့ စဉ်းစားနိုင်မှုထက် အလှမ်းကွာဝေးလွန်းလှ ပါတယ်ဆိုတာ ပညာရှင်များက ပြောပြခဲ့ပြီး ဖြစ်ပါတယ်။

    "ကုန်းတွင်းပိုင်း Tsunami"
    ပင်လယ် သမုဒ္ဒရာ များရဲ့ အသူတစ်ရာ ချောက်ကြီးတွေဟာ ကျောက်ချပ်ကြီးများရဲ့ ကွဲကွာအနားစပ် များဖြစ်ကြပါတယ်။ ထိုနေရာများမှာ ငလျှင်
    လှုပ်ခတ်ခဲ့တဲ့အခါ ပင်လယ်ပြင်မှာ အလွန် အင်မတန် ကြီးမားတဲ့ လှိုင်းလုံးကြီးများ ရိုက်ခတ်တာကို ဆူနာမီ လှိုင်းလို့ ခေါ်ပါတယ်။
    ထိုကဲ့သို့သော ဆူနာမီလှိုင်းလုံးများအား ပင်လယ်မှ ဆူနာမီရဲ့ အရှိန်ကြောင့်သော် လည်းကောင်း၊ ကုန်းတွင်းပိုင်းမှာ ဗဟိုပြု ပြီး မြေငလျှင်လှုပ်ခတ်မှု ကြောင့် လည်းကောင်း—
    မြစ်ချောင်း အင်းအိုင် နှင့် ဆည်တမံကြီးတွေမှာ လည်း ဆူနာမီလှိုင်းများ ဖြစ်ပေါ် လေ့ ရှိပါတယ်။

    " ခြုံငုံ သုံးသပ်ချက်"
    မြစ်ဆုံဒေသဟာ စစ်ကိုင်း ပြတ်ရွေ့ရဲ့ အကြီးမားဆုံး ပြတ်ရွေ့နေရာ တစ်ခုဖြစ်ပါတယ်။ ပြတ်ရွေ့ကြောင်း များစွာ တည်ရှိတဲ့အပြင် ၎င်းနေရာကိုယ်တိုင်ပင် မြေငလျှင် ဖြစ်ပေါ်တတ်တဲ့ ဇုံဖြစ်သလို အိန္ဒိယ- တိဘက် – တရုတ် မြေငလျင်ဖြစ်ပေါ်ရာဇုံနဲ့ တစ်ဆက်တစ်စပ်တည်း တည်ရှိနေပါသည်။
    ထိုနေရာတွင် ဆည်တမံများတည်ဆောက်ခဲ့ပါက မြေငလျှင်လှုပ်ခတ်လျှင် ဆည်တမံများ ကျိုးကြစေပြီး ရေလွှမ်းမိုးမှု ကြီးမားမှာ ဖြစ်သည့် အပြင် —
    ပင်လယ် သမုဒ္ဒရာ တွေမှာ ဖြစ်တတ်တဲ့ ဆူနာမီ ရေ လှိုင်းတွေထက် ကြီးမားပြီး ပြင်ထန်တဲ့ ကုန်းတွင်းပိုင်း ဆူနာမီ ရေလှိုင်းများဟာ ကျွန်တော်တို့ မြန်မာနိုင်ငံသား အားလုံးကို အတူတကွခေါ်ဆောင်လျှက် ကပ္ပလီပင်လယ်ပြင်အောက်မှာ စုပုံနေထိုင်စေမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ပါသည်ခင်ဗျာ။

    Credit to
    -ဆရာ ဦးတင်မြင့် (နွားထိုးကြီး)
    – Dr Win Swe (Who researched the Saging Fault)

    ပို၍ နားလည်စေရန် ကျွန်တော်ရေးသားခဲ့သော ဘူမိဗေဒ ဆိုင်ရာ ပိုစ့်များကို ပြန်လည်ဖတ်ရှု ရန် လမ်းညွှန် လိုက်ပါသည်။

    မြန်မာနိုင်ငံသားအားလုံး ရွှင်လန်း ချမ်းမြေ့ကြပါစေ

    သန်းဇော် (နတ်မောက်)

    References
    1- "ရွေ့လျားပြောင်းလဲနေတဲ့ ကျွန်တော်တို့ ကမာ္ဘ ၊ This Changing Earth."တင်မြင့်(နွားထိုးကြီး)
    2~ Tectonic Map of Myanmar
    2012, Soe Thura Tun &
    Maung Thein
    3~Tectonic geomorphology
    of Southernmost Sagaing
    Fault and Surface Rupture
    associated with May 1930
    Pegu (Bago) Earthquate,Myanmar (Tsutsumi,H,& Sato, T-2009

    4~Natural hazard potentials
    in the Myanmar.(Win Swe &San Hla Thaw 2011)

    5~Earthquake Hazard along
    the Sagaing Fault. (tintlwinswe.blogspot.com)

    6~ အထက်ပါ website များနှင့် ဆက်စပ် Link များမှ ကူးယူဖော်ပြပါသည်။

    • kai

      April 8, 2017 at 3:16 am

      ကွိ..ကွိ… ♩♪ ♫ ♬ ♭ ♯ ကွ..ကွ…
      ဟုတ်ပ….။
      ကားတွေမောင်းရင်.. မီးခိုးတွေကြောင့်ကင်ဆာဖြစ်တယ်..။ လေယဉ်တွေပျံရင်.. တခါပျံ..ကာဗွန်တန်ချိန်ချီ လေထုထဲကိုပို့တယ်..။
      လူတွေထမင်းစားရင်.. အီအီးပါတယ်..။ အီအီးမှာပါတဲ့.. မီသိန်းဓတ်… နိုက်ထရိုဂျင်ဓာတ်တွေက လေထုညစ်ညမ်းစေတယ်..။
      ကွိ. ♩♪ ♫ ♬ ♭ ♯.ကွိ.. ကွ.. ကွ..
      တနှစ်တနှစ် မီလီယံရာချီတိုးလာတဲ့လူဦးရေကြောင့်.. ကမ္ဘာက.. ရီဆို့စ်.. အရင်းအမြစ်တွေကုန်ခန်းလာတယ်..။
      နောင်နှစ်၅၀ဝ ဆိုအကုန်လိုလိုကုန်ပြီး.. လူတွေသောက်ဖို့ရေမရှိ..။ စားဖို့.. ရိက္ခာပြတ်လိမ့်မယ်..။
      ကွိ..ကွိ.. ကွ.. ကွ.. ♩♪ ♫ ♬ ♭ ♯
      မြို့ကြီးတမြို့တည်ရင်.. ကွန်ထရစ်တိုက်တွေဆောက်တော့… အင်္ဂတေအလေးချိန်.. တန်ချိန်သန်းချီပြီးး.. မြေကြီးပေါ်တင်တော့.. ငလျှင်လှုပ်တယ်..။ ရန်ကုန်မြေဆို.. မြေပျော့( မြေနု)မို့.. တနှစ်ကို ၂လက်မနှုန်းလောက်နဲ့.. တောင်ဖက်ကို အိကျနေသမို့.. နောင်အနှစ် ၁၀ဝဆို.. ရန်ကုန်မြို့ကြီး ပင်လယ်ထဲကျွံကျပျော်သွားလိမ့်မယ်..။
      ကွိ..ကွိ.. ♩♪ ♫ ♬ ♭ ♯ ကွ.. ကွ…

      ဖယောင်းတိုင်ထွန်းပြီး.. ရေခွက်ထဲရေဖြည့်.. မျက်နှာအပ်… ဆူဆိုက်လုပ်သေလိုက်ကြ..။ :k:

      မြန်မာနိုင်ငံသားအားလုံး အမှောင်ထဲကျင့်သားရနေနိုင်ကြပါစေ
      သိကြားမင်းအဖေ(ကိုလိုရာဒိုမြစ်ပိတ်ဆည်ကတဆင့်ရတဲ့ လျှပ်စစ်မီးထိန်ထိန်မြေ..။ သာဝတိ ံသာ ချောင်)

  • Kyaemon

    April 10, 2017 at 1:48 am

    “မြစ်ဆုံမှာဆည်ကြီးဆောက်လိုက်ပြီးရေတွေ
    လှောင်မဲ့ဧရိယာဟာ
    အကြမ်းမြင်သာအောင်ပြောရရင်
    စင်္ကာပူနိုင်ငံဧရိယာထက်ကြယ်ပါတယ်။”

    မြစ်ဆုံ ဆောင်းပါး # ၄ မှာကြည့်ပါ၊

    မဟုတ်ပါ

    http://myanmargazette.net/223760

    Myitsone

    (၆၂)% လောက် ဘဲ၊

    Myitsone Dam – Wikipedia, the free encyclopedia
    Surface area
    447 km2 (173 sq mi)

    Singapore

    https://en.wikipedia.org/wiki/Singapore
    Area
    • Total
    719.1 km2[9] (190th)
    278 sq mi

    အလှန့်တကြားဖြစ်အောင် ချဲ့ကားပြီးရေးတာပါ

    နောက်ပြီး

    စစ်ကိုင်းငလျင်ကြောပေါ်လဲမဟုတ်ပါ၊အနီးအနားမှာလဲမဟုတ်ပါ၊
    မိုင် ၆၂ မိုင် ၈၄ ကွာ သည့်အပြင်၊တောင်တန်းကြီးကာဆီးထားလို့
    မထိတွေ့ပါ၊ (၎င်းဆောင်းပါးပုံတွေကိုကြည့်ပါ)

    ———-

    http://myanmargazette.net/223705 (# 2)

    https://i1.wp.com/myanmargazette.net/wp-content/uploads/2016/05/MGsjun1931.jpg

    http://myanmargazette.net/229521 (# 40)


    ရည်ညွန်းထားတဲ့စာအုပ်များအပြင်အခြားစာအုပ်တွေကိုလေ့လာခဲ့ဘူးပါတယ်၊
    ဒီစာအုပ်တွေကအများအားဖြင့်အောက်ပိုင်းနဲ့အလယ်ပိုင်းမြန်မာဒေသ၊ဘင်္ဂလာအော်
    ရခိုင်ဒေသက ငလျင်တွေ ဥပမာ သဗိက်ကျင်း ပဲခူး အိန္ဒိယနယ်စပ် ကိုဆွေးနွေးတယ်၊
    မြစ်ကြီးနားမြစ်ဆုံ တဝှိုက်ကငလျင်ကြီးမရှိလို့သိပ်မဆွေးနွေးပါ,

    http://www.sagaingfault.info….Locations of the last ten years of earthquakes greater than magnitude 4
    for the region are shown …


    ၁၁ရ နှစ်အတွင်းမှာ မြစ်ကြီးနားနဲ့မြစ်ဆုံတဝှိုက် ငလျင်ကြီးမရှိကြောင်းအမေရိကန်ငလျင်ဌာနမှလေ့လာသိရှိရတယ်၊

    စိုးသူရထွန်းရဲ့စာအုပ်ကပုံကလဲ ရစ်တာ ၄ ကစလို့ အင်အားပျော့တွေပါနေလို့များပုံရတာပါ၊
    ၎င်းရစ်တာ၄ ဝန်းကျင်က လ္ဘက်ရည်ခွက်ထဲကလှိုင်းဂယက်လေးပါ၊ /strong>


    ရေဖိအားကိုပြောမယ်ဆိုရင်
    အမေရိကန်ရေကာတာ ၇၅၀၀ဝ – ၈၀၀၀ဝ ဆို တနိုင်ငံလုံ:တနိုင်ငံလုံ:က ပိုကျမှာပေါ့၊
    မပြိုပါ ခုထိ။
    သမုဒ္ဒရာကြီးကနေ့စဉ်ဆူနာမီ ဖြစ်မှာပေါ့၊မဖြစ်ပါ၊
    အင်္ဂျင်နီယာတွေကိုမေးပါ၊အလှန့်တကြားဖြစ်အောင်လူတွေကလုပ်နေတာပါ၊

    ————

    ဒီလိုမျိုးစိုးရိမ်မှုတွေကိုယခင်ဆောင်းပါးတွေမှာလဲရှင်းလင်းချေပပြီးပါပြီ ကိုနှိပ်ပြီးဝင်ဖတ်ပါ

    ICOLD ဆိုတဲ့ရေကာတာအကြီးစားများအသင်းရဲ့ထုတ်ပြန်ချက်တွေပါ

    http://myanmargazette.net/223863

     ရကာတာဆည် မှ သိုလှောင်ရေ ကြာင့်
     ငလျင်ကျောအား၊
    ငလျင် ဖစ်လာအောင်ဖန်နိုင် တယ်

    ဆိုတဲ့ အထင် ကို တသီးတခြား

    “မှု” န စဉ်းစားနေဘို့ မ လို
     
    ဒီကထုတ်ပြန်ချက် (အမှတ် ၁၂၀)ရဲ့ စံချိန်စံညွှန်း ပကြိုးအတိုင်းအတာ
    ကိုသာလိုက်နာရင် လုံလောက်တယ် (လုံခြုံကာမိတယ်)

     —–
    Finally, reservoir-triggered seismicity is not a separate hazard creating safety concerns of a dam when it occurs, provided that the seismic design criteria discussed in this paper are followed.
    In the case of large dams return periods of 10,000 years or more have to be considered similar to the flood hazard.

    http://myanmargazette.net/223863

     ငလျင်ကြောင့် ရအများအစား သိုလှောင်ထားတဲ့ ဆည်ကြီး ရကာတာ ကြီးတွေ ပျက်ကျ  ပိုကျပြီးတော့
    လူအသက်ဆုံးရှုံးရတာ ခုထိမရှိပါ၊

    UNTIL now no people have died from the failure or damage of a large water storage dam due to earthquake. Earthquakes have always been a significant aspect of the design and safety of dams….

     တရုပ်ပြည်” ဝိန်ချွန်” ငလျင်ဖြစ်တုန်းက “လုံမန်ချန်” မငလျင်ကျော အနားမှာရှိတဲ့
    “ဇီပင်ပု” ဆည်ကြီး ကိုသွားရောက်ပြီးလေ့လာရာ   သိုလှောင် ရ
    ကြောင့် ဘဲ ငလျင်ဖြစ်လာတယ်ဆိုတာဟုတ်မဟုတ်စီစစ်တော့
    ဒီလို ဖစ်လာတယ်လို့တပ်အပ်မပြောနိုင်၊
    ခိုင်လုံတဲ့အထောက်အထားမတွေ့ခဲ့ပါ၊
     
    (၊ချီလီငလျင်ကြီးဖြစ်ပြီးနောက် ဒီလိုဘဲသွားလေ့လာတယ်၊
    ဒီလိုဘဲအဖြေထွက်)

     (ပညာပါပါ)ဒီဇိုင်း ကာင်းကောင်းပုံစွဲခဲ့ရင် ငလျင်ဒဏ်ကိုတွန်းလှန်
    ခုခံနိုင်တဲ့  ကိုယ်ခံအတွင်းအင်အားကို  တပ်ဆင်ပြီးသားဖြစ်မယ်

    (ထူးဆန်းတာက ထင်သလိုမဟုတ်ဘဲ)

     ရကာတာဆည် မှ သိုလှောင်ရေ ကြာင့်
     ငလျင်ကျောအား၊
    ငလျင် ဖစ်လာအောင်ဖန်နိုင် တယ်

    ဆိုတဲ့ အထင် ကို တသီးတခြား

    “မှု” န စဉ်းစားနေဘို့ မ လို
     
    ဒီကထုတ်ပြန်ချက် (အမှတ် ၁၂၀)ရဲ့ စံချိန်စံညွှန်း ပကြိုးအတိုင်းအတာ
    ကိုသာလိုက်နာရင် လုံလောက်တယ် (လုံခြုံကာမိတယ်)
     —–
    Finally, reservoir-triggered seismicity is not a separate hazard creating safety concerns of a dam when it occurs, provided that the seismic design criteria discussed in this paper are followed.
    In the case of large dams return periods of 10,000 years or more have to be considered similar to the flood hazard.

    ရေကာတာ ဆည်  အသေးစား ခပ်များများ က ငလျင်ကြီးတွေရဲ့ဒဏ်ရာ
    ဒဏ်ချက် တွ ကိုခံလိုက်ရ သာ်လည်း

    ရေကာတာ ဆည်ကြီးတွေ တလုံးတလေတောင် မ ပက်ကျ မ ပို ခဲ့

    ( ထိပ်သီးသုတေရှင်တွေရဲ့လေ့လာတွေ့ရှိချက်နော်၊
    အငယ်စား ရကာတာတွေလိုက်လုပ်ချင်သူတွေအတွက်စဉ်းစားဘို့
    အချက်၊ ကျားကြောက်လို့ရှင်ကြီးကိုး လို သတိပြုရန်
    ငွေကုန်လက်ပန်း မဖြစ်ဘို့ပါ)

    Storage dams that have been designed properly to resist static loads prove to also have signi!cant inherent resistance to earthquake action. Many small storage dams have suffered damage during strong earth- quakes. However, no large dams have failed due to earthquake shaking.

    …..The issue of RTS (Reservoir Triggered Seismicity) is always discussed in connection with large dams. RTS was also considered in connection witreservoir-triggered seismicity h the Wenchuan earthquake as the Zipingpu reservoir is located close to the ruptured segment of the Longmenshan fault. However, there is no conclusive evidence that the earthquake was triggered by the !lling and the operation of the reservoir……

  • ဦးကြောင်ကြီး

    April 10, 2017 at 10:30 am

    မြစ်ဆုံစီမာန်ကီန်း တလုပ်ကြီး လာဘ်လေ ျှာ့ပါတော့မယ်။ ကြေးမုံဂ ျီး မေ ျှာ်နေတဲ့ ကော်မရှင် ရတော့ပါဘူးကွယ်။ ပေ ျာ်လာဘ်ထှာ။။။

  • Kyaemon

    April 25, 2017 at 2:08 am

    အလွယ်တကူဖတ်နိုင်ရန် မာတိကာ
    ၁။ http://myanmargazette.net/223677
    ၂။ http://myanmargazette.net/223705
    ၃။ http://myanmargazette.net/223743
    ၄။ http://myanmargazette.net/223760
    ၅။ http://myanmargazette.net/223863
    ၆။ http://myanmargazette.net/224008
    ၇။ http://myanmargazette.net/224177
    ၈။ http://myanmargazette.net/224183
    ၉။ http://myanmargazette.net/224185
    ၁၀။ http://myanmargazette.net/224996
    ၁၁။ http://myanmargazette.net/225513
    ၁၂။ http://myanmargazette.net/225765
    ၁၃။ http://myanmargazette.net/225989
    ၁၄။ http://myanmargazette.net/226022
    ၁၅။ http://myanmargazette.net/226454
    ၁၆။ http://myanmargazette.net/226660
    ၁၇။ http://myanmargazette.net/226661
    ၁၈။ http://myanmargazette.net/226855
    ၁၉။ http://myanmargazette.net/226662
    ၂၀။ http://myanmargazette.net/227021
    ၂၁။ http://myanmargazette.net/227041
    ၂၂။ http://myanmargazette.net/227112
    ၂၃။ http://myanmargazette.net/227133
    ၂၄။ http://myanmargazette.net/227146
    ၂၅။ http://myanmargazette.net/227175
    ၂၆။ http://myanmargazette.net/227177
    ၂၇။ http://myanmargazette.net/227182
    ၂၈။ http://myanmargazette.net/227188
    ၂၉။ http://myanmargazette.net/227191
    ၃၀။ http://myanmargazette.net/227589
    ၃၁။ http://myanmargazette.net/228664
    ၃၂။ http://myanmargazette.net/228671
    ၃၃။ http://myanmargazette.net/228786
    ၃၄။ http://myanmargazette.net/228788
    ၃၅။ http://myanmargazette.net/228789
    ၃၆။ http://myanmargazette.net/229051
    ၃၇။ http://myanmargazette.net/229089
    ၃၈။ http://myanmargazette.net/229090
    ၃၉။ http://myanmargazette.net/229489
    ၄၀။ http://myanmargazette.net/229521
    ၄၁။ http://myanmargazette.net/229846
    ၄၂။ http://myanmargazette.net/229526

    ===========
    https://www.facebook.com/Myitsone-1732580123697758/?hc_ref=PAGES_TIMELINE&fref=nf
    ဝင်ပြီး ရကာတာပုံအောက်မှာ “ကြိုက်” ကိုနှိပ်ပေးပါရန်

    သက်ဆိုင်ရာလူကြီးတွေကိုပြဘို့အရေးကြီးလို့ပါ

    ကျးဇူး

  • Kyaemon

    June 4, 2017 at 8:33 am

    ၄၃။ http://myanmargazette.net/229872
    ၄၄။ http://myanmargazette.net/230200
    ၄၅။ http://myanmargazette.net/230219
    ၄၆။ http://myanmargazette.net/230304      
    ===========
    https://www.facebook.com/Myitsone-1732580123697758/?ref=aymt_homepage_panel  
     

    ကိုဝင်ပြီး၊ရေကာတာပုံကိုရှာပါ၊၎င်းပုံအောက်နားက”kကြိုက်” “Likes” ကိုနှိပ်ပေးပါ၊ကျေးဇူးပါ၊
    222K726560224K ကိုကို ခိုင်ထူး, Ko Ko and 224K others
     
    သက်ဆိုင်ရာလူကြီးတွေကိုပြဘို့အရေးကြီးလို့ပါ

Leave a Reply